အကယ်ဒမီစိုးသူရဲ့ မိခင်ဖြစ်သူ
ဒေါ်ခင်သူဇာ(အသက် ၇၂နှစ်)သည် ဇန်နဝါရီ ၁၆ရက်နေ့၊ နေ့ခင်း ၁၂နာရီခွဲက
ရန်ကုန်မြို့၊ ကမာရွတ်နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရပါတယ်။
“ဈာပနကို မိသားစုစုံသွားအောင် အမေရိကကလာမယ့် အစ်မကိုစောင့်ရင်းနဲ့
၅ရက်ပြည့်မြောက်တဲ့နေ့မှာ မိခင်ကြီးဆန္ဒအတိုင်း ရေဝေးသုသာန်မှာ
ဂူသွင်းသင်္ဂြိုဟ်မှာပါ”လို့ စိုးသူက မိခင်ဖြစ်သူရဲ့ ဈာပနနဲ့ ပတ်သက်ပြီး
ပြောပြပါတယ်။ ဈာပနနေ့မှာတော့ နေအိမ်မှကားများကို မနက် ၉နာရီမှာ
ထွက်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၂ရက်နေ့မှာတော့ ရက်လည်ဆွမ်းသွတ်တရားနာမှာ
ဖြစ်ပါတယ်လို့ သိရပါတယ်။ မိခင်နာမကျန်းဖြစ်နေစဉ် လွန်ခဲ့တဲ့ ၄လခန့်က
အကယ်ဒမီစိုးသူ အမေရိကကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး
မိခင်အနားမှာပဲ အနီးကပ်ပြုစုစောင့် ရှောက်ခဲ့ပါတယ်။ ” ၃လကျော်၊
၎လနီးပါးလောက်
အနီးကပ်စောင့် ရှောက်ခွင့်ရတဲ့အတွက် တော့ အနန္တော၊
အနန္တငါးပါးကိုရော၊ အခွင့်အလမ်းကြုံကြိုက်ရတဲ့ အနေအထားကိုရော၊ စိတ်ထဲမှာ
တစ်ပိုင်းကတော့ ဖြေသာပါတယ်။ ဖြေသိမ့်နိုင်ပါတယ်။ မိဘဆိုတာသက်ရှိဘုရားပါပဲ။
သက်ရှိဘုရား ၂ဆူထဲက ၁ဆူမရှိ တော့ဘူးပေါ့။ ကျန်တဲ့ ၁ဆူကို
ပိုပြီးပြုစုရမှာပေါ့။ ဘဝတစ်ပါးပြောင်းသွားတဲ့ မိခင်ကြီးအတွက်
ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူမှာတဲ့စကားတွေ နားထောင်ပြီး
သူသက်ရှိထင်ရှားရှိတုန်းက သူ့ဆန္ဒတွေအတိုင်းပဲ အသက်ထက်ဆုံး ကြိုးစားပြီး၊
သူဖြစ်စေချင်တဲ့အတိုင်း နေထိုင်သွားရ မှာပေါ့။ သူ့ဆန္ဒ အတိုင်းပဲနေလည်း
နေထိုင်နေပါတယ်။ မိခင်ကြီးကလည်း အဲဒါလေးကို ကျေနပ်သွား ပါတယ်”လို့
မိခင်ရဲ့ဆန္ဒအတိုင်း နေထိုင်သွားမယ့် အကြောင်း အကယ်ဒမီစိုးသူက ပြောပါတယ်။
နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဒေါ်ရွှေဇီးကွက်တို့က ဇန်နဝါရီ ၁၈
ရက်နေ့ နေ့လယ် ၁၂ နာရီမှာ အကယ်ဒမီစိုးသူရဲ့ မိခင်နာရေးကို
သွားရောက်မေးမြန်းခဲ့ပါတယ်။ ဦးကျော်သူက ဇန်နဝါရီ ၁၉ ရက်နေ့မှာ
ခရီးသွားမှာဖြစ်တာကြောင့် ဇန်နဝါရီ ၂ဝ ရက်နေ့မှာ အကယ်ဒမီစိုးသူရဲ့
မိခင်ဂူသွင်း သင်္ဂြိုဟ်မယ့် ကိစ္စကိုလည်း ကြိုတင်စီမံမှုများပြုလုပ်ခဲ့ပါတယ်။
ပေါ်ပြူလာဂျာနယ်ဖေ့စ်ဘုတ်မှာလည်း အကယ်ဒမီစိုးသူရဲ့ မိခင်အတွက် ပရိသတ်များက
ဝမ်း နည်းနှစ်သိမ့်အားပေးစကားသံများလည်း ရေးပို့ကြတာတွေ့ရပါတယ်။ ဒါကြောင့်
အကယ်ဒမီစိုးသူရဲ့ အနုပညာညီအစ်ကိုမောင်နှမများရဲ့ နှစ်သိမ့်အားပေးစကား
သံများကိုလည်း ဖော်ပြလိုက်ပါတယ်။မို့မို့မြင့်အောင် .
“ကိုစိုးသူက သားလိမ္မာတစ် ယောက်ပါ။ သူတို့အတွက် တကယ့် လမင်းကြီးတစ်ခု ပျောက်သွားတယ် လို့ ခံစားရတယ်။ ကြီးကြီးက သူတို့ မိသားစုမှာမားမားမတ်မတ်နဲ့ တအား ဦးဆောင်တယ်လေ။ မိသားစုတစ်စု လုံးတင် မကဘူး၊ တစ်ဆွေမျိုးလုံးကို ဦးဆောင်နိုင်တယ်။ အဲဒီအတွက် လည်း သူတို့မိသားစုအတွက် ဆုံးရှုံးမှု တွေ အများကြီးပေါ့။ နောက်ဆုံး အချိန်က မမို့ဆေးရုံကိုသွားကြည့်တဲ့ အချိန်မှာ သူခံစားနေရတဲ့ဝေဒနာ တွေကို မြင်ရတော့ သူဝဋ်ကျွတ်သွား တယ်လို့ပြောရမှာပေါ့။ လပေါင်းများ စွာ ဝေဒနာကြီးခံစားနေရတော့ ဝဋ် တစ်မျိုးလည်းဖြစ်ပြီးမှ အဲဒီဝဋ်ကနေ ကျွတ်သွားတယ်လို့ မြင်ပါတယ်။ ပြုစု စောင့်ရှောက်ရတဲ့လူတွေအတွက် လည်း ပင်ပန်းပါတယ်”
ရန်အောင်
“ဒီလို သေခြင်းတရားဆိုတာ လူတိုင်းက ရင်ဆိုင်ရမှာပဲဆိုတာကို ကိုယ်တွေလည်း ကြိုတင်ပြင်ဆင်ထား ပြီးသား။ ကိုပေါက်ကြီးကိုလည်း ကြို တင်ပြင်ဆင်ထားပါလို့ ပြောရတယ်။ ကိုယ်ပေါက်ကြီးက တရားရှိပါတယ်။ ကြိုသိထားတာပဲလေ။ အဲဒီတော့ ကြိုတင်ပြင်ဆင်ထားရမယ်လို့၊ စိတ် ထားတတ်ဖို့လိုတယ်။ ဆုံးတယ် လို့ ကြားတော့ သူ့ကို ဖုန်းလှမ်းဆက်ပြီး ပြောဖြစ်တယ်။ ဘယ်သူအရင် သေ မယ်ဆိုတာ ကြိုမသိနိုင်ဘူးလေ”

မေသန်းနု
“မဆင့်တို့လည်း အခုချိန်အထိ သူ့ဆီကိုမရောက်သေးဘူး။ အသုဘ ကိုတော့ မဆင့်တို့လိုက်ပို့မယ်။ မိဘ ဆိုတာက ဘယ်လိုမှလည်း အစားထိုး လို့မရဘူး။သူ့အစားစိတ်လည်း မကောင်း ပါဘူး။ အထူးသဖြင့် သူက အဝေးမှာ နေတယ်ဆိုတော့ သူ့မိခင်အနေနဲ့ နည်းနည်းတော့ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ တစ်နေ ရာနဲ့တစ်နေရာ သူတို့ကနေရတာတအားဝေးကြတယ် ဆိုတော့ ကိုယ်မမာမကျန်းဖြစ်ရင် မိဘကျတော့ တအားလွမ်းမှာပေါ့။ တော်သေးတာ ပေါ့။ မဆင့်တို့လည်း စိတ်မကောင်းပါဘူး။ ထပ်တူထပ်မျှ သူနဲ့အတူ ဝမ်းနည်း၊ စိတ်မကောင်း ဖြစ်မိပါတယ်”

ပေါ်ပြူလာအဖွဲ့
No comments:
Post a Comment