ဧဒင်အချစ်ပုံပြင်: တရားမ၀င်ညစ်ညမ်းခွေများနှင့် အခွေကူးစက်များ ဖမ်းဆီးရမိ

Monday 21 January 2013

တရားမ၀င်ညစ်ညမ်းခွေများနှင့် အခွေကူးစက်များ ဖမ်းဆီးရမိ

၁၆-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ (၁၀)ရပ်ကွက်၊ နတ်မောက်လမ်းရှိ အိမ်အမှတ် ၄၉၉(ခ)နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် နောက်ဖေးခန်းတွင် သက်နောင်(၃၂)နှစ်နှင့် မခိုင်ခင်မိုး(၂၆)နှစ်တို့ ၂ ဦးအား တစ်ကြိမ်လျှင်(၁၀)ခွေကူးနိုင်သည့် အခွေကူးစက်ဖြင့် တရားမ၀င်ကူးယူနေစဉ် ဖမ်းဆီးရမိခဲ့သည်။ ၎င်းင်းအပြင် တရားမ၀င်ညစ်ညမ်းဒီဗီဒီခွေ (၅၅)ခွေ၊ ဆင်ဆာမဲ့ မြန်မာသီချင်းမျိုးစုံ(၁၅၅၀)ခွေ၊ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်းမျိုးစုံ(၅၈၀)ခွေ၊ ဗွီစီဒီကူးစက်များ၊ ခွေအလွတ်များနှင့် ငွေကျပ်(၁၁၇၃၀၀ိ/-)တို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် ဆင်ဆာမဲ့ မြန်မာနှင့်နိုင်ငံခြားခွေများ ကူးယူရောင်းချသူ သက်နောင်နှင့် မခိုင်ခင်မိုးတို့အား လှိုင်သာယာ မြို့နယ်၊ သောင်ကြီးရဲစခန်း(ပ)၃၁/၂၀၁၃၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)(ခ) ဖြင့်လည်းကောင်း၊ (ပ)၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၂ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...