ဧဒင်အချစ်ပုံပြင်: ပရိသတ်မှအမေး - အနုပညာရှင်မအဖြေ To & From

Tuesday 22 January 2013

ပရိသတ်မှအမေး - အနုပညာရှင်မအဖြေ To & From

Photo: ပရိသတ်မှအမေး - အနုပညာရှင်မအဖြေ To & From
မေး - Ma Seng Aung မြစ်ကြီးနား

ဖြေ - ၀ိုင်းစုခိုင်သိန်း
------------------------------------------------------------------
8 DAYS ဂျာနယ်မှာ ပရိသတ်မှ အမေးအနုပညာရှင်မှ အဖြေဆိုတဲ့ ကဏ္ဍလေးကိုတင် ဆက်ပေးလိုက်ပါတယ်။ ပြည်သူချစ်တဲ့ ကဏ္ဍလေးကိုတင်ဆက်ပေး လိုက်ပါတယ်။ ပြည်သူချစ်တဲ့ အနု ပညာရှင်တွေရဲ့ အကြောင်းကို သူတို့ချစ်တဲ့ပရိသတ်က 8 DAYS မှတစ်ဆင့် အနုပညာရှင်ထံသွား ရောက်မေးမြန်းပြီး သိလိုသမျှ ဖော် ပြပေးလိုက်ပါတယ်။

ကျွန်မက 8 DAYS Journal ရဲ့ ပရိသတ်တစ်ဦးပါ။ ကျွန်မက 8 DAYS a week Journal ကဏ္ဍတွေ ထဲက Hard Talk with Star, Behind the Scene နှင့် To & From ကဏ္ဍတွေကိုကြိုက်ပါတယ်။ To & From မှ ကျွန်မကြိုက်တဲ့ မ၀ိုင်းစုကိုမေးမြန်းပေးပါနော်။ ကျွန်မ က မ၀ိုင်းစုရဲ့ ပရိသတ်တစ်ဦးမို့လို့ပါ။ 

Q. မ၀ိုင်းစုရဲ့ အခုလတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပါနော်။
A. အခုလတ်တလောကတော့ သီချင်းတွေဆိုဖြစ်နေသလို၊ ဇာတ်ကားအနေနဲ့ကတော့ ကောင်းပြည့်နဲ့ ချစ်ခွင့်ရှိသူ ဆိုတဲ့ ဇာတ်ကား လေးရိုက်နေပါတယ်။ ၀ိုင်းစုက ဖက်တီးမကာရိုက်တာအနေနဲ့ သရုပ် ဖော်ထားတယ်။ အခု အဲဒီဇာတ်ကားအတွက် ချောင်းသာမှာလာ ရိုက်နေကြတာလေ။ ပြီးရင်တော့ Now How ပွဲအတွက် သီချင်းဆို မယ်၊ နိုင်ငံခြားခရီးစဉ်တစ်ခုသွားဖို့ အစီအစဉ်လည်းရှိပါတယ်။

Q. မ၀ိုင်းစုရဲ့ အမည်ရင်းနဲ့ အိမ်လိပ်စာကိုပြောပြပါနော်။
A. ၀ိုင်းစုခိုင်သိန်းဆိုတာ ငယ်ငယ်ကတည်းကနာမည်အရင်းပါ။ ၀ိုင်းစုရဲ့လိပ်စာက ၆၅/၇၀ ၊ သံသုမာလမ်းမကြီး၊ ချမ်းသာဂုဏ်ရောင်အိမ်ရာ၊ မင်္ဂလာတောင်ညွန့် မြို့နယ်ဆိုရင်ရောက်ပါပြီ။

Q. မ၀ိုင်းစုက အရင်ကထက် အခုပိုပိုချောလာတယ်။ စာရေးရင်ရော စာပြန်မှာလား။ မ၀ိုင်းစုလက် မှတ်ထိုးထားတဲ့ ဓာတ်ပုံလှလှလေး (၂)ပုံလိုချင်တယ်။ ပေးမှာလား။
A. ကျေးဇူးတင်ပါတယ်။ စာရေးရင်လည်း ၀ိုင်းစုအနေနဲ့ ကြိုး စားပြီးပြန်ပေးပါတယ်။ ဓာတ်ပုံကို တော့ 8 DAYS ကနေတစ်ဆင့် ပို့ပေး လိုက်ပါမယ်နော်။

Q. မျက်လှည့် တစ်ခွေလုံးက အရမ်းကောင်းတယ်။ အားလုံးက Own Tune တွေပဲလား။ Copy ပါရင်လည်း ဘယ်သီချင်းတွေဆို တာကိုပြောပြပါနော်။
A. ကိုယ်ပိုင်သံစဉ်သီချင်းတွေ တော်တော်များများပါတယ်။ ဒါပေမဲ့ အဲဒီက Copy သီချင်းက စနိုးဝှိုက်နဲ့ ဆည်းလည်းသံ သီချင်းကတော့ Ref ပြန်လုပ်ထားတာပါ။ 

Q. ချစ်သူမရှိတဲ့အချိန် သီချင်းဟာ အဝေးမှာရောက်နေတဲ့ ချစ်သူကို ရည်ရွယ်ထားတယ်ဆိုတာ တကယ်လား။
A. ဟုတ်ပါတယ်။

Q. မ၀ိုင်းစုကို အရမ်းကြိုက်တယ်။ ၀ိုင်းစု ဒီထက်မက အောင် မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။
A. ကျေးဇူးအများကြီးတင်ပါ တယ်။ ပေးတဲ့ဆုနဲ့လည်းပြည့်ပါစေ။

8 DAYS A WEEK ENTERTAINMENTမေး - Ma Seng Aung မြစ်ကြီးနား

8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...