ဧဒင်အချစ်ပုံပြင်: ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး (3 photos)

Tuesday 19 February 2013

ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး (3 photos)

ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့်
ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း
ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။

တိုက်မိသည့်အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပွဲချင်

းပြီးသေဆုံးခဲ့သည်။

ခရီးသည်တင်ကားပေါ်တွင်ပါလာသည့်ခရီးသည်များမှာထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို
ကား၏ညာဘက်ခြမ်းနင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။

သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...