ဧဒင်အချစ်ပုံပြင်: Human Papillomavirus (HPV) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါ

Wednesday 16 January 2013

Human Papillomavirus (HPV) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါ

ဧဒင်| | |အချစ်| | |ပုံပြင်

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယလူမျိုး Mohammad Latif Khatana ဟာ Human Papillomavirus (HPV) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်..။ အဲ့ဒီ ရောဂါဟာ သူရဲ့မျက်နှာပေါ်မှာ ကြီးမားတဲ့ အဆီထုံးတွေဖြစ်စေပြီး မျက်လုံးတစ်ဖက် မမြင်ရတော့တဲ့ အထိ ဆိုးဝါးခဲ့ပါတယ်..ကျန်တဲ့ မျက်လုံးတစ်ဖက်က မြင်ရသေးပေမယ့် အခုဆိုရင် မျက်နှာပေါ်က အဆီကြိတ်တွေက ပိတ်ဆို့နေပြီဖြစ်ပါတယ်..။




သူဟာ ကံဆိုးစွာပဲ မွေးကတည်းက ဒီရောဂါ ပါလာခဲ့တာဖြစ်ပါတယ်..။ ဒီရောဂါကြောင့်သူဟာ ကလေးဘ၀ကတည်းက သူများရဲ့ အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဖြစ်ခဲ့ရပါတယ်..။ အသက်အရွယ်ရလာတဲ့ အခါမှာလည်း ဘယ်သူကမှ အလုပ်မပေးတာကြောင့် လမ်းပေါ်မှာထွက်ပြီး တောင်းစားခဲ့ရပါတယ်..။
ဘ၀ရဲ့ အလှည့်အပြောင်းအဖြစ်.. ၂၀၀၈ ခုနှစ်မှာ Salima ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ ခဲ့ရပါတယ်…၊ Salima ကလည်း လုံးဝပြည့်စုံတဲ့သူတော့မဟုတ်ပါဘုး..။ သူမမှာ မွေးကတည်းက ခြေ တစ်ဖက်ပဲ ပါလာခဲ့ပါတယ်..။ သူတို့နှစ်ဦးဟာ မေတ္တာမျှခဲ့ပြီး အခုဆိုရင် ကလေးရဖို့ မျှော်လင့်နေပါတယ်..။

from- အောင်ထွန်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...