ဧဒင်အချစ်ပုံပြင်: အခြားဂြိုလ်မှာ ကိုယ့်အသက် ဘယ်နှစ်နှစ်ရှိမလဲ တွက်ချက်မယ်

Friday 25 January 2013

အခြားဂြိုလ်မှာ ကိုယ့်အသက် ဘယ်နှစ်နှစ်ရှိမလဲ တွက်ချက်မယ်


နည်းနည်းတော့ ခေါင်းစားပါမယ်။ တွက်တာက ခေါင်းမစားပါဘူး။ ကိုယ်မွေးတဲ့ ရက်၊ လ၊ ခုနှစ်ကို ရိုက်ထည့်လိုက်ရုံနဲ့ အလိုအလျောက် အဖြေထွက်ပါတယ်။ သို့ပေမယ့် အောက်ပါ အနက်တို့ကို သိထားဖို့တော့ လိုပါမယ်။
Earth Day - ကမ္ဘာက ကိုယ့်ကိုယ်ကို တစ်ပတ်ပြည့်အောင် လည်တဲ့ Rotation period ဖြစ်ပြီး ၁ ရက်ကိုဆိုခြင်း ဖ်ြစပါတယ်။
Earthy Year - ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် ပတ်ရန် ကြာတဲ့ ကာလ (Revolution peroid) မို့ ကမ္ဘာနှစ် လို့ခေါ်ပါတယ်။ (၃၆၅ ရက်ဝန်းကျင်)



ဒီတော့ Mercury Day ဆိုရင် မာကျူရီဂြိုလ် (သောကြာဂြိုလ်)က သူ့ကိုသူ တစ်ပတ်ပြည့်အောင် ပတ်မယ့် ကာလ ဖြစ်ပြီး Mecury Year ဆိုရင် မာကျူရီ နှစ် (သောကြာဂြိုလ်က နေကို တစ်ပတ်ပြည့်အောင် ပတ်မယ့် ကာလ) ဖြစ်ပါတယ်။

ဒီတော့ ကိုယ်က ကမ္ဘာက အသက် ၂၀ ကျော်ပေမယ့် (ကမ္ဘာကို အပတ် ၂၀ ပတ်ပြီးပေမယ့်) သောကြာဂြိုလ်မှာသာ ရှိနေမယ်ဆိုရင် ၈၅ ပတ်ကျော် ပတ်ပြီး အသက် တော်တော်ကြီးနေမှာ ဖြစ်ပါတယ်။ ရက်နဲ့ကျတော့ သူ့ကိုသူ လည်တာ တော်တော်လေးကြာပြီး သူ့ ရက် ၁၀၀ ကျော်က ကမ္ဘာက ရက်ပေါင်း ၇၀၀၀ ကျော်နဲ့ သွားကိုက်နေပါတယ်။

ရှင်းရင်းနဲ့ ရှုပ်နေပြီ ထင်ပါတယ်။ ဒီတော့ ကိုယ်တိုင်သာ တွက်ချက်ပြီး စမ်းကြည့်လိုက်ဖို့ အောက်ပါ လခ့်လေးအား လမ်းညွှန်လိုက်ရပါတယ်။

http://is.gd/oNb8kR
--
 


Aung Kham (TSJ team)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...