ဧဒင်အချစ်ပုံပြင်: မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ

Tuesday 22 January 2013

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
Tuesday, January 22, 2013

မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည၆နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင်အတွင်း ယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုများမှာ ညနေ၆နာရီမှ၁၂နာရီအတွင်း ယာဉ်တိုက်မှု
(၁၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် စာလျှင် နှစ်ဆခန့် ပိုမိုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် (၁၇၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ညပိုင်းအချိန်ဆိုမန္တလေးမှာ ဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်တာတွေကြောင့်လည်း
သေဆုံးတာ ဖြစ်ပါတယ်၊ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်”ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။

ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုမှာလည်း တစ်နှစ်ထက်
တစ်နှစ် တိုးမြင့်လာခဲ့ကြောင်း၊ ဆိုက်ကယ်တိုက်မှုအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က (၅၁၆)မှု၊ သေဆုံးသူ(၁၇၄)ဦးနှင့် ဒဏ်ရာရသူ(၆၁၈)ဦး အထိ ရှိလာခဲ့သည့်အပြင် ယခင်နှစ်များထက် နှိုင်းစာပါက ဆိုင်ကယ်အစီးရေ သိသာစွာ တိုးတက်လာကြောင်း သိရသည်။

ယာဉ်တိုက်မှုနည်းပါးစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်လျက်
ရှိသည်နှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

လက်ရှိမန္တလေးခရိုင်အတွင်း ယာဉ်ထိန်း ရဲအင်အား၅၀၆ဦး နှင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း အချက်ပြမီပွိုင့်၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇)နေရာမှ  ကျောင်းယာဉ်ရှင်းလင်း ရေး(၁၁)နေရာ၊ စုစုပေါင်း
(၅၄)နေရာကို ယာဉ်ထိန်းရဲ(၁၁၄)ဦးနှင့် နေ့ညတာဝန်ချထား  
ဆောင်ရွက်လျက်ရှိကြောင်း အဓိက လမ်းပိုင်းနေရာများ၌ အချက်ပြမီးပွိုင့်
ထားရှိရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုထားကြောင်းနှင့် ပညာပေး
ဟောပြောပွဲများကိုလည်း စဉ်ဆက် မပြတ်ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

 “ ယာဉ်စီးရေ တိုးတက်လာမှုကြောင့် ယာဉ်တိုက်မှုလျော့ဖို့က မလွယ်လောက်သေးဘူးထင်တယ်” ဟု ယာဉ်စည်းကမ်းမှ တာဝန်ရှိသူ
တစ်ဦးက ၄င်း၏အမြင်ကို သုံးသပ်သည်။

မင်းခန့်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup

မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည ၆ နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင် အတွင်းယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုများမှာ ညနေ၆နာရီမှ၁၂နာရီအတွင်း ယာဉ်တိုက်မှု(၁၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် စာလျှင် နှစ်ဆခန့် ပိုမိုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် (၁၇၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ညပိုင်းအချိန်ဆိုမန္တလေးမှာ ဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင် တာတွေကြောင့် လည်း  သေဆုံးတာ ဖြစ်ပါတယ်၊ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။

ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ကြောင်း၊ ဆိုက်ကယ်တိုက်မှုအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က (၅၁၆)မှု၊ သေဆုံးသူ(၁၇၄)ဦးနှင့် ဒဏ်ရာရသူ(၆၁၈)ဦး အထိ ရှိလာခဲ့သည့်အပြင် ယခင်နှစ်များထက် နှိုင်းစာပါက ဆိုင်ကယ်အစီးရေ သိသာစွာ တိုးတက် လာကြောင်း သိရသည်။

ယာဉ်တိုက်မှုနည်းပါးစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်လျက်ရှိသည်နှင့်ပတ်သက်၍ ယာဉ်စည်း ကမ်းထိန်းသိမ်းရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

လက်ရှိမန္တလေးခရိုင်အတွင်း ယာဉ်ထိန်း ရဲအင်အား၅၀၆ဦး နှင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း အချက်ပြ မီပွိုင့်၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇)နေရာမှ ကျောင်းယာဉ်ရှင်းလင်း ရေး(၁၁)နေရာ၊ စုစုပေါင်း (၅၄)နေ ရာကို ယာဉ်ထိန်းရဲ(၁၁၄)ဦးနှင့် နေ့ညတာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း အဓိက လမ်းပိုင်းနေ ရာ များ၌ အချက်ပြမီးပွိုင့်ထားရှိရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုထားကြောင်းနှင့် ပညာပေး ဟောပြော ပွဲများကိုလည်း စဉ်ဆက် မပြတ်ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

“ ယာဉ်စီးရေ တိုးတက်လာမှုကြောင့် ယာဉ်တိုက်မှုလျော့ဖို့က မလွယ်လောက်သေးဘူးထင်တယ်” ဟု ယာဉ်စည်းကမ်းမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို သုံးသပ်သည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...