ဧဒင်အချစ်ပုံပြင်: ယာဉ်ကြောရှုပ်ထွေးနေသော နေရာများသို့ သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှ ညွှန်ကြားနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အရေးယူမည်

Friday 22 February 2013

ယာဉ်ကြောရှုပ်ထွေးနေသော နေရာများသို့ သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှ ညွှန်ကြားနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အရေးယူမည်


Photo: ယာဉ်ကြောရှုပ်ထွေးနေသော နေရာများသို့ သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှ ညွှန်ကြားနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အရေးယူမည်

Created on Saturday, 23 February 2013 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောရှုပ်ထွေးနေသည့် နေရာများသို့ သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

ရန်ကုန်မြို့အတွင်း လမ်းဆုံများ၊ မီးပွိုင့်များနှင့် လမ်းမကြီးများတွင် ယာဉ်ထိန်းရုံးငယ်များ ထားရှိပြီး လမ်းပိတ်ဆို့မှုကို ရှင်းလင်းရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း အချို့ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် တာဝန်ပျက်ကွက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ တာဝန်ပျက်ကွက်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ယူဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေးအရေးယူသွားမည် ဖြစ်သည်။

အဆိုပါ အရေးယူဆောင်ရွက်မှုအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ဗဟန်းမြို့နယ် လင့်လမ်းနဲ့ ဓမ္မစေတီလမ်းဆုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလို အရည်ချင်းရှိတဲ့ ၀န်ထမ်းတွေ အများကြီး မွေးထုတ်ဖို့ လိုတယ်။ ဒါ့အပြင် တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေကိုလည်း စစ်ဆေးပြီး အရေးယူသွားပါ့မယ်။ တချို့ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေက ယာဉ်ကြောတွေရှုပ်ထွေးနေတဲ့ အချိန်မှာ ယာဉ်ထိန်းရုံးထဲကနေပြီးတော့ ၀ီစီကိုပဲ ထိုင်ပြီးမှုတ်နေတယ်။ ယာဉ်ရှုပ်နေတဲ့နေရာကို မသွားဘဲ ထိုင်ပြီးစကားပြောနေတာတွေ၊ စာထိုင်ဖတ်နေတာတွေကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေက ရှောင်တခင် လှည့်ပတ်စစ်ဆေးမယ်။ ပထမအကြိမ်အနေနဲ့ သတိပေး ဆုံးမမယ်။ ဒုတိယအကြိမ်တာ ၀န်ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ နေရာပြောင်းရွှေ့မှုတွေ ရာထူးလျှော့ချတာတွေကို ဆောင်ရွက်သွားမယ်" ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အားကို ၁၄၀၀ ဦးအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်ယာဉ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ အမှုပေါင်း ၁၀၀၀၀ နီးပါး စစ်ဆေးအရေးယူခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။


eleven.ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောရှုပ်ထွေးနေသည့် နေရာများသို့ သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

ရန်ကုန်မြို့အတွင်း လမ်းဆုံများ၊ မီးပွိုင့်များနှင့် လမ်းမကြီးများတွင် ယာဉ်ထိန်းရုံးငယ်များ ထားရှိပြီး လမ်းပိတ်ဆို့မှုကို ရှင်းလင်းရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း အချို့ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် တာဝန်ပျက်ကွက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ တာဝန်ပျက်ကွက်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ယူဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေးအရေးယူသွားမည် ဖြစ်သည်။

အဆိုပါ အရေးယူဆောင်ရွက်မှုအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ဗဟန်းမြို့နယ် လင့်လမ်းနဲ့ ဓမ္မစေတီလမ်းဆုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလို အရည်ချင်းရှိတဲ့ ၀န်ထမ်းတွေ အများကြီး မွေးထုတ်ဖို့ လိုတယ်။ ဒါ့အပြင် တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေကိုလည်း စစ်ဆေးပြီး အရေးယူသွားပါ့မယ်။ တချို့ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေက ယာဉ်ကြောတွေရှုပ်ထွေးနေတဲ့ အချိန်မှာ ယာဉ်ထိန်းရုံးထဲကနေပြီးတော့ ၀ီစီကိုပဲ ထိုင်ပြီးမှုတ်နေတယ်။ ယာဉ်ရှုပ်နေတဲ့နေရာကို မသွားဘဲ ထိုင်ပြီးစကားပြောနေတာတွေ၊ စာထိုင်ဖတ်နေတာတွေကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေက ရှောင်တခင် လှည့်ပတ်စစ်ဆေးမယ်။ ပထမအကြိမ်အနေနဲ့ သတိပေး ဆုံးမမယ်။ ဒုတိယအကြိမ်တာ ၀န်ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ နေရာပြောင်းရွှေ့မှုတွေ ရာထူးလျှော့ချတာတွေကို ဆောင်ရွက်သွားမယ်" ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အားကို ၁၄၀၀ ဦးအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်ယာဉ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ အမှုပေါင်း ၁၀၀၀၀ နီးပါး စစ်ဆေးအရေးယူခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။


eleven.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...