ဧဒင်အချစ်ပုံပြင်: ရည်းစား မထားချင်သေးတဲ့ ဝါဆိုမိုးဦး

Monday, 18 February 2013

ရည်းစား မထားချင်သေးတဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးက ဒါရိုက်တာ မီးပွား ရိုက်ကူး တဲ့ ’မီးများအားလုံး ငြိမ်းပါစေ’ ဆိုတဲ့ မီးသတ် ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ ဝါဆိုမိုးဦးက မီးသတ်အရာရှိ တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။ ဒီလို ဇာတ်ရုပ်မျိုးကို ပထမဆုံး သရုပ်ဆောင်ရတာဖြစ်တာ ကြောင့် အသစ်ဖြစ်တာပေါ့ လို့ ပြောပြတဲ့ ဝါဆိုမိုးဦးက “ဇာတ်ရုပ် အသစ် တစ်ခုကို လုပ်ရတာ၊ တစ်ခါမှ မလုပ် ဖူးတော့ ကြိုးစားရတာပေါ့။ မီး လောင်တဲ့ နေရာကို ညွှန်ကြားရ တာမျိုးဆိုတော့ တအားကြီးတော့ လုပ်ရ တာ မဟုတ်ပါဘူး။

ဒီဇာတ် ကားလေးက ပညာပေး ဇာတ်ကား လေးပါ။ ဝါဆိုက အရင်ကတော့ မီးသတ် ဂုဏ်ပြုဇာတ် ကားရိုက်ဖူး တယ်။ မနှစ်က ရိုက်ထားတာ၊ ဒါက ဒုတိယ တစ်ခေါက်ပေါ့” လို့ ပြောပြ ပါတယ်။ ဝါဆိုမိုးဦးက ”Valentine’s Day တိုင်း အမြဲတမ်း တစ်ယောက်တည်း ပဲရှိတာ၊ရည်းစားလည်း မထားချင်သေး ဘူး။ မစဉ်းစားေ သးဘူး။ ဒါပေမဲ့ ပရိသတ်တွေက ဝါဆို့ကို အမှတ်တရ လက်ဆောင်လေးတွေ ပို့ပေးကြတဲ့ အတွက် ဝါဆို တအား ပျော်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ဝါဆိုမိုးဦးက ‘ဆယ့်နှစ်နာရီ သတို့သား’ ရုပ်ရှင်ဇာတ် ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင် ထားပြီး ဒရာမာ ဇာတ်ကားတွေပဲ အရိုက်များ တာကြောင့် ဒီဇာတ် ကားက ဟာသကားဖြစ်တဲ့ အတွက် ပေါ့ပေါ့ ပါးပါး နဲ့ ပရိသတ်တွေလည်း သဘောကျမှာ ဖြစ် သလို၊ ကိုယ်တိုင်လည်း အားရ ကျေနပ်ပါတယ်လို့ ပြောပြ ခဲ့ပါတယ်။
မေမွန်မောင်-yoyarlay.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...