ဧဒင်အချစ်ပုံပြင်: ကံမကောင်းတဲ့နှစ် နဲ့ သင်ဇာဝင့်ကျော်

Wednesday 16 January 2013

ကံမကောင်းတဲ့နှစ် နဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ၂ဝ၁၂ ခုနှစ်သည် သူ့အတွက် ကံမကောင်းသည့်နှစ် ဖြစ်ခဲ့ကြောင်းပြောသည်။
”သင်ဇာ ရိုက်ခဲ့တဲ့ ကားတွေကို ပြန်ကြည့် လိုက်တော့ တချို့ကားတွေကို ကျေနပ် အားရမှု ရှိပါတယ်။ ဒါပေမဲ့ တချို့ ကားတွေမှာ သင်ဇာ လိုအပ် တာလေးတွေ ပြန်တွေ့ရတယ်။ အဲဒါကို သင်ခန်းစာ တစ်ခု ယူပြီးတော့ နောက်ကားတွေမှာ ပြန်ပြီး ကြိုးစားထားတယ်။ သင်ဇာက ၂ဝ၁၂ ခုနှစ်မှာ ကံမစပ်ဘူး။ ရိုက်ကူးမှု အပိုင်း မှာလည်း ကားကောင်းတွေကို လက်လွှတ်လိုက် ရတာတွေလည်း ရှိတယ်။ ရက်တိုက်ပြီး ညှိလို့ မရတာတွေ ရှိခဲ့တယ်” ဟု သင်ဇာဝင့်ကျော် ကဆိုသည်။ ၂ဝ၁၃ နှစ် သစ်မှာ ကံကောင်းလာစေရန်
သင်ဇာဝင့်ကျော် က ”ဘာသာရေး များများ လုပ်မယ်။ ဒီအလုပ်ပေါ်မှာ စိတ်ထားကောင်းကောင်း ထားပြီး လုပ်ရင် အဆင်ပြေပါ တယ်။ စေတနာ အပြည့်အဝ ထားဖို့လည်း လိုတယ်။ မိဘဆရာသမား ကိုလည်း မမေ့ဖို့ လိုအပ်တယ်။ အဲဒါတွေကို မမေ့ရင် ဘယ် အလုပ်မဆို အောင်မြင်နိုင်မှာပါ” ဟု သင်ဇာဝင့်ကျော်က ပြောသည်။ ”သင်ဇာက သူများလို အများကြီးလည်း မရိုက်ချင် ဘူး။ အနုပညာသက်တမ်း ရှစ်နှစ်အတွင်းမှာ သင်ဇာက အခက်အခဲ တွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ သင်ဇာ တစ်ခု ကံကောင်းတာက အနုပညာ အလုပ်ကို စလုပ်ကတည်းက အဖေ နဲ့ အမေက သင်ဇာ လိုအပ်တာတွေကို နောက် ကနေ ဖြည့် ဆည်းပေးတယ်။ အဲဒီအတွက်ကြောင့် သင်ဇာက အနုပညာနဲ့ ပတ်သက်တာပဲ အားစိုက် ထုတ် ရတယ်။ ဒါကြောင့် သင်ဇာ အနုပညာ စလုပ်တာ သိပ်မခက်ခဲ ပါဘူး”ဟု သင်ဇာဝင့်ကျော် က ပြောသည်။ သင်ဇာဝင့်ကျော် က ဒါရိုက်တာ မောင်ပြည့်ဝ ရိုက်ကူးသည့် ‘နွေခါးခါး’ ဇာတ်ကားကို နေမင်း၊ မေကဗျာ တို့နှင့် သရုပ်ဆောင်နေ ကြောင်း သိရသည်။
တွယ်တာpopularmyanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...