ဧဒင်အချစ်ပုံပြင်: ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ " ကျူးကျော် အိမ်/မြေ " လက်ရှိပေါက်ဈေး

Sunday 27 January 2013

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ " ကျူးကျော် အိမ်/မြေ " လက်ရှိပေါက်ဈေး



ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်အတွင်း စည်ပင်သာယာပိုင် လမ်း၊ မြေတွေပေါ်မှာ တရားမဝင်ကျူးကျော်ဆောက်လုပ်နေထိုင်သူတွေ အိမ်/မြေ ဈေးကွက်ဖွင့်လိုက်ပါပြီ၊ ငွေမည်းသမားအချို့နှင့် အဘတို့နဲ့ ပိုင်သူအချို့ကလဲ အခြေအနေ အရိပ်အကဲ စောင့်ကြည့်နေပုံရပါတယ်၊ ဓါတ်ပုံထဲမှာ မြင်ရတဲ့ အကျယ် ၁၂ ပေ x အနောက်အလျား ၆၀ ပေရှိတဲ့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက် ၊ သူရဿတီလမ်း၊စည်ပင်သာယာပိုင်၊ မီးတားလမ်း (ဝါ) နောက်ဖေးလမ်း ( " ၁၉၄၈-၄၉ မြေတိုင်းဦးစီး၊ မြေပုံမြေရာဇဝင်ဌာန အညွှန်းအရ " ) ပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်တစ်အိမ်ကို (ဂရံမရှိ) ၂၀၁၃ နှစ်ဦးအစ ရက်တွေမှာပဲ ရောင်းသူ/ဝယ်သူ သဘောကြည်ဖြူစွာ မြန်မာကျပ်ငွေ သိန်း ၇၅၀ ( စာသားဖြင့် မြန်မာကျပ်ငွေ သိန်းခုနှစ်ရာ့ငါးဆယ် ) ဖြင့် အရောင်းအဝယ်တည့်သွားပါတယ်၊( ပွဲစားမပါ ) ဝမ်းသာစရာပါ :D , ဝယ်သူက
ဘယ်သူဘယ်ဝါရယ်တော့မသိပါဘူး၊ ညည လူခြေတိတ်ချိန်မှ ချွတ်နင်းပြီး အိမ်ကို အနောက်ကနေအသာ စ ဖျက်၊ အုပ်, သဲ , ဘိလပ်မြေလေး ချ သွင်းနဲ့ သေချာ ကျကျနနပြန်လည်ဆောက်လုပ်မယ့်ပုံရပါတယ်၊ ညလူခြေတိတ် အိပ်ချိန်ဆိုတော့ အရပ်ပတ်ဝန်းကျင်က စီစီညံညံလေးတွေ အသံဗလံထွက်လာပြန်တော့ ခဏရပ်သွားပြီး သိပ်မကြာဘူး အခုလို နေခင်းကြောင်တောင်ကြီးတောင် ဝုန်း နေပါတော့တယ်၊ စည်ပင်သာယာဝန်ထမ်းအချို့ဆိုတာ ကြွက်ထက်တောင် အဆပေါင်းများစွာ အနံခံကောင်း နားပါးသူမို့ သံတူ တစ်ချက် နှစ်ချက် ထုသံနှက်သံကြားရင်တော့ "နေရောင်စား"နေတဲ့ ခရမ်းပြာမွဲခြောက်ခြောက်ရောင် ယူနီဖေါင်းလေးတွေနဲ့ ရောက်လာတတ်ပြီး " ပြင်ဆင်ခွင့်ပါမစ်ရှိလား စာရွက်စာတမ်းရှိလား " ဆိုပြီး တာဝန်အရ တစ်ခါသုံးဘောလ်ပင်လေး ကိုင်ပြီးရောက်လာတတ်စမြဲပါ ( အသေးစားပြင်ဆင်မှုဆို ငါးပုလင်းလောက် "ဂါ" လိုက်ရင်ငြိမ်းပါတယ် ) အခုဖြစ်ရပ်ကတော့ ဖြစ်ရပ်မှန်ထူးဆန်းသော ကိစ္စတစ်ခုဖြစ်လို့နေပါတယ်၊ အခု ဓါတ်ပုံထဲက ကျူးကျော်အိမ် ( စည်ပင်ပိုင်မီးတားလမ်း ) ရဲ့ မျက်နှာချင်းဆိုင် ( တစ်ဖက်မီးတားလမ်း) မှာလဲ အဆိုပါရပ်ကွက်ရဲ့ ရာအိမ်မှူး က ထိုနည်း၎င်းပဲခပ်တင်းတင်း ဗြောင်ကျကျ တဲထိုးရာက အိမ်အခိုင်အခံဆောက်နေ တာ သက်ဆိုင်ရာ ဌာနတွေ တိုင်တန်းတာလဲ တေမိ ပါပဲ၊ ( Talk to DVB တောင်မှ ကြံ့ဖွတ်တစ်ဖြစ်လဲ ရာအိမ်မှူးနဲ့ စိတ်အခန့်မသင့်မှာစိုးတာနဲ့ အော်မပေးရဲရှာပါဘူး :D ) အတည်ပြုလို့မရသေးတဲ့ အရပ်သတင်း အရပ်အတင်း အရတော့ မြို့နယ် စည်ပင်သာယာဌာနက အဓိပဓိအချို့ကို "ဂါ" နိုင်ရင်သော်၎င်း၊ အဘတို့နဲ့ ဓါတ်စီး နတ်စီး ပူးကပ်နိုင်ရင်သော်၎င်း စည်ပင်ပိုင်းလမ်းပေါ်ကကျူးကျော်တွေကို လောလောဆယ် ဝယ်စေ့ ထားလိုက် မြိုးမြိုးမျက်မျက်ကြီးကို ခိုင်သွားဇီရမယ်ဆိုပဲ.. ဆိုပဲ.. ဆိုပဲ။ သြော်… ဆိတ်ဖွား ဆိတ်ဖွား .. ဆိတ်ဖွားပြောနေတာတွေလဲ ဟုတ်နေတာပဲကိုးးးး ။

____________________________________
Reference and Credit to -သတင်းနှင့်ဓာတ်ပုံ-ကိုမင်းသိုက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...