ဧဒင်အချစ်ပုံပြင်: စစ်မှုထမ်းချိန်တွင် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့မှုအတွက် Rain စစ်ဆေးခံရမည်

Wednesday, 2 January 2013

စစ်မှုထမ်းချိန်တွင် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့မှုအတွက် Rain စစ်ဆေးခံရမည်

rainတောင်ကိုရီးယား Popဂီတ ကြယ်ပွင့် Rainအနေဖြင့် နိုင်ငံ၏ ထိပ်တန်း နာမည်ကျော် မင်းသမီး တစ်ဦးနှင့် တိတ်တဆိတ် သွားရောက် တွေ့ဆုံခဲ့ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ပါပါရာဇီများက Rainသည် ကင်မ်တေဟီး ရှိနေသည့် မြို့သို့ သွားရောက်ခဲ့ကြောင်း ဓာတ်ပုံရိုက်ကူး ဖော်ပြခဲ့သည်။ ထို့ကြောင့် လက်ရှိ စစ်မှုမထမ်းမနေရ စနစ်ဖြင့် စစ်တပ်ထဲ ရောက်နေသည့် Rainမှာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဆေးမှုကို ခံယူရတော့မည် ဖြစ်သည်။

ဝန်ကြီးဌာနကလည်း ယင်းဖြစ်စဉ်တွင် Rainအနေဖြင့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ စုံစမ်းသွားမည်ဟု ဆိုသည်။ တေဟီး၏ မြို့သို့ ရောက်နေချိန်တွင် Rainသည် စစ်မှုထမ်း တာဝန်ချိန် ဖြစ်နေသည်ဟုလည်း ယူဆရသည်။ Rainသည် နိုင်ငံ၏ စစ်တပ်တွင် အမှုထမ်းရာ၌ တပ်တွင်းဖျော်ဖြေရေး ကဏ္ဍအတွက် တာဝန်ယူထားရသည်။ ၎င်းသည် ဆိုးလ်မြို့တော်ရှိ စစ်စခန်းတွင် တာဝန်ကျနေဆဲတွင် ပုဂ္ဂလိက တွေ့ဆုံမှုများကို တားမြစ်ကန့်သတ် ခံထားရသည်။

Kim Tae-hee

အထူးသဖြင့် ပြင်ပဖျော်ဖြေပွဲများနှင့် သီချင်းကိစ္စများအတွက် လတ်တလောတွင် လုပ်ဆောင်ခွင့် မရှိချေ။ တေဟီး၏ အေဂျင်စီက ယင်းနာမည်ကျော် နှစ်ဦးသည် လွန်ခဲ့သော တစ်လခန့်က စတင်၍ Dateခဲ့ကြကြောင်း ပြောဆိုထားသည်။ Rain၏ အေဂျင်စီကမူ ယင်းသတင်းကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မရှိချေ။ Rainသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်၍ စစ်မှုထမ်းခဲ့ပြီး ယင်းသတ်မှတ်ချက်သည် ဇူလိုင်လတွင် ပြီးဆုံးမည်ဟု သိရှိရသည်။

by-planet

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...