ဧဒင်အချစ်ပုံပြင်: အမျိုးသမီးငယ်တစ်ဦးကို ကာယအိနြေ္ဒပျက်ပြားအောင် ပြုလုပ်သည်ဟုဆိုကာ အမှုဖွင့်ခြင်း တောင်တွင်းကြီးမြို့နယ်တွင်ဖြစ်ပွား

Monday 4 February 2013

အမျိုးသမီးငယ်တစ်ဦးကို ကာယအိနြေ္ဒပျက်ပြားအောင် ပြုလုပ်သည်ဟုဆိုကာ အမှုဖွင့်ခြင်း တောင်တွင်းကြီးမြို့နယ်တွင်ဖြစ်ပွား

မကွေးတိုင်းဒေသကြီးမကွေး ခရိုင်တောင်တွင်းကြီးမြို့နယ်လက် ပံပုကျေးရွာအသက်၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦးလမ်းလျှောက်လာ စဉ်အမျိုးသားတစ်ဦးက ကာအိနြေ္ဒပျက် ပြားအောင်ပြုလုပ်သည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း သတင်းရရှိ သည်ဖြစ်စဉ်မှာဇန်န၀ါရီ၃၀ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်ဒေါ်ဝင်း အေးသည်နေအိမ်၌ရှိနေစဉ်တစ်ရွာ
တည်းနေမနီနီလှိုင်ရောက်ရှိလာပြီး  ဇန်န၀ါရီ၁၉ရက်နေ့ည၉နာရီအချိန် ကဒေါ်ဝင်းအေး၏သမီးမဇင်မာနှင့် အမည်မသိလူငယ်တစ်ဦးတို့ဦးလှသန်း အိမ်မြောက်ဘက်လမ်းအဆင်းတွင် ဆွဲရုန်းနေသည် ဟုပြောပြသဖြင့် ဖေဖော်ဝါရီ၂ရက်နေ့ညနေ၃နာရီ အချိန်တွင်ဒေါ်ဝင်းအေးကသမီး ဖြစ်သူအား မ၀င်းခိုင်၏ရှေ့တွင်မေး ရာ၎င်းကတစ်ရွာတည်းနေ ဦးဖိုးတုတ်၏အိမ်သို့ဗီဒီယိုကြည့် သွားရာဦးဖိုးတုတ်၏ဇနီးဖြစ်သူ ဒေါ်ခင်ဋ္ဌေးမှမဇင်ဇင်မာအားဦးမင်းမင်း အိမ်သို့အဖော်အဖြစ်ခေါ်သွားကြောင်း   ယင်းနောက်တစ်ယောက်တည်းပြန် လာစဉ်ဦးဖိုးတုတ်၏သားခင်မောင် ဇင်မှ၎င်း၏လက်အားဆွဲ၍မတ်တပ် ရပ်လျှက်နှုတ်ခမ်းစုပ်ပြီးပါးကိုနမ်း ကြောင်းယင်းနောက်လုံချည်အား ဆွဲချွတ်မည်ပြုလျှင်မနီနီလှိုင်ရောက် လာသဖြင့်ဘာမျှမဖြစ်ကြော င်းပြော ပြသဖြင့်မိခင်ဖြစ်သူကကျေးရွာအုပ် ချုပ်ရေးမှုးဦးကြည်လှိုင် ထိုမှတဆင့် တောင်တွင်းကြီးရဲစခန်းသို့ဖေဖော်ဝါရီ ၂ရက်၎င်း၏သမီးဖြစ်သူအားကာ အိနြေ္ဒပျက်ပြားအောင်ပြုလုပ်သူခင်မောင်ဇင် ၂၀နှစ်အား ဥပဒေနှင့်အညီအရေးယူပေး ပါရန်တရားလိုပြုလုပ်တိုင်တန်းသ ဖြင့်တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၄/၂၀၁၃ပြစ်မှုပုဒ်မ၃၅၄အရ အမှုဖွင့်အရေးယူထားပြီးဆက်လက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသတင်း ရရှိသည်။
ဟသာင်္(တောင်တွင်းကြီး)
HotNewsJournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...