ဧဒင်အချစ်ပုံပြင်: ကွမ်းယာဆိုင် နှင့် စာအုပ်ဆိုင်များကိုပါ မီတာခတစ်ယူနစ် ၇၅ ကျပ်ကောက်မည်ဟုဆို

Tuesday 29 January 2013

ကွမ်းယာဆိုင် နှင့် စာအုပ်ဆိုင်များကိုပါ မီတာခတစ်ယူနစ် ၇၅ ကျပ်ကောက်မည်ဟုဆို


Photo: ကွမ်းယာဆိုင် နှင့် စာအုပ်ဆိုင်များကိုပါ မီတာခတစ်ယူနစ် ၇၅ ကျပ်ကောက်မည်ဟုဆို

January 29, 2013 Home, သတင်း

ကယားပြည်နယ်လွိုင်ကော် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးတင် ကျော်ခိုင်က လျှပ်စစ်မီးအလင်း ရောင်အသုံးပြုပြီး စီးပွားရေးဆောင် ရွက်သူများကို လျှပ်စစ်မီတာတစ် ယူနစ် ၇၅ ကျပ်နှုန်းကောက်ခံရန် ဥပဒေရှိတာကြောင့် လျှပ်စစ်မီး အလင်းရောင်အသုံးပြုပြီး စီးပွား ရေးဆောင်ရွက်နေတဲ့ ကွမ်းယာ ဆိုင်၊ စာအုပ်ဆိုင်များကိုပါ မီတာ ခတိုးမြှင့်ကောက်ခံဖို့ရှိကြောင်း ၂၃.၁.၂၀၁၃ ရက်က ပြောကြား ခဲ့တယ်လို့ လွိုင်ကော်မြို့နောင်ယား (က) ရပ်ကွက်မှ ထမင်းဆိုင်ပိုင် ရှင်တစ်ဦးကပြောကြားခဲ့ပါတယ်။
အဆိုပါထမင်းဆိုင်ပိုင်ရှင်က ပြောကြားခဲ့ရာမှာ ကျွန်တော်က ၀န်ထမ်းဆိုတော့ မိသားစုစားဝတ် နေရေးကတစ်ကြောင်း၊ ဒီအနီးနာ က အဆောင်နေကျောင်းသား များနဲ့ ရုံးဝန်ထမ်းများအဆင်ပြေ အောင်တန်ဖိုးနည်းထမင်းဆိုင်လေး ကို ၆.၁၁.၂၀၁၂ ရက်နေ့ကစပြီး ထမင်းတစ်ခါပြင် ၅၀၀၊ အ၀စား ၁၀၀၀ နဲ့ ရောင်းတာပါ။ ဖွင့်တဲ့လ မှာတော့ မီတာခကို ၃၅ ကျပ်နဲ့ဘဲ ပေးဆောင်ခဲ့ရပြီး ဒီဇင်ဘာလမှာ တော့ တစ်ယူနစ်ကို ၇၅ ကျပ်နဲ့ ကောက်ခံသွားပါတယ်။ ဒါကို ၂၃.၁.၂၀၁၃ ရက်နေ့မှာ တာဝန်ရှိသူမြို့နယ်လျှပ်စစ်အင်ဂျင် နီယာဦးတင်ကျော်ခိုင်နဲ့ ဆက်သွယ် မေးမြန်းရာမှ အခုလိုပြောကြား သွားတာပါလို့ဆိုပါတယ်။
ထမင်းဆိုင်ပိုင်ရှင်က ဆက်လက်ပြောကြားရာမှာတော့ လွှတ်တော်မှာ အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးရှင်းပြစဉ်ကတော့ အိမ်သုံးတစ်ယူနစ် ၃၅ ကျပ်၊ စက် မှုလုပ်ငန်းသုံးတစ်ယူနစ် ၇၅ ကျပ် ဖြစ်ပြီ လျှပ်စစ်မီတာကောက်ခံယူ နည်းလမ်းများ ကွဲပြားနေခြင်းကို သိရှိလျှင် သတင်းပို့အကြောင်း ကြားဖို့ပြောခဲ့ပေမဲ့ ဘာမှတော့ ထူးမလာပါဘူး။ ၂၀၁၁၊ ၂၀၁၂ ထဲမှာ လျှပ်စစ်မော်တာနဲ့ စက်ကိရိယာများအသုံးမပြုတဲ့ စီးပွားရေးလုပ်ကိုင်သူပြည်သူများ ဓာတ်အားခကောက်ခံမှုကွဲပြားနေ ရင်သက်ဆိုင်ရာမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများကို ဆက်သွယ် ဖို့ပြောကြားမှုတွေကို ဂျာနယ်တချို့ မှာ ဖတ်ရဘူးတယ်။ ကျွန်တော့် ထမင်းဆိုင်ကိုလာကြည့်ပါ ထင်းနဲ့ လောင်စာတောင့်ကိုဘဲ အဓိက သုံးပြီး ထမင်းဟင်းချင်တာပါ။ ဘယ်သူဘဲဖြစ်ဖြစ် အိမ်မှာဆိုရင် လဲ လျှပ်စစ်နဲ့ မီးထွန်းမယ်။ ထမင်း ဟင်းချက်မယ်။ ရေခဲသေတ္တာသုံး မယ်။ အပေါ်စက်အောက်စက်သုံး မယ်လိုအပ်ရင် လေပန်ကာတို့ အပူပေးစက်တို့ အဲယားကွန်းတို့ အသုံးပြုတာပါပဲ။ ကျွန်တော့်ဆိုင် မှာ အဲဒီလောက်မသုံးဘဲ ၇၅ ကျပ် နှုန်းကောက်တယ်ဆိုတော့ အခြေ ခံလက်လုပ်လက်စားပြည်သူကို နှိပ်စက်တာနဲ့ အတူတူပါပဲ။ လျှပ်စစ်မီးအဓိက အသုံးပြုရတဲ့ ကွန်ပျူတာဆိုင်ဂိန်းဆိုင်ဆိုရင်တော့ မပြောပါဘူး။ ၀န်ကြီးဌာနများက လဲ ပြုပြင်ပြောင်းလဲတဲ့ အမိန့် ညွှန်ကြားချက်ဥပဒေများကို အများ ပြည်သူသိရှိအောင်ကျယ်ကျယ်ပြန် ပြန်ထုတ်ပြန်ပေးပြီး ငွေကြေး ကောက်ခံမှုတွေတစ်နေရာတစ်မျိုး မဖြစ်ရအောင်ဆောင်ရွက်သင့်တယ် လိုပြောကြားခဲ့ပြီး အဆိုပါဆိုင်ရှင် ကပင် မီးတိုင်အောက်မှာ ပရစ် ကောက်စား၊ ဖားကောက်စားတဲ့ သူတွေလဲ သတိထားကြဦး ၇၅ ကျပ် ကောက်သွားဦးမယ်လို့ရယ် မောစွာနဲ့ ပြောကြားသွားပါတယ်။

အင်ပင်သား

The Hot Newsကယားပြည်နယ်လွိုင်ကော် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးတင် ကျော်ခိုင်က လျှပ်စစ်မီးအလင်း ရောင်အသုံးပြုပြီး စီးပွားရေးဆောင် ရွက်သူများကို လျှပ်စစ်မီတာတစ် ယူနစ် ၇၅ ကျပ်နှုန်းကောက်ခံရန် ဥပဒေရှိတာကြောင့် လျှပ်စစ်မီး အလင်းရောင်အသုံးပြုပြီး စီးပွား ရေးဆောင်ရွက်နေတဲ့ ကွမ်းယာ ဆိုင်၊ စာအုပ်ဆိုင်များကိုပါ မီတာ ခတိုးမြှင့်ကောက်ခံဖို့ရှိကြောင်း ၂၃.၁.၂၀၁၃ ရက်က ပြောကြား ခဲ့တယ်လို့ လွိုင်ကော်မြို့နောင်ယား (က) ရပ်ကွက်မှ ထမင်းဆိုင်ပိုင် ရှင်တစ်ဦးကပြောကြားခဲ့ပါတယ်။
အဆိုပါထမင်းဆိုင်ပိုင်ရှင်က ပြောကြားခဲ့ရာမှာ ကျွန်တော်က ၀န်ထမ်းဆိုတော့ မိသားစုစားဝတ် နေရေးကတစ်ကြောင်း၊ ဒီအနီးနာ က အဆောင်နေကျောင်းသား များနဲ့ ရုံးဝန်ထမ်းများအဆင်ပြေ အောင်တန်ဖိုးနည်းထမင်းဆိုင်လေး ကို ၆.၁၁.၂၀၁၂ ရက်နေ့ကစပြီး ထမင်းတစ်ခါပြင် ၅၀၀၊ အ၀စား ၁၀၀၀ နဲ့ ရောင်းတာပါ။ ဖွင့်တဲ့လ မှာတော့ မီတာခကို ၃၅ ကျပ်နဲ့ဘဲ ပေးဆောင်ခဲ့ရပြီး ဒီဇင်ဘာလမှာ တော့ တစ်ယူနစ်ကို ၇၅ ကျပ်နဲ့ ကောက်ခံသွားပါတယ်။ ဒါကို ၂၃.၁.၂၀၁၃ ရက်နေ့မှာ တာဝန်ရှိသူမြို့နယ်လျှပ်စစ်အင်ဂျင် နီယာဦးတင်ကျော်ခိုင်နဲ့ ဆက်သွယ် မေးမြန်းရာမှ အခုလိုပြောကြား သွားတာပါလို့ဆိုပါတယ်။
ထမင်းဆိုင်ပိုင်ရှင်က ဆက်လက်ပြောကြားရာမှာတော့ လွှတ်တော်မှာ အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးရှင်းပြစဉ်ကတော့ အိမ်သုံးတစ်ယူနစ် ၃၅ ကျပ်၊ စက် မှုလုပ်ငန်းသုံးတစ်ယူနစ် ၇၅ ကျပ် ဖြစ်ပြီ လျှပ်စစ်မီတာကောက်ခံယူ နည်းလမ်းများ ကွဲပြားနေခြင်းကို သိရှိလျှင် သတင်းပို့အကြောင်း ကြားဖို့ပြောခဲ့ပေမဲ့ ဘာမှတော့ ထူးမလာပါဘူး။ ၂၀၁၁၊ ၂၀၁၂ ထဲမှာ လျှပ်စစ်မော်တာနဲ့ စက်ကိရိယာများအသုံးမပြုတဲ့ စီးပွားရေးလုပ်ကိုင်သူပြည်သူများ ဓာတ်အားခကောက်ခံမှုကွဲပြားနေ ရင်သက်ဆိုင်ရာမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများကို ဆက်သွယ် ဖို့ပြောကြားမှုတွေကို ဂျာနယ်တချို့ မှာ ဖတ်ရဘူးတယ်။ ကျွန်တော့် ထမင်းဆိုင်ကိုလာကြည့်ပါ ထင်းနဲ့ လောင်စာတောင့်ကိုဘဲ အဓိက သုံးပြီး ထမင်းဟင်းချင်တာပါ။ ဘယ်သူဘဲဖြစ်ဖြစ် အိမ်မှာဆိုရင် လဲ လျှပ်စစ်နဲ့ မီးထွန်းမယ်။ ထမင်း ဟင်းချက်မယ်။ ရေခဲသေတ္တာသုံး မယ်။ အပေါ်စက်အောက်စက်သုံး မယ်လိုအပ်ရင် လေပန်ကာတို့ အပူပေးစက်တို့ အဲယားကွန်းတို့ အသုံးပြုတာပါပဲ။ ကျွန်တော့်ဆိုင် မှာ အဲဒီလောက်မသုံးဘဲ ၇၅ ကျပ် နှုန်းကောက်တယ်ဆိုတော့ အခြေ ခံလက်လုပ်လက်စားပြည်သူကို နှိပ်စက်တာနဲ့ အတူတူပါပဲ။ လျှပ်စစ်မီးအဓိက အသုံးပြုရတဲ့ ကွန်ပျူတာဆိုင်ဂိန်းဆိုင်ဆိုရင်တော့ မပြောပါဘူး။ ၀န်ကြီးဌာနများက လဲ ပြုပြင်ပြောင်းလဲတဲ့ အမိန့် ညွှန်ကြားချက်ဥပဒေများကို အများ ပြည်သူသိရှိအောင်ကျယ်ကျယ်ပြန် ပြန်ထုတ်ပြန်ပေးပြီး ငွေကြေး ကောက်ခံမှုတွေတစ်နေရာတစ်မျိုး မဖြစ်ရအောင်ဆောင်ရွက်သင့်တယ် လိုပြောကြားခဲ့ပြီး အဆိုပါဆိုင်ရှင် ကပင် မီးတိုင်အောက်မှာ ပရစ် ကောက်စား၊ ဖားကောက်စားတဲ့ သူတွေလဲ သတိထားကြဦး ၇၅ ကျပ် ကောက်သွားဦးမယ်လို့ရယ် မောစွာနဲ့ ပြောကြားသွားပါတယ်။

အင်ပင်သား

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...