ဧဒင်အချစ်ပုံပြင်: တရုတ် နိုင်ငံတွင် ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် လူ ၁ဝ ဦး သေဆုံး

Wednesday 6 February 2013

တရုတ် နိုင်ငံတွင် ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် လူ ၁ဝ ဦး သေဆုံး

  • တရုတ် နိုင်ငံတွင် ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် လူ ၁ဝ ဦး သေဆုံး

တရုတ် နိုင်ငံတွင် နှစ်ရက်အတွင်း ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ (Carbon monoxide) အဆိပ်သင့်မှု ကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ ဆေးပညာ ဆိုင်ရာ ကောလိပ်တစ်ခု အနီး အိမ်တစ်အိမ်၌ ကျောင်းသား ၅ ဦး သေဆုံးမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ဝ၈၃ဝ နာရီတွင် တွေ့ရှိခဲ့ ပါသည်။

အခြားဖြစ်စဉ် တစ်ခုမှာ Chaoyang စီရင်စု Shilihe ကျေးရွာရှိ ဈေးအနီးတွင် နေထိုင်သော နေအိမ် တစ်ခုမှ ၇ နှစ်သား ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ လူ ၅ ဦး သေဆုံး နေမှုအား တွေ့ရှိခဲ့ ရပါသည်။ တရုတ် နိုင်ငံ ရှိ ကျေးလက်ဒေသ အများစုသည် ကျောက်မီးသွေး လောင်စာသုံး မီးဖိုများကို ဆောင်းရာသီ၌ အသုံးပြုလေ့ ရှိကြောင်းနှင့် အဆိုပါ မီးဖိုများသည် ကာဗွန် မိုနောက်ဆိုက် အဆိပ် ဓာတ်ငွေ့ကို ဖြစ်ပေါ် စေနိုင်ကြောင်း သိရပါသည်။ လူ ၁ဝ ဦး သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/6315-2013-02-06-15-06-11#.URJCo_Jafrp

    by- myawady

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...