ဧဒင်အချစ်ပုံပြင်: အနုပညာနဲ့ တည်ဆောက်ထားတဲ့ မိသားစု အိမ်ကလေးထဲက ဖခင်ရုပ်ပုံလွှာနဲ့ ပြေတီဦး

Monday 4 February 2013

အနုပညာနဲ့ တည်ဆောက်ထားတဲ့ မိသားစု အိမ်ကလေးထဲက ဖခင်ရုပ်ပုံလွှာနဲ့ ပြေတီဦး

စိတ်သွားရာ အရိပ်ပမာ သမီးလေးအတွက် ချစ်ခြင်းမေတ္တာ
“အချိန်ကတော့ လောက်ကို မလောက်ဘူး။ အလုပ်လုပ်တဲ့ အချိန်  တင်းနစ်ရိုက်တဲ့ အချိန်နဲ့၊ သမီးနဲ့အတူ နေတဲ့ အချိန်တွေနဲ့ ဆိုတော့ အားလပ်ချိန်ကို မရှိသလောက်ပဲ။ ကျွန်တော် တင်းနစ် သွားရိုက်တဲ့ အခါ သမီးလေးကိုခေါ်သွားတယ်။ သမီး ကလည်း အခုဆိုရင် တင်းနစ် ရိုက်တာကို တအား ဝါသနာပါတယ်။ သမီး ဖေဖေ တင်းနစ် ရိုက်ရင် ဘယ်လိုရိုက် လဲဆိုရင် “ဖုန်း” သူက လက်ပါပါတယ်။ လုပ်ပြ တတ်တယ်။ မေမေက ဘယ်လို အားပေးလဲ ဆိုရင် “ကွ”၊ မေမေက  ဖေဖေကွလို့  အားပေး တာကို “ကွ” “ကွ” နဲ့။ ပြီးရင် တင်းနစ် Rocket  ကိုဆွဲပြီး တင်းနစ်ကွင်းထဲ ကိုဝင်တယ်။ သူက ရိုက်မှာတဲ့။ သမီးက တင်းနစ်
ကွင်းလိုက်လို့ ရှိရင် သူပျော်သလို ကျွန်တော် လည်း ပျော်ပါတယ်။ ကျွန်တော် တို့အလုပ်က သတ်မှတ် လို့မရဘူး။ ဒီနေ့ ညဘက်အားတယ် လို့မနက် ကပြောခဲ့ပေမယ့် ရှုတင်လို့ ရောက်တဲ့အခါကျ တော့ ဒါရိုက်တာ က ညဘက်တော့ ရိုက်လိုက်ပါကွာ ဆိုရင် ချက်ချင်းည ဘက် မအားတော့တာ မျိုးရှိတယ်။ ဘယ် ရက်ကို ဘယ်လိုဖြစ်မယ်လို့ ပုံသေ သတ်မှတ် ထားလို့ မရဘူး။ ကျွန်တော် ဆိုရင် ကြာသပတေးနေ့တိုင်း တစ်ပတ် တစ်ခါ ညဘက်ဘုရား တက်ချင်တယ်။ ဒါပေမဲ့ အဲဒီလို သတ်မှတ်လို့မရဘူး။ ကိုယ်က ဘုရားတက်ချင်လို့ ညဘက် ဇာတ် ကားမရိုက်ဘူး ဆိုရင် ဒီဘက်မှာ လူတွေ အများကြီးနဲ့ လုပ်နေရတဲ့ အလုပ်မှာ ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ် မှာစိုးတဲ့ အတွက်ကြောင့် တစ် ပတ် ကို တစ်ရက် ဆိုရင်တောင်မှ အားတဲ့ ရက်ကျမှပဲ ဘုရားတက်ရတယ်။ မနက် ၉ နာရီ၊ ၉ နာရီခွဲ လောက်ဆိုရင် ရှုတင်လာတယ်။ သမီး က လည်း မနက် ၆နာရီ ဆိုရင်နိုးနေပြီ။ ကျွန်တော် တို့က ၇ နာရီလောက်ထ၊ ရေမိုးချိုး ပြီးတာနဲ့ သမီးနဲ့နေတယ်။ ဆော့တယ်။ ပြီးရင် ရှုတင် လာတယ်။ သမီးအတွက် အချိန် တအား နည်းတာမျိုးတော့ သူများ မိဘ တွေ ထက် ထူးပြီးတော့ မဖြစ်ပါဘူး”
သားသမီးယူဖို့အစီအစဉ်နဲ့ သမီးရဲ့ထူးခြားချက်
“သားသမီး နောက်တစ်ယောက် ထပ်ယူဖို့ လောလောဆယ် အစီအစဉ် မရှိသေပါဘူး။ ဒီသမီးလေး တစ်ယောက်ကိုပဲ တော်တော်ပြုစု ပျိုးထောင်နေရတယ်။ ထူးခြားတာ ကတော့ သမီး လေးက အရွယ်နဲ့ မလိုက်အောင် အသိဥာဏ်တွေ ရှိနေတာပဲ။ သီချင်းတွေဆို ရင် သီချင်း ဖွင့်တဲ့ အမျိုးအစား အပေါ် မူတည်ပြီးတော့ သူ ကတတ်တယ်။ ဒစ္စ ကို အလိုက်နဲ့ သူ့ကိုယ်ကို လှုပ်တယ်။ သီချင်းဆွေးဆွေး၊ အေးအေးဆိုရင် မလှုပ်တော့ဘူး။ ဘယ်ယိမ်း၊ ညာယိမ်း လက်လေးတွေ မြှောက်တယ်။ သီချင်း သံစဉ်ပေါ် လိုက်ပြီး သူလိုက်ကတတ်တယ်။ သီချင်းတွေရဲ့ နောက်ဆုံး စာသားလေးတွေကို သူအကုန်ရတယ်။ မင်းက ကိုယ့်ရဲ့အချစ်ဆုံး ဆိုရင် သူက “ပါ”၊ ကိုယ့်ဘဝလေး ရဲ့အလို အပ်ဆုံး ဆို ရင် “ရာ”၊ မက်ခွင့်ရတဲ့ အိပ်မက်ဆိုရင် “တွေ”၊ အရာရာ မင်းကြောင့် ပြည့်စုံဆို ရင်”လာ”အဲဒါမျိုးတွေ သူ နောက်ဆုံး စာလုံးလေးတွေကို အလွတ်ရတယ်။ တစ်ခါတလေ သူသီချင်းနား ထောင် နေရင် သီချင်းစာသားရဲ့ နောက်ဆုံး စာလုံးတွေကို သီချင်းနဲ့ အတူတူ လိုက် ဆိုတယ်။ သူဦးနှောက်တော့ တော် တော်လေးကောင်း တယ်”သမီးလေးအပေါ်မျှော်လင့်ချက်
“ကျွန်တော်ကတော့ မမျှော်လင့်ထားဘူး။ဘဝကို ဘယ်လို ပုံစံနဲ့ ဖြတ်သန်း၊ ဖြတ်သန်း ကျွန်တော်ကတော့ ကောင်းတယ်လို့ ယူဆတယ်။ အရင်တုန်း ကတော့ ကျွန်တော့် အယူအဆ က လူရယ်လို့ ဖြစ်လာပြီ ဆိုရင် ရိုးရိုး  သာမန် လူတစ်ယောက် အနေနဲ့ ဘဝ ကြီးကို ရှင်သန်ပြီး သေသွားတာထက် စာရင် ထူးချွန်တဲ့ လူတစ်ယောက်ဖြစ် ရမယ်။ ဒါမှပဲ အဓိပ္ပာယ် ရှိတဲ့ဘဝ တစ်ခုဖြစ်မယ်လို့ ယူဆတယ်လေ။  နည်း နည်းလေး အသက် ကြီးလာတဲ့အခါ ကျတော့ ကျွန်တော့်ရဲ့ အယူအဆ ပြောင်းသွားတယ်။  ဘဝမှာ ခုနက ပြောတဲ့ အောင်မြင်ခြင်းတွေ၊ ပစ္စည်း ဥစ္စာတွေ နောက်လိုက်ပြီး ပင်ပန်းနေ တာထက် စာရင်ဘဝကို အေးအေးလေး နဲ့၊ ရိုးရိုးလေးနဲ့ စိတ်ချမ်းသာသာနဲ့ ကိုယ် တတ်နိုင်သမျှ သူများအကျိုး တွေကို လုပ်ရင်းနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားတာကလည်း တော်တော်လေး အဓိပ္ပာယ် ရှိတယ် လို့ထင်တယ်။ ဘဝမှာ ဘယ်လောက် ပဲ အောင်မြင်အောင် လုပ်လုပ်၊ တိုးတက် အောင်လုပ်လုပ်၊ အရာအားလုံးက ပျောက်သွားတာပဲလေ။ အဲဒီတော့ ဘဝကြီးကို ပင်ပန်းမှုတွေနဲ့ ရှင်သန် မယ့် အစား မျိုးကြီးရဲ့သီချင်းထဲကလို ရိုးရှင်းသော ဘဝလိုပေါ့”
ခိုင်ဝေလွင်-popularmyanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...