ဧဒင်အချစ်ပုံပြင်: "မြန်မာနိုင်ငံကိုယ်စား ပြုမော်ဒယ်အနေနဲ့ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ ချမ်းချမ်း"

Tuesday 29 January 2013

"မြန်မာနိုင်ငံကိုယ်စား ပြုမော်ဒယ်အနေနဲ့ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ ချမ်းချမ်း"

"မြန်မာနိုင်ငံကိုယ်စား ပြုမော်ဒယ်အနေနဲ့ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ ချမ်းချမ်း"

ပရိသတ်တွေကြားမှာ အောင် မြင်မှုရရှိနေတဲ့ ချမ်းချမ်းက အဆိုအပြင် သရုပ်ဆောင်ဘက်ကိုပါ ခြေဦးလှည့်လာတာကိုတွေ့ရပါတယ်။ အခုလည်း ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့“နှင်းခဲပျော်ချိန်” ဇာတ်ကားမှာ ရဲအောင်၊ ဘုဏ်းသိုက်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ 

ဒီဇာတ်ကားလေးက နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဝင်ပြိုင်ဖို့အတွက် ရိုက် ထားတာ ဖြစ်ကြောင်း ချမ်းချမ်းက ပြောပါတယ်။ ''ကင်မရာတွေက အစ နိုင်ငံခြားကဆိုသလို ရိုက်ကူးတဲ့ဇာတ်လမ်း ပုံစံကလည်း နိုင်ငံခြားဆန် တယ်။ ယောက်ျားအဖိုအမ ဇာတ်လမ်းပုံစံမျိုး၊ ပထမဦး ဆုံးတော့ ယောက်ျား အချင်းချင်းကြိုက်ပြီးတော့မှ မိန်းမဘက်ကို ပြန်ကူးလာတဲ့ပုံစံမျိုးပါ။ အဲဒီလို အခြေခံထားတဲ့အတွက် မြန်မာဇာတ်လမ်းတွေနဲ့တော့ ကွဲပြားတယ်။ ဒီဇာတ် ကားကို ရုတ်တရက် ကြည့်ရင်တော့ နည်းနည်းတော့ ကြောင်သွားမယ်။ ပြီးလို့ရှိရင် တော်တော်လေး အဓိပ္ပာယ်လည်းရှိတယ်''လို့ ဇာတ်လမ်း အကြောင်း ချမ်းချမ်းက ပြောပါတယ်။

အဆိုတော်ဘက်ကနေ သရုပ် ဆောင်ဘက်ကို ကူးပြောင်းလာတာ ဖြစ်တဲ့ အတွက် ကိုယ့်အတွက် သရုပ်ဆောင်မှုအပိုင်းမှာ အခက်အခဲများရှိမလား ဆိုတာ ချမ်းချမ်းကို မေးကြည့်တော့ "ချမ်းချမ်းက သရုပ်ဆောင်ကို တအားကြီး ခက်ခဲတယ်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းချမ်း သရုပ်ဆောင်ရတဲ့ ကာရိုက်တာက အပြင်မှာ ထသွားထလာပုံစံမျိုးဆိုတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ ဇာတ်လမ်းပုံစံတွေဆိုရင်တော့ ချမ်းချမ်းအတွက် ခက်ခဲမှာပါ။ အခုဒီဇာတ်လမ်းလေးက အပြင် သဘာဝပုံစံဆိုတော့ သိပ်မခက်ခဲပါဘူး။ အမှန်အတိုင်းပြောရရင် ချမ်းချမ်းက အဆိုက လာတာဖြစ်တဲ့အတွက် အဆိုက ပိုလွတ်လပ်တယ်။ သီချင်းဆိုဖို့ ရှိသွားရင် လည်း တစ်နာရီလောက် ကြိုသွားပြီး ဆိုပြီးတာနဲ့ ချက်ချင်းတန်းပြန်လို့ ရတယ်။ သရုပ်ဆောင်ဘက်ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ ကိုယ်ပါတဲ့ သုံးလေးခန်းရိုက်ရင် မနက်ကနေ ညနေအထိ ထိုင်စောင့်နေရတာ ရှိတယ်။ သရုပ်ဆောင်ဘက်ကျတော့ ပိုအချိန်ပေးရတယ်။ နှစ်ခုစလုံးက သူ့ဟာနဲ့သူ တန်ဖိုးရှိပါတယ်။ နှစ်ခုစလုံးကတော့ ခက်ခဲပါတယ်။ သီချင်းဆိုတာလည်း တိုက်ရိုက်ဖျော်ဖြေရတာ ဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းတစ်ခုခု ရှိသွားရင် အဲဒီပွဲမှာ ရလဒ်က ချက်ချင်းထွက်တယ်။ သရုပ်ဆောင် ဘက်ကျတော့ မကြိုက်မချင်းပြန်ရိုက်လို့ရတယ်"လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ရက်နေ့က Aisa New Star Contest ပြိုင်ပွဲအတွက် မြန် မာနိုင်ငံမှ ပြိုင်ပွဲဝင် မော်ဒယ်များနဲ့ အတူ ဆန်းထွဋ်နဲ့ ချမ်းချမ်း က မြန်မာနိုင်ငံမှ မော်ဒယ်ကိုယ်စားပြုအနေနဲ့ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး ၁၆ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ "မြန်မာနိုင်ငံ ကိုယ်စားပြု မော်ဒယ်အနေနဲ့ တက်ရောက်ခဲ့ရတာပါ။ နိုင်ငံပေါင်းစုံဆိုတော့ လူတွေက ၁ဝဝကျော်လောက်ရှိတယ်။ အဲဒါကြောင့် သူတို့ယဉ်ကျေးမှု လည်း တွေ့ရတယ်။ စရိုက်တွေလည်း တွေ့ ခဲ့ရတယ်။ မြန်မာနိုင်ငံက လူမျိုးတွေနဲ့တော့ တအားကွာခြားတယ်။ ချမ်းချမ်းတို့ မြန်မာလူမျိုးတွေက ပွဲပြီးတာနဲ့ သိပ်မပျော်တတ်ဘူး။ အနားယူအပန်းဖြေကြတယ်။ သူတို့ ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ အလုပ်ပြီးတာနဲ့ ကလပ်တွေ သွားကြတယ်။ ဓလေ့တော့မတူဘူး။ ချမ်းချမ်းတို့နဲ့ သိပ်ပြီးဘောင်မဝင်ဘူး"လို့ ကိုရီးယား ခရီးစဉ်နဲ့ပတ်သက် ပြီး အတွေ့အကြုံကို ချမ်းချမ်းက ပြောပြပါတယ်။ 

တွယ်တာ

ပရိသတ်တွေကြားမှာ အောင် မြင်မှုရရှိနေတဲ့ ချမ်းချမ်းက အဆိုအပြင် သရုပ်ဆောင်ဘက်ကိုပါ ခြေဦး
လှည့်လာတာကိုတွေ့ရပါတယ်။ အခုလည်း ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့“နှင်းခဲပျော်ချိန်” ဇာတ်ကားမှာ ရဲအောင်၊ ဘုဏ်းသိုက်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဝင်ပြိုင်ဖို့အတွက် ရိုက် ထားတာ ဖြစ်ကြောင်း ချမ်းချမ်းက
 ပြောပါတယ်။ ''ကင်မရာတွေက အစ နိုင်ငံခြားကဆိုသလို ရိုက်ကူးတဲ့ဇာတ်လမ်း ပုံစံကလည်း နိုင်ငံခြားဆန် တယ်။ ယောက်ျားအဖိုအမ ဇာတ်လမ်းပုံစံမျိုး၊ ပထမဦး ဆုံးတော့ ယောက်ျား အချင်းချင်းကြိုက်ပြီးတော့မှ မိန်းမဘက်ကို ပြန်ကူးလာတဲ့ပုံစံမျိုးပါ။ အဲဒီလို အခြေခံထားတဲ့အတွက် မြန်မာဇာတ်လမ်းတွေနဲ့တော့ ကွဲပြားတယ်။ ဒီဇာတ် ကားကို ရုတ်တရက် ကြည့်ရင်တော့ နည်းနည်းတော့ ကြောင်သွားမယ်။ ပြီးလို့ရှိရင် တော်တော်လေး အဓိပ္ပာယ်လည်းရှိတယ်''လို့ ဇာတ်လမ်း အကြောင်း ချမ်းချမ်းက ပြောပါတယ်။

အဆိုတော်ဘက်ကနေသရုပ် ဆောင်ဘက်ကိုကူးပြောင်းလာတာ ဖြစ်တဲ့အတွက်ကိုယ့်အတွက် သရုပ်ဆောင်
မှုအပိုင်းမှာ အခက်အခဲများရှိမလား ဆိုတာ ချမ်းချမ်းကို မေးကြည့်တော့ "ချမ်းချမ်းက သရုပ်ဆောင်ကို
တအားကြီး ခက်ခဲတယ်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းချမ်း သရုပ်ဆောင်ရတဲ့ ကာရိုက်တာက အပြင်မှာ ထသွားထလာပုံစံမျိုးဆိုတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ ဇာတ်လမ်းပုံစံတွေဆိုရင်တော့ ချမ်းချမ်းအတွက် ခက်ခဲမှာပါ။ အခုဒီဇာတ်လမ်းလေးက အပြင် သဘာဝပုံစံဆိုတော့ သိပ်မခက်ခဲပါဘူး။ အမှန်အတိုင်းပြောရရင် ချမ်းချမ်းက အဆိုက လာတာဖြစ်တဲ့အတွက် အဆိုက ပိုလွတ်လပ်တယ်။ 
 
သီချင်းဆိုဖို့ ရှိသွားရင် လည်း တစ်နာရီလောက် ကြိုသွားပြီးဆိုပြီးတာနဲ့ချက်ချင်းတန်းပြန်လို့ ရတယ်။ သရုပ်
ဆောင်ဘက်ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ ကိုယ်ပါတဲ့ သုံးလေးခန်းရိုက်ရင် မနက်ကနေ ညနေအထိထိုင်
စောင့်နေရတာ ရှိတယ်။ သရုပ်ဆောင်ဘက်ကျတော့ ပိုအချိန်ပေးရတယ်။ နှစ်ခုစလုံးက သူ့ဟာနဲ့သူ တန်ဖိုး
ရှိပါတယ်။ နှစ်ခုစလုံးကတော့ ခက်ခဲပါတယ်။ သီချင်းဆိုတာလည်းတိုက်ရိုက်ဖျော်ဖြေရတာ ဖြစ်တဲ့အတွက်
ကြောင့် အမှားအယွင်းတစ်ခုခု ရှိသွားရင် အဲဒီပွဲမှာ ရလဒ်က ချက်ချင်းထွက်တယ်။ သရုပ်ဆောင် ဘက်
ကျတော့ မကြိုက်မချင်းပြန်ရိုက်လို့ရတယ်"လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ရက်နေ့က Aisa New Star Contest ပြိုင်ပွဲအတွက် မြန် မာနိုင်ငံမှ ပြိုင်ပွဲဝင် မော်ဒယ်များနဲ့ အ
တူ ဆန်းထွဋ်နဲ့ ချမ်းချမ်း က မြန်မာနိုင်ငံမှ မော်ဒယ်ကိုယ်စားပြုအနေနဲ့ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး ၁၆ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ "မြန်မာနိုင်ငံ ကိုယ်စားပြု မော်ဒယ်အနေနဲ့ တက်ရောက်ခဲ့ရတာပါ။ နိုင်ငံ
ပေါင်းစုံဆိုတော့ လူတွေက ၁ဝဝကျော်လောက်ရှိတယ်။ 
 
အဲဒါကြောင့် သူတို့ယဉ်ကျေးမှု လည်း တွေ့ရတယ်။ စရိုက်တွေလည်း တွေ့ ခဲ့ရတယ်။ မြန်မာနိုင်ငံက လူမျိုး
တွနဲ့တော့ တအားကွာခြားတယ်။ ချမ်းချမ်းတို့ မြန်မာလူမျိုးတွေက ပွဲပြီးတာနဲ့ သိပ်မပျော်တတ်ဘူး။ အနား
ယူအပန်းဖြေကြတယ်။ သူတို့ ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ အလုပ်ပြီးတာနဲ့ ကလပ်တွေ သွားကြတယ်။ ဓလေ့တော့မတူဘူး။ချမ်းချမ်းတို့နဲ့သိပ်ပြီးဘောင်မဝင်ဘူး"လို့ကိုရီးယားခရီးစဉ်နဲ့ပတ်သက် ပြီး အတွေ့အကြုံ
ကို ချမ်းချမ်းက ပြောပြပါတယ်။

တွယ်တာ
Popular Myanmar News:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...