ဧဒင်အချစ်ပုံပြင်: တရားမဝင် ကြံ့ချို ရောင်းဝယ်မှုများ အာဖရိကမှ အာရှဒေသသို့ ပျံ့နှံ့ လာခဲ့

Sunday 24 February 2013

တရားမဝင် ကြံ့ချို ရောင်းဝယ်မှုများ အာဖရိကမှ အာရှဒေသသို့ ပျံ့နှံ့ လာခဲ့


Photo: တရားမဝင် ကြံ့ချို ရောင်းဝယ်မှုများ အာဖရိကမှ အာရှဒေသသို့ ပျံ့နှံ့ လာခဲ့

တောင်အာဖရိက နိုင်ငံတွင် ယခုနှစ်ပိုင်း ကာလတို အတွင်း ကြံ့ကောင်ရေ ၉ဝ ကျော်ခန့် သတ်ဖြတ် ခံခဲ့ရ ကြောင်း သိရသည်။ အာရှ ဒေသတွင် ပြန်လည် ဖွံ့ဖြိုးလာသော ကြံ့ချို ဈေးကွက်ကြောင့် ကြံ့များ အသတ် ခံခဲ့ရခြင်း ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လတွင် ဂျာဗား ကြံ့မျိုးနွယ်ဝင် Vietnamese ကြံ့မျိုးနွယ်စိတ်မှာ ပျောက်ကွယ် ခဲ့သည်။

အလားတူ ၂ဝ၁၂ ခုနှစ်တွင် အာရှ ဈေးကွက်သို့ ပို့ဆောင်နိုင်ရန် အတွက် ကြံ့ပေါင်း ၆၆၈ ကောင် သတ်ဖြတ် ခံခဲ့ရသည်။ ယခုအခါ ကြံ့ချို ဈေးနှုန်းများသည် ဗီယက်နမ် နိုင်ငံ၌ ရွှေထက်ပင် ပိုမို တန်ဖိုး ကြီးမားနေသည်။

၂ဝဝ၈ ခုနှစ်တွင် အာဖရိက နိုင်ငံများရှိ ဆင်စွယ်များကို ဝယ်ယူရန် တရုတ် နိုင်ငံ၏ အာမခံချက် ပေးပြီး နောက် အခြား မျိုးသုဉ်း ပျောက်ကွယ်တော့မည့် တိရစ္ဆာန် များ၏ အစိတ် အပိုင်းများ ကုန်သွယ်မှု မှာလည်း ကြီးထွား လာခဲ့သည်။

ဗီယက်နမ် နိုင်ငံ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦး၏ ကင်ဆာ ရောဂါကို ကြံ့ချိုဖြင့် သက်သာစေသည် ဟူသော ကောလာဟလ သတင်းကြောင့် ကြံ့ချို ဈေးကွက်မှာ ပိုမို ကြီးထွား လာခဲ့သည်။

ဗီယက်နမ်နှင့် တောင်အာဖရိက နိုင်ငံတို့ အကြား ဇီဝမျိုးကွဲမှု ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။ ယခုကဲ့သို့ နားလည်မှု စာချွန်လွှာ ရေးထိုး လိုက်ခြင်းဖြင့် တောင်အာဖရိက နိုင်ငံ အတွင်းရှိ ကြံ့များ သတ်ဖြတ် နေမှုအား ကာကွယ်တားဆီး ရာတွင် အထောက် အကူ ဖြစ်စေမည်ဟု ထင်မြင်မိကြောင်း တောင်အာဖရိက ရေအရင်းအမြစ်နှင့် ပတ်ဝန်း ကျင် ရေးရာ ဝန်ကြီး အက်ဒ်နာမို လီဝါက ပြောကြား ခဲ့သည်။တောင်အာဖရိက နိုင်ငံတွင် ယခုနှစ်ပိုင်း ကာလတို အတွင်း ကြံ့ကောင်ရေ ၉ဝ ကျော်ခန့် သတ်ဖြတ် ခံခဲ့ရ ကြောင်း သိရသည်။ အာရှ ဒေသတွင် ပြန်လည် ဖွံ့ဖြိုးလာသော ကြံ့ချို ဈေးကွက်ကြောင့် ကြံ့များ အသတ် ခံခဲ့ရခြင်း ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လတွင် ဂျာဗား ကြံ့မျိုးနွယ်ဝင် Vietnamese ကြံ့မျိုးနွယ်စိတ်မှာ ပျောက်ကွယ် ခဲ့သည်။

အလားတူ ၂ဝ၁၂ ခုနှစ်တွင် အာရှ ဈေးကွက်သို့ ပို့ဆောင်နိုင်ရန် အတွက် ကြံ့ပေါင်း ၆၆၈ ကောင် သတ်ဖြတ် ခံခဲ့ရသည်။ ယခုအခါ ကြံ့ချို ဈေးနှုန်းများသည် ဗီယက်နမ် နိုင်ငံ၌ ရွှေထက်ပင် ပိုမို တန်ဖိုး ကြီးမားနေသည်။

၂ဝဝ၈ ခုနှစ်တွင် အာဖရိက နိုင်ငံများရှိ ဆင်စွယ်များကို ဝယ်ယူရန် တရုတ် နိုင်ငံ၏ အာမခံချက် ပေးပြီး နောက် အခြား မျိုးသုဉ်း ပျောက်ကွယ်တော့မည့် တိရစ္ဆာန် များ၏ အစိတ် အပိုင်းများ ကုန်သွယ်မှု မှာလည်း ကြီးထွား လာခဲ့သည်။

ဗီယက်နမ် နိုင်ငံ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦး၏ ကင်ဆာ ရောဂါကို ကြံ့ချိုဖြင့် သက်သာစေသည် ဟူသော ကောလာဟလ သတင်းကြောင့် ကြံ့ချို ဈေးကွက်မှာ ပိုမို ကြီးထွား လာခဲ့သည်။

ဗီယက်နမ်နှင့် တောင်အာဖရိက နိုင်ငံတို့ အကြား ဇီဝမျိုးကွဲမှု ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။ ယခုကဲ့သို့ နားလည်မှု စာချွန်လွှာ ရေးထိုး လိုက်ခြင်းဖြင့် တောင်အာဖရိက နိုင်ငံ အတွင်းရှိ ကြံ့များ သတ်ဖြတ် နေမှုအား ကာကွယ်တားဆီး ရာတွင် အထောက် အကူ ဖြစ်စေမည်ဟု ထင်မြင်မိကြောင်း တောင်အာဖရိက ရေအရင်းအမြစ်နှင့် ပတ်ဝန်း ကျင် ရေးရာ ဝန်ကြီး အက်ဒ်နာမို လီဝါက ပြောကြား ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...