ဧဒင်အချစ်ပုံပြင်: ရန်ငြိုးဟောင်းကြောင့် ဓါးဖြင့်ခုတ်သူအား ဖမ်းဆီးအရေးယူ

Wednesday, 6 February 2013

ရန်ငြိုးဟောင်းကြောင့် ဓါးဖြင့်ခုတ်သူအား ဖမ်းဆီးအရေးယူ


နေပြည်တော်၊ ဖေဖော်ဝါရီ ၆
၎-၂-၂၀၁၃ ရက်နေ့ ၂၁၁၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာနေ ထွန်းနန္ဒာ(၁၉)နှစ်သည် လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် ရွာသစ်လမ်းဆုံအရောက် ယခင်က စကားများရန်ဖြစ်ဖူးသူ တစ်ရွာတည်းနေ ချစ်ဌေး(၅၂)နှစ်မှ အရှည် (၂)ပေ(၃)လက်မခန့်ရှိ

ငှက်ကြီးတောင်ဓါးနှင့်ခုတ်သဖြင့် ထွန်းနန္ဒာ၏ ဦးခေါင်းဝဲဘက်နားနောက်တွင် (၆)လက်မခန့်ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ဌေးအား ဆားလင်းကြီးရဲစခန်း (ပ)၂၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...