
Xiao ရဲ့  Level ဟာ တော်တော်လေးမြင့်တဲ့ အနေအထား တစ်ခုကို ရောက်နေပြီး သူ့ Character ကလည်း ဂိမ်းထဲမှာ တော်တော်လေး ကြမ်း နေပါတယ်။ မအိပ်မစားနဲ့ကို စော့တာကြောင့် အဖေဖြစ်သူက စိတ်ကူး တစ်ခု ရပြီး ကြေးစား ဂိမ်း ဇာတ်ကောင် လူသတ်သမား Hit man တစ်ယောက် ငှား လိုက်ပါတယ်။ ပြီးတော့ ဂိမ်းထဲမှာ Xiao ကိုအပြတ်အသတ် နှိပ်စက်ပြီး ဂိမ်းလောကက စွန့်ခွာသွားချင်လောက်အောင် ဆုံးမလိုက်ပါတယ်။
နောက်ဆုံး သားလေး Xiao ဆီက ထွက်လာတဲ့ စကားကတော့ "အဖေ ကျွန်တော်နဲ့ အဆင်ပြေတဲ့ အလုပ်တစ်ခုရှာတော့မယ်။ ဂိမ်းနဲ့ အကျိုးမပေး ဘူးဗျ" --- လို့ ဆိုလာခြင်း ဖြစ်ပါတယ်။
ယင်း Hit man တစ်ယောက်တင်မကတော့ပဲ နောက်ထပ် Hit man တွေ အများအပြား အလုပ်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဂိမ်းအသေအလဲ စွဲနေတဲ့ လူငယ်များကို ဂိမ်းဖြတ်ဖို့အတွက် မိဘတွေ က ငွေကြေး မြောက်များစွာပေး လို့ ကြေးစားငှားရမ်းနေပြီလို့ ဆိုပါတယ်။ အခုဆိုရင် ၃ လအတွင်းပဲ အဲ့လို ကြေးစားငှားဖို့ တောင်းဆိုတာ ၂၀၀ ကျော်မက ရှိနေပြီး နောက်ဆိုရင် တရုတ် ဆိုင်ဘာ ကွန်ရက် အဖွဲ့ချုပ်ကတောင် တရားဝင် ဂိမ်း Hit man ငှားရမ်းမယ့် ဝန်ဆောင်မှုများ ပြုလုပ်နိုင်ချေ ရှိကြောင်း သိရပါတယ်။
International news for myanmar
No comments:
Post a Comment