ဧဒင်အချစ်ပုံပြင်: နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင် တစ္ဆေခြောက်ခံရခြင်း

Tuesday 29 January 2013

နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင် တစ္ဆေခြောက်ခံရခြင်း

 ဓာတ်ပုံ- ကျော်ဇင်သန်း
“သင်္ချိုင်းစောင့်စံအိမ်”၊ “သုသာန်စောင့်မဖဲဝါ”၊ “သရဲမလင်”၊တစ်နပ်စားခင်မှုန်”၊ “ခြတောင်ပို့ဖြို၍ ကြမ္မာ
ဆိုးနှင့်သေကြသူများ”၊ “၀က်မိစာ”၊ “အမေကို ပစ်မှားတဲ့ဘီလူးဝင်စားသား”၊ “မကျွတ်မလွတ်ကျော်မမ”၊ “လက်ပြတ်ဝင်စား မလှရီ” မြန်မာ ဗီဒီယိုဈေးကွက် ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းရှိ ဗီဒီယိုလုပ်ငန်းများတွင် ကြော်ငြာထားသော ဇာတ်ကားဆိုင်းဘုတ်အမည်များဖြစ်၏။“သရဲကားတွေ
ချည်းပဲနော်” “အေး သရဲခေတ်ရောက်နေပြီလေ” ရန်ကုန်မြို့လယ် ၃၆ လမ်း တွင်းသို့ ဖြတ်လျှောက်လာ
သည့် သားအမိ နှစ်ဦးထံမှ ထွက်ပေါ်လာသော စကားသံဖြစ်သည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်က တရားမ၀င်ပျံ့နှံ့ခဲ့သော “မိုင်တိုင် ၇၆” ဇာတ်ကားမှ အစပြု၍ သရဲတစ္ဆေဇာတ်
ကားများ တစ်ခေတ် ပြန်ထလာခဲ့သည်။ ယင်းမှာ သရဲကားများကို ဈေးကွက်က တောင်းဆိုလာချိန်နှင့်အချိန်ကိုက်ပင် ၂၀၁၁ ဒီဇင်ဘာလမှစ၍ ဆင်ဆာစည်းကမ်းချက်အချို့ကို ဖြေလျှော့လိုက်ရာ သရဲတစ္ဆေဇာတ်ကား
များ တလဟောထွက်ရှိလာသည်။

ဆင်ဆာဖြေလျှော့မှုအလွန်တွင် သရဲကားများနည်းတူ ဖြစ်ရပ်မှန်ဇာတ်လမ်းများ၊ ချစ်ခန်း၊ ကြိုက်ခန်းများ ပို

မိုအတင့်ရဲလာကာ ယခင်မတွေ့ရသော ဇာတ်ဝင်ခန်းများပါရှိသော ဇာတ်လမ်းများ ခပ်စိပ်စိပ်ထွက်လာ
သည်။

သရဲကားများကိုထုတ်လုပ်ရေးတိုက်များကစရိတ်နည်းနည်းဖြင့်ကန်ထရိုက်ပေးကာသုံးရက်နှင့်တစ်ကားအပြီး

ရိုက်ကူးလာသည်။ ယင်းဇာတ်ကားများကို နယ်မြို့များက တစ်ခဲနက်အားပေးလာရာ ရန်ကုန်မြို့ ပေါ်တွင်
မကြားဖူးသော မင်းသားမင်းသမီးများမှာ နယ်မြို့များတွင် အောင်မြင်နေကြသည်။

“နယ်မှာ အခုအပေါက်ဆုံးမင်းသားကတော့ဂျိမ်းစ်ပဲ။ သူထူးစံနဲ့ ဆင်တယ်လေ” ဟု ၃၅ လမ်းရှိ နယ်ကြိုက်

ကားများ ထုတ်လုပ် သည့် Golden Spider ထုတ်လုပ်ရေးမှ ဦးတင်ကိုကပြောသည်။ ထိုသရဲကားများကြောင့်
 မြန်မာ ဗီဒီယိုဇာတ်ကားများကိုပရိသတ်များက ဝေဖန်လာသူများလည်းရှိ သည်။ “သရဲကားတွေကကြောက်
ဖို့လည်း မကောင်းဘူး။ ရယ်စရာကြီးတွေ” ဟု အသက် ၂၃ နှစ်အရွယ်အမျိုးသမီးပရိသတ်တစ်ဦးက ပြော
သည်။

သို့သော် ဗီဒီယိုဈေးကွက်အခေါ်အောက်ကားဟု သတ်မှတ်ထားသောယင်းဇာတ်ကားများက ဗီဒီယိုထုတ်လုပ်

ရေးမှ အောက်ခြေလူတန်းစားများ နေ့စဉ်ထမင်းစားနိုင်ရန် ဖန်တီးပေးနေပြန်သည်။

ထိုဇာတ်ကားများတွင် အပေါ်ကားများကဲ့သို့မင်းသား၊ မင်းသမီးကြေးနင့်နေအောင်ပေးရန်မလို၊ ဇာတ်ညွှန်း

ကို စာရေးဆရာများထံမှ သိန်းချီပေး ၀ယ်စရာမလို၊ ကွန်ပျူတာအထူးပြုလုပ်ချက်အတွက် ပညာရှင်ကို ဈေး
ကြီးပေးငှားရန်မလို၊ ရှုတင်တစ်မနက်ခင်းလေးအတွင်း နံနက်၁၁ နာရီမကျော်ခင်မှာပင် အခန်းစဉ် ၈ ခန်း
လောက်ရိုက်နိုင်သည်။ ဗီဒီယိုတစ်ကားလုံးစာ ကုန်ကျစရိတ်သိန်း ၂၅၀ ခန့်ရှိနေချိန်တွင် အောက်ကားထုတ်
လုပ်ရေးတိုက်များက တစ်ကားလုံးစာ ၁၅ သိန်းနှင့်ရိုက်နိုင်သည်။

ကန်ထရိုက်ယူရိုက်ကူးမည့် ဒါရိုက်တာကရိုက်လိုသည့်ဝါသနာရှင်သရုပ်ဆောင်သစ်ကလေးများ၏ စိုက်ထုတ်

ပူးပေါင်းမှုဖြင့်စရိတ်ကို တတ်နိုင်သမျှ ချုံ့ရိုက်သည်။ အလွန်ဆုံးငါးရက်ခန့်အကြာတွင် ထုတ်လုပ်ရေးတိုက်ဆီ တည်းဖြတ်ပြီး ခွေအချောကိုအပြီးအပ်သည်။

“ရိုက်တဲ့သူတွေမှာ စုမိဆောင်းမိတော့မရှိဘူး။ ဒါပေမယ့်ထမင်းတော့မငတ်ဘူးပေါ့” ဟု ရှုတင်မန်နေဂျာ ကို

ဆာမိကရှင်း ပြသည်။

စူပါမင်းသားများ၏ မူပိုင်ကြေး ကျပ်သိန်းငါးဆယ်၊ ခြောက်ဆယ်ပေါက်နေချိန်တွင် အောက်ကားများက ငါး

သိန်းခန့်ရသည်။ထုတ်လုပ်ရေးတိုက်လေးများမှာ ငွေရင်းစိုက်ထုတ်မှု နည်းပါး၍ ချက်ချင်းငွေပေါ်သည့် ဇာတ်
ကလေးများ ရှာရိုက်ရင်းဖြင့် အောက်ကားဈေးကွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ဆယ်သိန်းလောက်ရင်း
ရင် နှစ်သောင်းလောက်တော့ ကျိန်းသေပြန်မြတ်တယ်။အမြတ်မများပေမယ့် အောက်ကားတွေကြောင့် အဖွဲ့
သားတွေ ထမင်းပုံမှန်စားနေရတယ်” ဟု ရှုတင်မန်နေဂျာ ကိုဆာမိကပြောသည်။

အောက်ကားများအတွက် ဇာတ်လမ်းမှာလည်း မရှားလှ။ သတင်းဂျာနယ်များပါ ထူးထူးခြားခြားသဘာဝလွန်

ဖြစ်ရပ်များ၊ နယ်အနှံ့က ထူးခြားဆန်းကြယ်ဖြစ်ရပ်များကို သတင်းတစ်စလောက် ရရုံဖြင့် တစ်ဇာတ်လုံးစာ ဖန်တီးနိုင်သည်။

“ယင်ကောင်ဝင်စားကားတောင်ရှိတယ်” ဟု သရဲခန်းမှာ အများဆုံးသရုပ်ဆောင်ရသော ကိုချက်ကြီးကပြော

သည်။

အဖွဲ့သားတစ်ယောက်၏ တစ်ကားလုံးစာ ၀င်ငွေမှာ သောင်းဂဏန်းသာပေးရသည်။ “သရဲလုပ်ရတာ နေ့ခင်း

ဘက်ဆို သိပ်မကြောက်ဘူး။ ညဘက်ဆို ကြောက်ကြောက်နဲ့လုပ်ရတာ” ဟု သရဲကို အရမ်းကြောက်သော်
လည်း ၀မ်းရေးအရ သရဲဇာတ်ရုပ်လုပ်ရသည့် ဇာတ်ရံ ကိုဖိုးသဲကပြောသည်။

“သရဲဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုယ် ကြည့်ပြီးရယ်ချင်တယ်”ဟုဆိုသူက ဇာတ်ရံကိုချက်ကြီး ဖြစ်သည်။သရဲတစ္ဆေ

လူဝင်စား ဇာတ်ကားများကြောင့် ဗီဒီယိုဈေးကွက်တွင် ပိုနိမ့်ကျနိုင်သည်ဆိုသော ဝေဖန်မှုနှင့်ပတ်သက်၍ သရုပ်ဆောင် အာကာမြင့်အောင်က ယခုကဲ့သို့ ပြောသည်။အောက်ကားကြောင့် မဟုတ်ပါဘူး။ဇာတ်ကား
တစ် ကားကိုကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံကိုမကြည့်ဘဲ အနုပညာမြောက်အောင် လုပ်ရင်ကောင်းမှာပဲ”

စူပါမင်းသားများပင် ဈေးကွက်အ၀ယ် နှေးနေချိန်တွင် အောက်ကားများကြောင့် ဈေးကွက်ပျက်သည်ဟု အပြစ်မတင်သင့် ကြောင်း၊ တစ်ပတ်လျှင် ကားနှစ်ဆယ်ခန့် ထွက်နေရာ ၀ယ်လိုအားနှင့်ရောင်းလိုအား မမျှ

တမှုကြောင့်သာ ဈေးကွက်ကျရခြင်းဖြစ်ကြောင်း ဦးတင်ကိုကပြောသည်။ကားထုတ်အရမ်းများတော့ ဈေး
လျှော့ရောင်းရရော။ အဲဒီမှာဈေးကွက်ပျက်တာ” ဟု ၄င်းကပြောသည်။ သရဲကားနည်းတူ ပွင့်လင်းလွန်လာ
သော ဇာတ်ဝင်ကားအချို့ကို ဝေဖန်သူများလည်းရှိသည်။

မကြာမီက ထွက်ရှိထားသည့် အမျိုးသမီး အဆိုတော်နှစ်ဦး၏ အမ်တီဗီမှာ ဆင်ဆာခေတ်လွန် တင်ပြပုံ စူးရဲ

လွန်း၍ လူငယ်ပိုင်း ပရိသတ်များကြား ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မိန်းကလေးချင်း အချစ်တော်ထား
သည့်ပုံစံ၊ မိန်းကလေးများ ဆေးလိပ်သောက်၊ နိုက်ကလပ်တက်သည့် ပြကွက်များ ပါဝင်သော အမျိုးသမီး
အဆိုတော်၏ ဂီတဗီဒီယိုမှာ အွန်လိုင်းပေါ်ထိ ဂယက်ထခဲ့သည်။ “မိန်းကလေးချင်းချင်း ကြိုက်နေတဲ့ပုံစံ ရိုက်
ထားတာ ရွံဖို့ကောင်းတယ်” ဟု အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသူ မမြတ်သီရိမိုးက ပြောသည်။

“ဒီလိုသီချင်းခွေတွေဆိုတာ ကလေးတွေကအစ ကြည့်တာလေ။ သူတို့အဲဒီလိုတွေ ရိုက်တော့ အတုယူမှား

မှာပေါ့” ဟု အဝေးသင်ကျောင်းသားတစ်ဦးက ပြောသည်။ ဝေဖန်မှုများရှိသလို ထောက်ခံကြိုဆိုကြသည့်
 ယောကျာ်းလေးပရိသတ်အချို့ကမူ “နိုင်ငံခြား အမ်တီဗီတွေက ဒီထက် ဆယ်ဆလောက်တောင် ဆိုးတာ။ ဒါလောက်တော့ လက်ခံနိုင်တယ်” ဟု အသက် ၁၈ နှစ်အရွယ် အင်္ဂလိပ်စာမေဂျာမှ ကျောင်းသားတစ်ဦးက
ပြောသည်။

သရဲတစ္ဆေခေတ်မထခင်က ဖိုက်တင်နှင့်အက်ရှင် တော်လှန်ရေးစသည့် ဇာတ်ကြမ်းကားများကို တစိုက်မတ်

မတ်အားပေးလာသော ပရိသတ်မှာ ယခုအချိန်တွင် သရဲမှသရဲ၊ ဖြစ်ရပ်မှန်သာ ဖြစ်ပါစေ၊ ကြောက်စရာ
ကောင်းအောင်သာ ရိုက်ပြနိုင်ပါက နယ်မြို့များတွင်သာမက ရန်ကုန်ရှိ အချို့မြို့နယ်များတွင်ပါ ခွေဆိုင်တက်
မဆိုးလှ ဟုခွေဆိုင်များက ပြောသည်။

“အခုအောက်ကားတွေပါ ၀ယ်နေရတယ်။သရဲကားတွေကအငှားရဆုံးပဲ”ဟုအင်းစိန်မြို့နယ်ရှိ ချယ်ရီအခွေ

ငှားဆိုင်ရှင်ကပြောသည်။ သရဲရေစီးကြောင်းထဲသို့ နယ်ကြိုက်သရုပ်ဆောင်များသာမက နာမည်ရသရုပ်
ဆောင်ကြီးများပါ ၀င်တိုးလာကြရာ စူပါမင်းသားတို့ ရိုက်သောကားများကို တောရောမြို့ပါမကျန် တစ်ခဲနက်
အားပေးလာကြသည်။

“တစ်ပတ်ကို သရဲကားက ခုနစ်ကားလောက် ထွက်တယ်။ မင်းမော်ကွန်းတို့၊ ကျော်ရဲအောင်တို့ ရိုက်တဲ့ကား

တွဆိုပိုတောင် ငှားရတယ်။ ကလေးတွေ ပိုကြိုက်ကြတယ်” ဟု အင်းစိန်ရွာမမှ MP ခွေဆိုင်ရှင် ကိုစိုးမင်း
က ပြောသည်။

သရဲကားများ ရိုးအီလာချိန်တွင် ဖြစ်ရပ်မှန်လူဝင်စားများ၊ တိရစ္ဆာန်ဝင်စားဇာတ်များ ပြောင်းရိုလာကြသည်

။ယင်းဇာတ် များအပ်ကြောင်းထပ်လာချိန်တွင်ဇာတ်လမ်းရေစီးကြောင်းက ပြောင်းလဲစပြုနေပြီဟု အောက်
ကားထုတ်လုပ်သူများက ပြောလာကြသည်။

“အခု သရဲမရိုက်သလောက် ပြန်ဖြစ်လာပြီ။ ဖိုက်တင်ဘက်ကိုပြောင်းချင်နေပြီ” ဟု နယ်ကြိုက်ကားများ ရိုက်

ကူးသည့် ဒါရိုက်တာဝေလင်းကပြောသည်။

လက်ရှိတွင် ၃၅ လမ်းဈေးကွက်၌ မကြာမီရက်ပိုင်းက ထွက်ရှိထားသော စီအိုင်ဒီဘဦးဇာတ်ကားမှာ ဈေး

ကွက်တွင်း လှုပ်လှုပ်ခတ်ခတ်ရှိနေရာ မှုခင်းနွယ်သော အက်ရှင်ဇာတ်ကြမ်းကားများဆီသို့ တစ်ပတ်ပြန်လည်
လာပြီဖြစ်ကြောင်း အောက်ကားထုတ်လုပ်သူတို့က ဈေးကွက်ကို ခန့်မှန်းလာကြသည်။

ရေစီးကြောင်းဘယ်လို ပြောင်းလဲပါစေ၊ ရေစုန်ရာ လိုက်ပါမည့် ကိုချက်ကြီးတို့လို ဇာတ်ရံများကတော့ ရိုက်

ကွင်းရှိသည့်အချိန် ခေါ်ရိုက်ခံရန် အသင့်အနေအထားဖြင့် မိုးလင်းမှ မိုးချုပ် ၃၅ လမ်းတစ်ဝိုက်ရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ဘ၀တူ လောကသားများနှင့်အတူ ဖြတ်သန်းနေကြသည်သာ ဖြစ်သည်။ 


ရေးသားသူ- သတင်းအဖွဲ့

7days News: 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...