ဧဒင်အချစ်ပုံပြင်: ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းမှာ ဆေးကျောင်းသား တစ်ဦး အတွက် ကျောင်းစရိတ် တာဝန်ယူတဲ့လင်းလင်း (Make up artist)

Monday 28 January 2013

ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းမှာ ဆေးကျောင်းသား တစ်ဦး အတွက် ကျောင်းစရိတ် တာဝန်ယူတဲ့လင်းလင်း (Make up artist)

မိတ်ကပ်ပညာ ဆိုတာ တကယ် သင်မယ်ဆိုရင် လူတိုင်းလိမ်းတတ် တာဖြစ်ပေမယ့် ရင်ထဲကလာတဲ့ အနုပညာ၊ ရင်ထဲက လာတဲ့စေတနာ နဲ့ ပေါင်းစပ်မှ အကောင်း ဆုံးဖြစ် မယ် လို့ ခံယူထားသူကတော့ လင်းလင်း (Make up artist) ပဲဖြစ်ပါတယ်။ လင်းလင်း (Make up artist) က ၁၈နှစ်ကတည်းက မိတ်ကပ် ခင်စန်းဝင်းဆီ မှာ ပညာ စတင်သင်ယူခဲ့ တာဖြစ်တဲ့ အတွက် လက်ဦးဆရာ ကတော့ မိတ်ကပ် ခင်စန်းဝင်းဖြစ်ကြောင်း  ပြောပါတယ်။ အခုဆိုရင် ၁၂နှစ် သက်တမ်း ရှိသွားပြီ ဖြစ်တဲ့ လင်းလင်း (Make up artist) က “လင်းရဲ့ မြင်ဆရာ၊ သင်ဆရာတွေကတော့ ဦးမာ၊ ဦးစိုး၊ အန်တီပေါက်၊ အန်တီ ဒီဇင်ဘာနှင်း အများကြီးပါပဲ။ ကိုယ့်ထက်ငယ်တဲ့ လူဖြစ်ဖြစ်၊ ကိုယ့်ထက်ကြီးတဲ့ လူပဲဖြစ်ဖြစ် အကုန်လုံးက
တစ်မျိုးစီတော်နေကြတာ ဆိုတော့ တစ်ခုမဟုတ် တစ်ခုက လင်းရဲ့မြင်ဆရာ၊ သင်ဆရာတွေပါပဲ။ လင်းလု လာတဲ့ သက်တမ်းကလည်း ၁၂နှစ်ကျော် ပါပြီ။ အဲဒီသက်တမ်း တစ်လျှောက်မှာလည်း ကိုယ့်ရဲ့အလုပ်က လူကို သင်သွားတာပေါ့။ ရှုတင်တွေ လိုက်ခဲ့ရတယ်။ ကိုနေတိုး ဆို မာမီရှိန်း လိမ်းခဲ့တယ်။ ကိုပြေတီဦး ဆိုရင် ရင်ဘတ်ကြီးနဲ့ ချစ်ကြည့်မယ်။ မင်းသမီးထဲမှာ လိမ်းခဲ့တာကတော့ မဆင့် (မေသန်းနု)ပေါ့။ မဆင့်က ကိုယ့်ရဲ့မင်းသမီး ဆရာ ဆိုလည်း မမှားပါဘူး။ မဆင့်ကို ရှုတင်မှာလိမ်းတဲ့ အချိန်မှာ ဆံပင် လေးတွေ သိမ်းတာတွေ ကအစ ပြောပြောသင်သင် လုပ်ခဲ့တဲ့အတွက် ဒီအကျိုးကျေးဇူးတွေ က လည်း တစ်ချိန်မှာ အသုံးဝင်ခဲ့တာပဲ။ ဆုမြတ်ရွှေစင်၊ အေးဝတ် ရည်သောင်း၊ နှင်းဝတ်ရည်သောင်း တို့နဲ့လိုက်ခဲ့တယ်။ အခုလက်ရှိ ဆိုရင် သင်ဇာဝင့်ကျော်၊ ဝိုင်းစုခိုင်သိန်း၊ ချစ်သုဝေ၊ မအူဝဲ (အိန္ဒြာကျော်ဇင်)၊ သန္တာလှိုင်၊ နန်းမြတ်ဖြိုးသင်း၊ မေဖြူဖြူ၊ မေ၊ ယုသန္တာတင်စတဲ့ မင်းသမီးတွေ ကိုလည်း လိမ်းပေးပါတယ်။ လင်းတို့ မိတ်ကပ်ဆရာတွေ နဲ့ မင်းသမီး ဆိုတာ အမြဲတမ်း စွယ်တော်ရွက်တွေလိုပါပဲ။ တစ်ယောက် နဲ့တစ်ယောက် မိသားစု စိတ်ကလေးနဲ့ပါပဲ။ အကျိုးမျှော်ကိုးပြီး လုပ်ခဲ့တာ မရှိပါဘူး။ အဲဒီအ တွက်ကြောင့် အားလုံးရဲ့ ခင်မင်ချစ်ခင်ခြင်းကို လင်းခံရတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ လင်းလင်းက ပြေတီဦးဖောင်ဒေးရှင်း အတွက် ဆေးကျောင်းသား တစ် ယောက် ကို ဆရာဝန်ဖြစ်တဲ့အ ထိ တာဝန်ယူပြီး ကျောင်းစရိတ် ဒါနပြုခဲ့ပါတယ်။ “လင်း တစ်ယောက်တည်း အလှူမဟုတ်ပါဘူး။ ပွဲတိုင်းမှာရတဲ့ ပိုက်ဆံ အားလုံးကို အချိုးကျစီ ဖယ်ထားပြီး လှူရင် အဲဒီထဲက လှူတာတန်းတာ ဖြစ်တဲ့ အတွက် လင်းနဲ့အတူ လင်းရဲ့ အားပေးသူတွေရဲ့ အလှူဖြစ်ပါတယ်။ ဒီပညာရေးကို အားပေးရတဲ့ အကျိုး ရည်ရွယ်ချက်ကလည်း မြန်မာ ပြည်မှာ ကျန်းမာရေးနဲ့ ပညာရေးက တအား လိုအပ်နေတဲ့ အတွက်ကြောင့်ပါ” လို့ကျောင်းစရိတ် ဒါနပြုခဲ့တဲ့ အကြောင်း ပြော ပါတယ်။
ခိုင်ဝေလွင်-popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...