ဧဒင်အချစ်ပုံပြင်: ဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ခိုးယူပြီး လုယက်ရန်ကြိုးစားသူအား ဖမ်းဆီးရမိ

Wednesday 6 February 2013

ဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ခိုးယူပြီး လုယက်ရန်ကြိုးစားသူအား ဖမ်းဆီးရမိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၆
၅-၂-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် အောင်ပန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိုးမဘဏ်ရှေ့အရောက်၌ ““သူခိုး သူခိုး””ဟု အော်သံကြားသဖြင့် လိုက်လံရှာဖွေရာ ရပ်ကွက်(၄)၊ ပြည်ထောင်စုလမ်းမကြီးဘေး ရေပြွန်အတွင်း၌ အောင်ပန်းမြို့နယ်ေ

ဇာနည်ဦး(၁၉)နှစ်အား ငွေကျပ်(၁၇၀၀၀ိ/-)နှင့်အတူ တွေ့ရှိစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းသည် ရိုးမဘဏ်အတွင်းသို့ အရိုးအသွား ၁ ပေ၊ ဗျက် ၄ လက်မခန့်ရှိဓါးဖြင့် မှန်တံခါးအား ဖောက်ထွင်းဝင်ရောက်၍ ဘဏ်အတွင်းရှိ စားပွဲအံဆွဲအတွင်းမှ ငွေကျပ်(၁၇၀၀၀ိ/-)အား ခိုးယူပြီး ဆက်လက်ရှာဖွေရာ ငွေကြေးတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ဘဏ်လုံခြုံရေးတာဝန်ကျ ဦးမြင့်ထွေးအား ဓါးဖြင့်ထောက်ကာ မီးခံသေတ္တာသော့ တောင်းယူစဉ် ဦးမြင့်ထွေးမှ ပြန်လည်ခုခံသဖြင့် ထွက်ပြေးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇာနည်ဦးအား အောင်ပန်းရဲစခန်း(ပ)၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...