ဧဒင်အချစ်ပုံပြင်: စတီးချောင်း ၁၃ ချောင်းထေက် မော်ဒယ်

Wednesday 6 February 2013

စတီးချောင်း ၁၃ ချောင်းထေက် မော်ဒယ်

Photo: စတီးချောင်း ၁၃ ချောင်းထေက် မော်ဒယ်

အမေရိကန်နိုင်ငံက အသက် ၁၇ နှစ်အရွယ် Katrina Burgess အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ 

တစ်နာရီ မိုင် ၇၀ အထက် ပြေးတဲ့ ကားအက်ဆီးဒန့်မှာ ရစရာမကျန်အောင် တစ်ကိုယ်လုံးကျိုးပါတယ်။ ကျောရိုး၊ ခါးရိုး၊ တင်ပစုံရိုး၊ ဒူးဆစ်၊ခြေထောက် ရိုး၊ လက်မောင်းရိုး အစရှိသဖြစ် နေရာတော်တော် များများက အရိုးတွေ အကုန်ကြိုးသွားပါတယ်။ အက်ဆီးဒန့်ဖြစ်ပြီး အချိန်ပိုင်း အတွင်း ကယ်ဆယ်ရေးတို့ ရောက်ရှိလာပြီး နီးဆပ်ရာ ဆေးရုံကို ပို့ဆောင်ပါတယ်။ 

အားလုံးက သူ့ကို သေပြီလို့ပဲ ယူဆထားပါတယ်။ တစ်ကိုယ် လုံး ခွေခေါက် နေအောင် အခြေအနေ ဆိုးနေပြီမို့ အသက်ရှင် မယ်ဆ လို့တောင် ဘယ်သူမှ ထင်မထားပါဘူး။ အမေရိကန် ဆေးပညာရှင် တွေ တကယ်တော်ပါတယ်။ နေ့တွင်းချင်းပ ခွဲစိတ်မှု ပြုလုပ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ကြိုးသွားတဲ့ အရိုးတွေအစား စတီး ချောင်းတွေ အစားထိုး ထည့်ပေးပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ကျိုးနေတဲ့ အရိုးတွေအစား စတီးချောင်း စုစုပေါင်း ၁၃ ချောင်း အစားဝင်စေခဲ့ ပြီး ခွဲစိတ်ကုသ မှု အောင်မြင်ခဲ့ပါတယ်။ ယင်း ၁၃ ချောင်းလုံးကို ထိန်းပေးမယ့် ပင်မ ဝက်အူရစ်ကို ကျောထဲမှာ ထည့်ထားပါတယ်။ တိုက်တေနီယမ် သတ္တု နဲ့ ပြုလုပ်ထားတဲ့ ယင်း Screw ဟာ လည်း သူမရဲ့  အသက်လို ဖြစ်နေ ပါတယ်။ 

ငါးလလုံး အကိုက်အခဲ ပျောက်ဆေး စားသုံးခဲ့ရပြီး ယခုတော့ သာမန် လူအတိုင်း အသက်ရှင်သန် နေထိုင်နိုင်နေပြီ ဖြစ်ပါတယ်။ သာမန် လူလိုတောင် မကတော့ပါဘူး။ မော်ဒယ်အေဂျင်စီမှာ ပြန်လည်အရွေးချယ် ခံရပြီး မော်ဒယ်၊ဖက်ရှင်လောကကိုလည်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ။်
--
Ref: medic-facts
ရိုးရာလေးအမေရိကန်နိုင်ငံက အသက် ၁၇ နှစ်အရွယ် Katrina Burgess အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...