ဧဒင်အချစ်ပုံပြင်: မယားငယ်ကို မယားကြီးဖြစ်သူက ဓားဖြင့်ထိုးသတ်

Thursday 7 February 2013

မယားငယ်ကို မယားကြီးဖြစ်သူက ဓားဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကြခတ်ကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက်ည ၇နာရီခွဲ အချိန်ခန့်က ခင်ပွန်းသည် အိမ်ထောင်ရေး ဖောက်ပြန် သည်ကို တွေ့ရှိရသဖြင့် မယားကြီးဖြစ်သူက မယားငယ် ဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ ဆောမြို့နယ် ကြခတ်ကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်သို့ တစ်ရွာတည်းနေ ဦးသန်းနိုင် အသက်(၄၈) ဆိုသူ ရောက်ရှိလာပြီး ၄င်း၏နေအိမ်တွင် မလှမြင့် အသက် (၄၂)နှစ်သည် ဒဏ်ရာများနှင့် သေဆုံးကြောင်း လာရောက် တိုင်တန်းခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆောရဲစခန်းသို့ သတင်းပေးပို့ပြီး အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးရာတွင် သေဆုံးသူ မလှမြင့်သည် ဦးသန်းနိုင်၏နေအိမ် အိပ်ခန်းအတွင်းရှိ
ခုတင်ပေါ်တွင် ရင်ညွန့်တည့်တည့်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်ရင်ညွန့်ဘေးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာမှ စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဦးသန်းနိုင်၏ ဇနီးဖြစ်သူ မစန်းအေး အသက်(၄၁) နှစ်အား စစ်ဆေးမေးမြန်းရာတွင် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်သည် သေဆုံးသူ မလှမြင့်နှင့် အိမ်ထောင်ရေး ဖောက်ပြန်နေသည်ကို တွေ့ရှိရသဖြင့် အသင့်ယူဆောင်လာသော ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ၄င်း၏သဘော ဆန္ဒအလျောက် ဝန်ခံထွက်ဆိုခဲ့သဖြင့် မစန်းအေးအား ဆောရဲစခန်းမှ (ပ) ၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...