ဧဒင်အချစ်ပုံပြင်: Mr. Bean မင်းသား၏ McLaren F1 ကား ပြင်ဆင်စရိတ် မူလကား ဈေးနှုန်း နီးပါး ကုန်ကျ

Sunday 10 February 2013

Mr. Bean မင်းသား၏ McLaren F1 ကား ပြင်ဆင်စရိတ် မူလကား ဈေးနှုန်း နီးပါး ကုန်ကျ


Photo: Mr. Bean မင်းသား၏ McLaren F1 ကား ပြင်ဆင်စရိတ် မူလကား ဈေးနှုန်း နီးပါး ကုန်ကျ 

Mr.Bean ဇာတ်လမ်းတွဲ၌ မင်းသားကြီး ရိုဝမ်အက်ကင်ဆန် အသုံး ပြုလေ့ ရှိသော McLaren F1 ကားသည် ၂ဝ၁၁ ခုနှစ် အတွင်းက ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ပျက်စီး သွားခဲ့ရာ ကားကို ပြန်လည် ပြင်ဆင် ခဲ့သည့် ကုန်ကျ စရိတ်မှာ ၎င်းကား၏ မူလ တန်ဖိုး နီးပါး ကုန်ကျခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။

၎င်း McLaren F1 ကား အတွက် ပြင်ဆင်မှု ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းကျော် ကုန်ကျ ခဲ့ပြီး အချိန် တစ်နှစ်ကျော်ကြာ ပြန်လည် ပြုပြင် ခဲ့ရသည်။ Mr.Bean မင်းသားကြီး အက်ကင်ဆန် သည် ၂ဝ၁၁ ခုနှစ်က ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့ရာတွင် ကား ပျက်စီး သွားခဲ့သည့် အပြင် ၎င်း၏ ပခုံး၌လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့သည်ဟု သိရသည်။

ကား ပြင်ဆင်စရိတ် အကုန်အကျ များခဲ့ရခြင်းမှာ McLaren F1 ကားကို ထုတ်လုပ် ခဲ့စဉ်က အရည် အသွေး ကောင်းသော ကာဗွန်ဖိုင်ဘာ ပစ္စည်းများ ကိုသာ အသုံး ပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု RK Harrison ကား အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဘန်းစတတ်က ပြောကြားသည်။

ထို့ပြင် McLaren F1 ကား အင်ဂျင် အထိုင် နေရာကို ရွှေဖြင့် ပြုလုပ်ခဲ့ခြင်း ကြောင့်လည်း ပုံမှန် ကားများနှင့် မတူဘဲ ပို၍ အကုန်အကျ များရခြင်း ဖြစ်ကြောင်း ဘန်းစတတ်က ပြောကြားသည်။

ယင်းကဲ့သို့သော ဈေးကြီးသည့် ကားများကို ပိုင်ဆိုင် ထားသူများသည် ၎င်းတို့၏ ကားများကို ရာသီဥတု ကောင်းမွန်သည့် အချိန်တွင် တစ်နှစ်လျှင် အကြိမ် အနည်းငယ် သာလျှင် အသုံး ပြုကြကြောင်း၊ သို့ရာတွင် မင်းသားကြီးသည် ၎င်း၏ ကားကို တွင်တွင်ကျယ်ကျယ် အသုံး ပြုခဲ့ကြောင်း ဘန်းစတတ်က ထပ်လောင်း ပြောကြားခဲ့သည်။

သို့ရာတွင် မင်းသားကြီး ကမူ စူပါ ကားများကို အသုံးပြု သင့်သည်ဟု ယူဆကြောင်း၊ တန်ဖိုးကြီး ကားများကို ကားဂိုဒေါင် အတွင်း မသိမ်းထား သင့်ဟု ၎င်းအနေဖြင့် ယူဆကြောင်း လန်ဒန် အိုလံပစ် ပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် မဂ္ဂဇင်း တစ်ခုသို့ ပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ကားကို မင်းသားကြီးက အလွန် နှစ်သက်ပြီး ၁၅ နှစ် ကြာ ပိုင်ဆိုင် ခဲ့သောကြောင့် ပျက်စီး သွားသည့်ကားကို ပြန်လည် ပြုပြင်ခြင်း ဖြစ်ကြောင်း သိရသည်။Mr.Bean ဇာတ်လမ်းတွဲ၌ မင်းသားကြီး ရိုဝမ်အက်ကင်ဆန် အသုံး ပြုလေ့ ရှိသော McLaren F1 ကားသည် ၂ဝ၁၁ ခုနှစ် အတွင်းက ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ပျက်စီး သွားခဲ့ရာ ကားကို ပြန်လည် ပြင်ဆင် ခဲ့သည့် ကုန်ကျ စရိတ်မှာ ၎င်းကား၏ မူလ တန်ဖိုး နီးပါး ကုန်ကျခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။

၎င်း McLaren F1 ကား အတွက် ပြင်ဆင်မှု ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းကျော် ကုန်ကျ ခဲ့ပြီး အချိန် တစ်နှစ်ကျော်ကြာ ပြန်လည် ပြုပြင် ခဲ့ရသည်။ Mr.Bean မင်းသားကြီး အက်ကင်ဆန် သည် ၂ဝ၁၁ ခုနှစ်က ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့ရာတွင် ကား ပျက်စီး သွားခဲ့သည့် အပြင် ၎င်း၏ ပခုံး၌လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့သည်ဟု သိရသည်။

ကား ပြင်ဆင်စရိတ် အကုန်အကျ များခဲ့ရခြင်းမှာ McLaren F1 ကားကို ထုတ်လုပ် ခဲ့စဉ်က အရည် အသွေး ကောင်းသော ကာဗွန်ဖိုင်ဘာ ပစ္စည်းများ ကိုသာ အသုံး ပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု RK Harrison ကား အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဘန်းစတတ်က ပြောကြားသည်။

ထို့ပြင် McLaren F1 ကား အင်ဂျင် အထိုင် နေရာကို ရွှေဖြင့် ပြုလုပ်ခဲ့ခြင်း ကြောင့်လည်း ပုံမှန် ကားများနှင့် မတူဘဲ ပို၍ အကုန်အကျ များရခြင်း ဖြစ်ကြောင်း ဘန်းစတတ်က ပြောကြားသည်။

ယင်းကဲ့သို့သော ဈေးကြီးသည့် ကားများကို ပိုင်ဆိုင် ထားသူများသည် ၎င်းတို့၏ ကားများကို ရာသီဥတု ကောင်းမွန်သည့် အချိန်တွင် တစ်နှစ်လျှင် အကြိမ် အနည်းငယ် သာလျှင် အသုံး ပြုကြကြောင်း၊ သို့ရာတွင် မင်းသားကြီးသည် ၎င်း၏ ကားကို တွင်တွင်ကျယ်ကျယ် အသုံး ပြုခဲ့ကြောင်း ဘန်းစတတ်က ထပ်လောင်း ပြောကြားခဲ့သည်။

သို့ရာတွင် မင်းသားကြီး ကမူ စူပါ ကားများကို အသုံးပြု သင့်သည်ဟု ယူဆကြောင်း၊ တန်ဖိုးကြီး ကားများကို ကားဂိုဒေါင် အတွင်း မသိမ်းထား သင့်ဟု ၎င်းအနေဖြင့် ယူဆကြောင်း လန်ဒန် အိုလံပစ် ပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် မဂ္ဂဇင်း တစ်ခုသို့ ပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ကားကို မင်းသားကြီးက အလွန် နှစ်သက်ပြီး ၁၅ နှစ် ကြာ ပိုင်ဆိုင် ခဲ့သောကြောင့် ပျက်စီး သွားသည့်ကားကို ပြန်လည် ပြုပြင်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...