
ဖြစ်ပွားပုံမှာ ကျိုက်လတ်မြို့သို့ မရောက်မီ ရေယာဉ်ထမင်းဆိုင်၌ အရက်သောက်ပြီးအလွန်အကျွံ မူးရစ်နေသူ ခရီးသည်လူငယ်တစ်ဦး၏ ရမ်းကားမှုကြောင့် ခရီးသည် ရဲဝန်ထမ်းတစ်ဦးက တားမြစ်ရာ အပြန်အလှန် ထိုးကြိတ်သတ်ပုတ်ကြသည်အထိ ရန်ပွဲကြီးမားလာသည်။အနောက်တိုင်းဆန်ဆန် ပုလင်းများကို ရိုက်ခွဲပြီး ပုလင်းခါးပြတ်ဖြင့် အရက်မူးရစ်နေသူက တိုက်ခိုက်ခြင်းဖြစ်ပြီး ၂ ဦးစလုံး သွေးသံရဲရဲဖြင့် ဒဏ်ရာများရရှိသွားကြသည်။ခရီးသည်များက သင်္ဘောတာဝန်ခံကို ၀ိုင်းဝန်းအော်ဟစ်ခေါ်ကြသော်လည်း တစ်ဦးတစ်ယောက်မျှ လာရောက်ဖြေရှင်းခြင်း မရှိဟု ခရီးသည်များကပြောကြားသည်။မြင်းကကုန်း ရောက်ခါနီးမှ ရန်ပွဲပြီးသွားကြောင်းသိရသည်။
ထမင်းဆိုင်၌ အရက်သေစာရောင်ချခြင်း၊ သင်္ဘောပေါ်တွင်တာဝန်ခံအဖြစ်ထိန်းမည့်သူမရှိခြင်း၊ ၆ ပေခန့် နေရာတွင် လူ (၄)ဦး ရောင်းချပြီး ပစ္စည်းတင်ရန် စင်မရှိခြင်း၊ ၀န်ထမ်းများဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ ၁၄.၁.၂၀၁၃ နေ့ကပုသိမ်သူဆိပ်ခံဘောမှ လူငယ်တစ်ဦးသေဆုံးပြုတ်ကျသေဆုံးခြင်း တို့ကြောင့် ခရီးသွားပြည်သူများက ရှပ်ပြေးရေယာဉ်အပေါ် စိတ်ပျက်နေလျက်ရှိကြောင်း ခရီးသွားလာမှုများပြားသူတို့က ပြောကြားပါသည်။
Maw Gyun City
No comments:
Post a Comment