ဧဒင်အချစ်ပုံပြင်: Facebook မှာ ကိုယ့်ကို ပေးထားတဲ့ Comment တွေ ဖတ်ပြီး သက်မွန်မြင့် ပြန်အားယူ

Friday 18 January 2013

Facebook မှာ ကိုယ့်ကို ပေးထားတဲ့ Comment တွေ ဖတ်ပြီး သက်မွန်မြင့် ပြန်အားယူ

Q. Online Focus ဆုရတဲ့ အတွက် သက်မွန်ရဲ့ခံစားမှုက..

A. သက်မွန် အရမ်း ၀မ်းသာပါတယ်။ ဒါ ပရိသတ်တွေရဲ့ အားပေး မှုကို ဖော်ပြလိုက်တာပါ။ ကိုယ့်ကို ပရိသတ်တွေက ဘယ်လောက်ချစ်၊ အားပေးတယ်ဆိုတာ သိလိုက်ရတာပါ။ ဒီဆု ရလိုက်တဲ့ အချိန်မှာ အရမ်း အံ့သြ ၀မ်းသာတယ်။ ပြီးတော့ သြော်.. ကိုယ့်ကို ချစ်ခင်တဲ့ ပရိသတ်တွေ ဒီလောက် များပါလားဆိုတာ သိလိုက်ရတော့ ပိုပြီး အားရှိသွားတယ်။
Q. Facebook က Thet Mon Myint ဆိုတာ ကိုယ်တိုင် သုံးတာလား။
A. သက်မွန် Fan Page တစ်ခု ရှိတယ်။ သက်မွန်က အင်တာနက် သုံးတာ အရမ်း အားနည်းတယ်။ သိပ်ပြီး နားမလည်ဘူး။ မသုံးတတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ Facebook မှာ ကိုယ့်ဓာတ်ပုံ ကိုယ်ပြန်ကြည့်ပြီး Comment လေးတွေ ဖတ်ပြီး အားတော့ ပြန်ယူရတာပေါ့။
Q. ကိုယ့်ကို ပေးထားတဲ့ Comment တွေအပေါ်မှာ ခံစား မိတာက..

A. ကောင်းတာ ပြောတဲ့အပေါ်မှာ သေသေ ချာချာ သူတို့ ပြောတာလေးကို မှတ်သားတယ်။ သူတို့ လုပ်စေချင်တဲ့ ပုံစံလေးတွေ သေချာ မှတ်ပြီး ကြိုးစား လုပ်ပေးတယ်။ မကောင်းတာ ပြောတဲ့ အပေါ်မှာလည်း ဘာဖြစ်လို့ သူတို့ ဒီလို ပြောတာလဲ၊ ငါ တကယ် ဒီလိုလား ဆိုပြီး သေသေ ချာချာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပါတယ်။
Q. ဒီ Fan Page လေးကို ဘာကြောင့် ဖွင့်တာလဲ။
A. လိုအပ်တယ်လို့ ထင်ပါ တယ်။ သက်မွန် ချစ်တဲ့ ပရိသတ်တွေက ဒီ Fan Page လေး ဖွင့်မယ်ဆိုတဲ့ အချိန်မှာ အရမ်း ၀မ်းသာသွားတယ်။ သက်မွန်ရဲ့မောင်နှမ တွေကလည်း ကိုယ်နဲ့ အတူ ရှိနေတာ မဟုတ်ဘူး။ အနုပညာ အလုပ်ကလည်း အချိန် အရမ်းပေးရတယ် ဆိုတော့ သက်မွန် မလုပ်နိုင်ဘူး။ ဒီ Fan Page က သက်မွန် ပရိသတ်က ဖွင့်ပေးထားတာ။ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တော့ဘူးလေ။ အဆိုတော်တွေဆို ပရိသတ် ထိတွေ့ရတာ များတယ်။ သက်မွန်တို့ သရုပ်ဆောင်တွေ ကျတော့ ပရိသတ်နဲ့ ထိတွေ့မှု မရှိဘူး။ ဒါလေးက အနီးစပ်ဆုံး ထိတွေ့မှုဆိုတော့ အရမ်း ၀မ်းသာတယ်။ Facebook လုပ်ပေးတဲ့ Admin တွေကို ကျေးဇူးတင်တယ်။ စိတ်ဝင်တစားနဲ့ ကြည့်ပြီး အားပေး တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး တင်တယ်။
Q. အာဒံ၊ ဧ၀ အကယ်ဒမီ ရပြီးကတည်းက စိုင်းစိုင်းနဲ့ အချိန်တိုင်း နီးပါး ဓာတ်ပုံ တွဲရိုက်တဲ့ အပေါ် ဝေဖန်ကြတယ်နော်။
A. ကိုယ်တွေက မော်ဒယ်လ် စလုပ်ကတည်းက ခင်လာတာဆိုတော့ အရမ်း ရင်းနှီးပြီး ပြောမနာ၊ ဆိုမနာလည်း ဖြစ်နေပြီ။ ဘာခံစား ချက်မှလည်း ပြောင်းလဲသွားတာလည်း မဟုတ်ဘူး။ သူနဲ့ တွဲရိုက်လို့ အပြောခံရမှာလား ဆိုတာလည်း မရှိတော့ဘူး။ သူနဲ့က မောင်နှမလို၊ သူ ငယ်ချင်းလိုလည်း ပြောလို့ ရတယ်။ အရမ်း ရင်းနှီးနေတော့ တစ်ယောက် နဲ့တစ်ယောက် သာတယ်၊ နာတယ်လည်း မရှိဘူး။ စချင် နောက်ချင်စိတ် ပဲရှိတယ်။ ဥပမာ-အကယ်ဒမီပွဲ တုန်းကဆိုလည်း လက်ချိတ်လိုက် တာလည်း စလိုက်တာပဲ။ ဒါပေမဲ့ အမှတ်တရလေးတော့ ဖြစ်သွားတာ ပေါ့။ အကုန်လုံးက ၀ိုင်းပြောတယ်ဆို တော့လေ။
Q. တွဲရိုက်တဲ့ ပုံတွေမှာ သက်မွန်နဲ့ စိုင်းစိုင်းကို မလိုက်ဘူးလို့ ပြောသလို လိုက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ကိုရော..
A. စိုင်းစိုင်းသိရင် လာသတ် လိမ့်မယ်။
Q. ၂၀၁၃ ထဲမှာ လက်ခံထားတဲ့ ရုပ်ရှင် ကားကြီးတွေရော ရှိလား။
A. ဟုတ်ကဲ့ ရှိပါတယ်။ ဘယ် မင်းသားနဲ့ များမလဲဆိုတာကတော့ သေချာမှ ပြောတာပဲ ကောင်းပါတယ်။
Q. သက်မွန် ဒီနှစ်ပိုင်းမှာ ဖက်ရှင်တွေကို ဂရုတစိုက် ပြင်လာသလိုပဲ။
A. ဒါကတော့ အလုပ်က သင်ပေးသွားတာပါ။ စလုပ်တုန်းက သက်မွန် အလှအပကို ဒီလောက် စိတ်မ၀င်စားဘူး။ လိုအပ်လာတဲ့ အပေါ်မှာ ကိုယ့် အားနည်းချက်ကို ပြန်ပြင်ရတာပေါ့။
မေသက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...