ဧဒင်အချစ်ပုံပြင်: ကမ္ဘာတစ်ဝန်း မျက်မမြင်များ အတွက် စက်ရုပ် အင်္ဂါတု မျက်ဝန်း ဖြန့်ချိ တော့မည်

Friday 8 February 2013

ကမ္ဘာတစ်ဝန်း မျက်မမြင်များ အတွက် စက်ရုပ် အင်္ဂါတု မျက်ဝန်း ဖြန့်ချိ တော့မည်


Photo: ကမ္ဘာတစ်ဝန်း မျက်မမြင်များ အတွက် စက်ရုပ် အင်္ဂါတု မျက်ဝန်း ဖြန့်ချိ
************************************************
တော့မည်
*******

အမေရိကန် နိုင်ငံတွင် သုတေသီ များက ကာလရှည်ကြာ စမ်းသပ် သုတေသန ပြုလုပ်ပြီးနောက် နေ့ အလင်းရောင်ကို မြင်နိုင်သော ပထမဆုံး စက်ရုပ် အင်္ဂါတု မျက်ဝန်းကို တီထွင် ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မျက်စိ လုံးဝ မမြင်ရသည့် အသက် ၂၇ နှစ်မှ ၇၇ နှစ် အရွယ်ရှိ လူ ၃ဝ ဦးအား မျက်စိအတု တပ်ဆင် စမ်းသပ် ခဲ့ရာ အချို့မှာ သတင်းစာ ခေါင်းစဉ်များကို ဖတ်ရှုနိုင်ပြီး တချို့မှာ အရောင်များပင် ခွဲခြား မြင်နိုင်စွမ်း ရှိသည် ကို တွေ့ရသည်။ အဆိုပါ စနစ်က အိုမင်း၍ အမြင် ချို့ယွင်းသူ များကိုလည်း ပြန်လည် မြင်နိုင်စွမ်း ရှိကြောင်း သိရသည်။

Second Sight ဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှု ဌာနက တီထွင် ဖန်တီးခဲ့သည့် Argus II မျက်ကြည်လွှာ အင်္ဂါတု စနစ် အတွင်းရှိ မျက်ကြည်လွှာ အတွင်း၌ အီလက်ထရုတ် ၆ဝ ထည့်သွင်းထားပြီး စပါယ်ရှယ် မီနီ ကင်မရာ တပ်ဆင် ထားသော မှန်များ ပါရှိသည်။ Argus II စနစ်ကို ဥရောပ ဆေးဘက်ဆိုင်ရာ အဖွဲ့ အစည်း များက ထောက်ခံ ခဲ့ကြပြီး ဖြစ်သည်။

အဆိုပါ Argus II စနစ်၏ Photoreceptor Cell များသည် အလင်းရောင်ကို ကြွက်သား၏ အာရုံကြောအား လှုံ့ဆော် ပေးသည့် လျှပ်စစ် ဓာတုဆိုင်ရာ နှိုးဆွမှု အဖြစ် ပြောင်းလဲ၍ ၎င်းတို့အား စက္ခု အာရုံကြောမှ တစ်ဆင့် ဦးနှောက်သို့ ပေးပို့ သည်။ ယင်းပေးပို့ချက် များကို ဦးနှောက် အတွင်း၌ ပုံရိပ်အဖြစ် ပြောင်းလဲဖော်ပြ ပေးခြင်းဖြစ်သည်။

အဆိုပါ စက်ရုပ် အင်္ဂါတု မျက်ဝန်းအား အချို့ ဥရောပ မြို့ကြီးများတွင် တစ်ခုလျှင် ယူရို ၇၃ဝဝဝ (ဒေါ်လာ ၉၉၁၂ဝ) ဖြင့် ဝယ်ယူ ရရှိနိုင်ပြီး ၎င်းမျက်ဝန်း တုသည် ကမ္ဘာ့ ဈေးကွက်တွင် ပထမဆုံး စက်ရုပ် အလင်းပေး ကိရိယာ အဖြစ် ဝင်ရောက် လာရုံ သာမက အမေရိကန် နိုင်ငံ၏ ပထမ ဆုံးသော တီထွင် ဖန်တီးမှု တစ်ရပ် ဖြစ်ကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ဘရိန်းမက်ခ်ျက ပြောကြားထား သည်။ ။အမေရိကန် နိုင်ငံတွင် သုတေသီ များက ကာလရှည်ကြာ စမ်းသပ် သုတေသန ပြုလုပ်ပြီးနောက် နေ့ အလင်းရောင်ကို မြင်နိုင်သော ပထမဆုံး စက်ရုပ် အင်္ဂါတု မျက်ဝန်းကို တီထွင် ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မျက်စိ လုံးဝ မမြင်ရသည့် အသက် ၂၇ နှစ်မှ ၇၇ နှစ် အရွယ်ရှိ လူ ၃ဝ ဦးအား မျက်စိအတု တပ်ဆင် စမ်းသပ် ခဲ့ရာ အချို့မှာ သတင်းစာ ခေါင်းစဉ်များကို ဖတ်ရှုနိုင်ပြီး တချို့မှာ အရောင်များပင် ခွဲခြား မြင်နိုင်စွမ်း ရှိသည် ကို တွေ့ရသည်။ အဆိုပါ စနစ်က အိုမင်း၍ အမြင် ချို့ယွင်းသူ များကိုလည်း ပြန်လည် မြင်နိုင်စွမ်း ရှိကြောင်း သိရသည်။

Second Sight ဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှု ဌာနက တီထွင် ဖန်တီးခဲ့သည့် Argus II မျက်ကြည်လွှာ အင်္ဂါတု စနစ် အတွင်းရှိ မျက်ကြည်လွှာ အတွင်း၌ အီလက်ထရုတ် ၆ဝ ထည့်သွင်းထားပြီး စပါယ်ရှယ် မီနီ ကင်မရာ တပ်ဆင် ထားသော မှန်များ ပါရှိသည်။ Argus II စနစ်ကို ဥရောပ ဆေးဘက်ဆိုင်ရာ အဖွဲ့ အစည်း များက ထောက်ခံ ခဲ့ကြပြီး ဖြစ်သည်။

အဆိုပါ Argus II စနစ်၏ Photoreceptor Cell များသည် အလင်းရောင်ကို ကြွက်သား၏ အာရုံကြောအား လှုံ့ဆော် ပေးသည့် လျှပ်စစ် ဓာတုဆိုင်ရာ နှိုးဆွမှု အဖြစ် ပြောင်းလဲ၍ ၎င်းတို့အား စက္ခု အာရုံကြောမှ တစ်ဆင့် ဦးနှောက်သို့ ပေးပို့ သည်။ ယင်းပေးပို့ချက် များကို ဦးနှောက် အတွင်း၌ ပုံရိပ်အဖြစ် ပြောင်းလဲဖော်ပြ ပေးခြင်းဖြစ်သည်။

အဆိုပါ စက်ရုပ် အင်္ဂါတု မျက်ဝန်းအား အချို့ ဥရောပ မြို့ကြီးများတွင် တစ်ခုလျှင် ယူရို ၇၃ဝဝဝ (ဒေါ်လာ ၉၉၁၂ဝ) ဖြင့် ဝယ်ယူ ရရှိနိုင်ပြီး ၎င်းမျက်ဝန်း တုသည် ကမ္ဘာ့ ဈေးကွက်တွင် ပထမဆုံး စက်ရုပ် အလင်းပေး ကိရိယာ အဖြစ် ဝင်ရောက် လာရုံ သာမက အမေရိကန် နိုင်ငံ၏ ပထမ ဆုံးသော တီထွင် ဖန်တီးမှု တစ်ရပ် ဖြစ်ကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ဘရိန်းမက်ခ်ျက ပြောကြားထား သည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...