ဧဒင်အချစ်ပုံပြင်: ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကို ကူညီရန် ဂျူမုံ မြန်မာနိုင်ငံသို့လာမည်

Wednesday 10 April 2013

ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကို ကူညီရန် ဂျူမုံ မြန်မာနိုင်ငံသို့လာမည်

ဗိုလ်ချုပ် အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ရာတွင် အကူအညီ ပေးရန်အတွက် ကိုရီးယား နာမည်ကြီး မင်းသား (ဆောင်အီဂွတ်) ဂျူမုံ မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ် လာရောက်မည် ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက ပြောကြားသည်။ "ဂျုံမုံနဲ့ ဂျူမုံ ဇာတ်ကား ရိုက်ကူးတဲ့ ဒါရိုက်တာ တို့က အမေစုရဲ့ ခြံထဲမှာ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွေနဲ့ တွေ့မှာပါ။ ဗိုလ်ချုပ် ဇာတ်ကား ရိုက်ကူး တဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လိုကူညီ နိုင်မယ် ဆိုတာကို လာလေ့ လာတာပါ။ ကျွန်တော်တို့က သီးသန့် ဖိတ်ကြားတာ မဟုတ်ဘဲနဲ့ အလည် လာရင်းနဲ့ လာမှာပါ"ဟု ၎င်းက ပြောကြားသည်။ ဂျူမုံနှင့် ဒါရိုက်တာ တို့သည် ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နှင့် ဧပြီလ ၂၃ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်၏ ခြံတွင် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယား မင်းသား ဂျူမုံသည် ၂၀၁၀ ခုနှစ် တွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် ကိုရီးယား ရုပ်ရှင် ပွဲတော်သို့ ပထမ အကြိမ်လာရောက် ခဲ့ဖူးပြီး ယခုအခါသည် ဒုတိယ အကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သည် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် ဇာတ်ရုပ် သရုပ်ဆောင် များကို မေလတွင် စခန်းသွင်း လေ့ကျင့်ပေးရန် ရှိကြောင်း သိရသည်။
By Pyi Myanmar
from: ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...