
ရုရှားနိုင်ငံထုတ်
အနုပညာလက်ရာမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သောBolshoi Ballet ကို
ရိုက်ကူးခဲ့သော နာမည်ကျော် ဒါရိုက်တာ Sergei Filin သည် မျက်နှာကို
အက်ဆစ်ဖြင့် အပက်ခံရ၍ မျက်စိအလင်း
ပြန်ရစေဖို့ရန်
ဆရာဝန်များက အသည်းအသန် ကုသနေရသည်ဟု သိရသည်။ အသက် ၄၃ နှစ်အရွယ် ဒါရိုက်တာ
ဆာဂျီသည် ဇန်န၀ါရီ ၁၇ ရက် နေ့ ညသန်းခေါင်ယံအချိန်၌ အိမ်ပြန်လာစဉ်တွင်
မည်သူမည်ဝါမှန်းမသိသူတစ်ဦးက အလွန်ပြင်းထန်သည့် အက်စစ်များဖြင့်
၎င်း၏မျက်နှာကို ပက်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့်
၎င်း၏မျက်နှာတစ်ခုလုံး လောင်ကျွမ်းပျက်စီးခဲ့ရပြီးဆရာဝန်များက
မျက်စိပြန်မြင်နိုင်ဖို့ မလွယ်ကူကြောင်းပြောသည်။ မျက်နှာမှဒဏ်ရာများ
ပြန်လည်သက်သာလာဖို့ အနည်းဆုံး ခြောက်လခန့် အချိန်ယူရမည်ဟုသိရသည်။
ဒါရိုက်တာဆဂျီသည် ရုရှားနိုင်ငံတွင် ရုပ်ရှင်များရိုက်ကူးနေသလို ကမ္ဘာကျော်
ဘဲလေးအကကုမ္ပဏီ၌လည်း အဓိကရာထူးကို ရရှိထားသူဖြစ်သည်။
ရုရှားသတင်းစာတစ်စောင်က ဖော်ပြချက်အရ ၎င်းတွင် လတ်တလောကာလ၌
ကြောက်စရာကောင်းသည့်ပြိုင်ဘက်များရှိနေကြောင်းသိရသည်။ ယခု အက်စစ်ဖြင့်
တိုက်ခိုက်ခံရမှုမတိုင်မီကပင် ၎င်းကို တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်းနှင့်
၎င်း၏ကားဘီးဖောက်ခံရခြင်းများကို ကြုံတွေ့ခဲ့ရကြောင်းခြိမ်းခြောက်ခြင်းနှင့်
၎င်း၏ကားဘီးဖောက်ခံရခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အလားတူမကြာသေးမီက ၎င်း၏ facebook စာမျက်နှာကိုလည်း ဟက်ကာများက
ခိုးယူဖျက်ဆီးဖို့ ကြိုးပမ်းခဲ့သည်ဟုသိရသည်။
Credit ►
SMG
No comments:
Post a Comment