ဧဒင်အချစ်ပုံပြင်: နိုင်ငံရေးလုပ်တာအရမ်းနောက်ကျနေပါပြီဆိုတဲ့အရိုင်း

Thursday 21 February 2013

နိုင်ငံရေးလုပ်တာအရမ်းနောက်ကျနေပါပြီဆိုတဲ့အရိုင်း

Photo: နိုင်ငံရေးလုပ်တာအရမ်းနောက်ကျနေပါပြီဆိုတဲ့အရိုင်း

MMA ။ ။ လတ်တလော လုပ်ဖြစ်နေတဲ့ ဦးရိုင်းရဲ့အနုပညာ အကြောင်းလေး ပြောပါအုံး။

AY ။ ။ လာမယ့် မတ်လ ၂၇ရက်နေ့မှာ ဓာတ်ပုံသမား အဖွဲ့ရယ်၊ သီးလေးသီးရယ် အဖွဲ့ရယ် ပေါင်းပြီးတော့ အငြိမ့်ကဖို့အတွက်ကို
ပိုပြီး စောင်းပေးပြီးတော့ လုပ်နေပါတယ်။ လာမယ့်(၂)ရက်နေ့ ကို
ဂရေဟမ်ရဲ့ ပွဲမှာ ပရန်စန်တာ လုပ်မယ်။ အခုလောလောဆယ်က ရုပ်ရှင်ရိုက်တာထက် ပရန်စန့်တာ လုပ်ရတာ များနေတယ်။

MMA ။ ။ လတ်တလော ဖြစ်ပျက်နေတဲ့ အနုပညာကို ဦးရိုင်းရဲ့ အမြင်လေးကို ပြောပြပါအုံး။

AY ။ ။ အနုပညာ လောကမှာတော့ ဒီလိုပါပဲ။ အရင်တုန်းကဆို ပုံသဏ္ဍန်တစ်မျိုးနဲ့ အနုပညာလောကကြီးက စီးဆင်းနေတယ်။
ခုခါကျတော့ ကွာတော့ကွာတယ်။ ဒို့တိုင်းပြည်မှာ ဖြစ်ပျက်ပြီးတော့ သွားနေတဲ့နိုင်ငံရေး အခြေအနေနဲ့ လူမှုရေးအခြေအနေက
တစ်ပိုင်း၊ အနုပညာ ပုံသဏ္ဍန်ကလည်း တစ်ပိုင်းပေါ့။ တစ်ခုနဲ့ တစ်ခုမှီနေတာပေါ့။ သို့သော်ငြားလည်း အနုပညာလောကမှာ
လုံးဝ ဆိုးဆိုးရွားရွားကြီးတွေတော့ မရှိတော့ပါဘူး။ ပုံမှန်လေး
တွေ သွားနေကြပါတယ်။ သို့သိုသော် ဒီထက်လည်းပိုပြီးတော့
ကောင်းချင်တာပေါ့။ ဒါကတော့ ဖြေးဖြေးချင်းလာမှာပေါ့။ အသွင်ကူးပြောင်းနေတဲ့ ကာလအချိန်အခါမှာတော့ ဒါလောက်
ကတော့ လူတိုင်းကိုယ်ဆီ ခံစားကြမှာပဲလေ။ အကုန်လုံး အရပ်ဘက်ဆိုလည်း အရပ်ဘက်လျောက်၊ အနုပညာဆို
လည်းအနုပညာလျောက်၊ နိုင်ငံတော် အုပ်ချုပ်သူဆိုလည်း
အုပ်ချုပ်သူများ အလျောက်အကုန်လုံးရှိတယ်။ နိုင်ငံရေး
ဆိုလည်း နိုင်ငံရေးလောက ရိုက်ခတ်မှုတွေ အများကြီး
ရှိတာပဲ။ ဒါတွေကတော့ မလွဲမသွေ လူတိုင်း အကုန်
ကြုံရမှာပဲလေ။

MMA ။ ။ အခုဆို အနုပညာသမားတွေ နိုင်ငံရေးဘက်ကို ဆက်နွယ်လာနေပြီဆိုတော့ ဦးရိုင်းရဲ့ အမြင်ကို ပြော
ပြပေးပါအုံး။

AY ။ ။ ကောင်းတာပေါ့။ လုပ်ချင်နေတာ အားလုံးက ကြာလှပြီ။
လုပ်ခွင့် မပေးခဲ့လို့သာလျင် တကယ်တမ်း လုပ်ချင်နေတာ
တော်တော်ကို ကြာလှပြီ။ လွန်ခဲ့တဲ့ နှစ်သုံး၊ လေးဆယ်
ကတည်းက လုပ်သင့်တာပါ။ တအားကိုနောက်ကျနေပါပြီ။

MMA ။ ။ ခုဆို ပြည်ပ ရောက်နေတဲ့ အနုပညာရှင်တွေ ရောက်
လာတဲ့ အပေါ်မှာ ဦးရိုင်း အမြင်ကို ပြောပြပါအုံး။

AY ။ ။ ကောင်းတာပေါ့။ အကုန်လုံး ဦးရိုင်းတို့ စိတ်ထဲရှိတာ
ပြောရရင် အကုန်လုံး ဗမာပြည်ကနေ နေကြတဲ့ သူတွေဆိုတော့ ဗမာပြည်မှာပဲ နေစေချင်တယ်။ ဒီမှာပဲ လုပ်ကိုင်စားသောက်
ပြီးတော့ပေါ့။ ကိုယ့်ဘက်က ကြည့်ရင်သာ သူများ နိုင်ငံကို
နိုင်င်ငံခြားလို့ ပြောတာကို။ ဟိုဘက် နိုင်ငံခြားက သူတွေကလည်း ကိုယ့်နိုင်ငံကို ကြည့်ရင် နိုင်ငံခြားလို့ ပြောကြမှာပဲလေ။ ဘယ်လို
ခေါ်မလဲ another side of our country ပေါ့။ ကိုယ့်နိုင်ငံရဲ့
ဆန့်ကျင်ဘက်မှာ ရှိတဲ့ဘက်က နိုင်ငံခြားပဲပေါ့။ ဟိုဘက်က
လူတွေကရော ကိုယ်တွေကို နိုင်ငံခြားလို့ မြင်မှာပဲ။ ဟိုဘက်က
လူတွေက ကိုယ်တွေကို နိုင်ငံခြားလို့ မြင်တဲ့ အချိန်မှာ တကယ်
ကိုပဲ နိုင်ငံခြား တိုင်းတပါးက ဖွံ့ဖြိုးတိုးတတ်နေတဲ့ တိုင်းပြည်ကြီး တစ်ခုအနေနဲ့ မြင်စေချင်တာပေါ့။ မြင်စေချင်တဲ့ အခါမှာ ပညာရှင်
တွေ အများကြီး လိုတယ်။ အကုန်လုံး တောင်းဆိုပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ပညာရှင်တွေ၊ လူမှုရေး
ပညာရှင်တွေ၊ ဒီဘက်က အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အင်ဂျင်နီယာကြီးတွေ ရှိမယ် စသဖြင့်ပေါ့ အကုန်လုံးဟာ တိုင်းပြည်
အတွက် မရှိမဖြင့် လိုအပ်တဲ့၊ ပညာရေးမှာ ဆိုလည်း ဒီတိုင်းပဲ
ပညာတတ် ပုဂ္ဂိုကြီး တွေ အများကြီး လိုအပ်တယ်။ နိုင်ငံရေးမှာ
ဆိုလည်း တကယ့်ကို ကျွမ်းကျင် တတ်မြောက်တဲ့ နိုင်ငံရေး
သမားကြီးတွေ လိုအပ်တယ်။ ဒါတွေ အကုန်လုံး မောင်းနှင်မှ
တိုင်းပြည်က တပြိုင်နက် ကြွလာတဲ့ တိုင်းပြည်ကြီးဖြစ်မှာ။
အဲဒီတော့ တော်တော်များများ ဦးရိုင်းတို့ သိသလောက်တော့
လွန်ခဲ့သော သုံး၊လေးဆယ်လောက်က တည်း နိုင်ငံခြား တိုင်းတပါးမှာရောက်နေကြတဲ့ ပညာရှင်တွေ အများကြီး
ရှိတယ်။ အဲဒီလူတွေ အကုန်လုံးက ဟိုမှာ အခြေချပြီး နေ
ထိုင်ကြတယ်။ တကယ်တမ်းတော့ ဝမ်းနည်းစရာကြီးပေါ့။
သူတို့မှာလည်း ကာလတစ်ခု တိုင်းတာ ကြာသွားတော့ ဒ်ီကိုပြန်လာဖို့ဆိုတာက တကယ်တမ်းကြတော့ ပြောရင်တာ ပါးစပ်က ပြန်လာစေချင် တယ်လို့ ပြောပေမယ့် သူတို့မှာ
အခက်ခဲတွေ ရှိမှာပေါ့။ သူတို့ ဘဝတွေ ပြီးပြည့်စုံ အထိုင်
ကျပြီးကာမှ ဒီမှာပြန် ပြီး တစ်က ပြန်စကြတယ်။ သို့သော်
ဦးရိုင်းတို့က ဘာလဲဆိုတော့ ပညာရပ်အနေနဲ့ ကူညီပေး
စေချင်တယ်။ အကုန်လုံးက အနုပညာသမားမှ မဟုတ်
ပါဘူး။ အကုန်လုံး တိုင်းပြည်မှာ လာပြီးနေစေချင်တာပေါ့။

MMA ။ ။ အခု ဇာတ်သဘင်ကိုရော ဦးရိုင်းရဲ့ အမြင်ကို ပြောပါအုံး။

AY ။ ။ အခုလည်း သဘင်အစည်းအရုံး ကိစ္စတွေနဲ့ နည်း
နည်းလေး အတတ်နိုင်ဆုံး ကောင်းအောင် ဆောင်ရွက်နေ
ကြတယ်လို့ ဂျာနယ်တွေထဲ တွေ့ပါတယ်။ သဘင်သမ္မဂ
အဖွဲ့စည်းတွေက သဘင်အစည်းအရုံး ပြန်လုပ်မယ်ဆိုတာ
ဘာပဲဖြစ်ဖြစ် ဦးရိုင်းတို့က ဖြစ်စေချင်တာ ရုပ်ရှင်ရော၊ ဂီတရော နှစ်ခုစလုံးက တော်တော်လေးကို ခိုင်ခိုင်မာမာနဲ့
ရပ်တည်နေကြတဲ့ အခါမှာ သဘင်ကိုလည်း ဒီတိုင်းပဲ
ဖြစ်စေချင်တာ။ ဘယ်သူက ဘာဖြစ်လို့ ငါကတော့ ဟိုကောင်နဲ့ သိပ်မကြည်ဘူးဟတို့ ငါမကြိုက်ဘူးဟတို့ ဆိုတာ အဲ့
အရာတွေ အားလုံး ရှိတာမှ အနုပညာလောကမှာ ရုပ်ရှင်၊
သဘင်၊ ဂီတရယ် သုံးခုပဲ ရှိတယ်။ သဘင်က ခုထိ မဖြစ်
မြောက်သေးဘူးအခါမှာ သဘင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း
အကုန်လုံး သူငယ်ချင်းတွေပဲ။ ကိုမိုးဝင်းတို့၊ ကိုမိုးမင်းတို့၊
နောက်လာကြတဲ့ ညီငယ်တွေဆိုလည်း ကိုယ့်တူ၊ ကိုယ့်သား
တွေပဲ တင်ဇာမိုးဝင်းဆိုလည်း ခေတ်မင်းသားလေး တွေ၊
ကိုဖိုးချစ်၊ တင်မောင်ဆန်းဝင်းတို့ ရှိကြမယ်။ ဒါလေးမှ လူနည်း
နည်းလေးပဲ ရှိကြတာ။ အကြီးထဲမှာ အင်မတန် တတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေဆို ဆရာချစ်ဦးညိုတို့ ဆရာတို့ဆို သဘင်မှုကို
အင်မတန်မှ နားလည်တတ် ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလို
ပုဂ္ဂိုလ်ကြီးတွေ အကုန်လုံး ဦးစီးဆောင်ရွက်နေကြတော့
ကောင်းမွန် တဲ့ ဦးရိုင်းတို့လိုပဲ အဖွဲ့စည်းတစ်ခုနဲ့ ရပ်တည်
စေချင်တယ်။ အဲဒါမှ သုံးပွင့်ဆိုင် ဝိုင်းဝန်းပြီးတော့ အကုန်
လုံးအစစအရာရာ ထောင့်သုံးထောင့်ပေါ်မှာ ရှိစေချင်တယ်။

MMA ။ ။ အခု တတ်သစ်စ အနုပညာရှင်တွေကိုရော ဦးရိုင်း
အနေနဲ့ ဘာများပြောချင်လဲ ။

AY ။ ။ ဦးရိုင်းတို့လည်း ဘဝက ဒီလိုပဲ စကြတာပဲ။ အတတ်နိုင်
ဆုံးတော့ ကိုယ့်လောက၊ မိမိကိုယ်ကို မိမိပေါ့တကယ်ကို အတတ်နိုင်ဆုံး ကောင်းမွန်တဲ့ အခြေအနေ တစ်ခုရောက်
အောင်တော့ ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာပဲ။ ရုန်းကန်လာပြီး ကိုယ်ဝင်ပြီး ကြိုးစားလို့ မရဘူး။ စာရေးဆရာလည်း စာရေး
ဆရာအလျောက်၊ စာနယ်ဇင်းမှာရှိတဲ့ သတင်းထောက် တစ်ယောက်ကလည်း သတင်းတစ်ခုရဖို့ အတွက် ကိုယ်တိုင်ပဲ ကြိုးစားရမှာပဲ။ ထိုနည်းတူစွာပဲ ဦးရိုင်းတို့ အနုပညာရှင်တွေက
လည်း အကုန်လုံး ကို်ယ့်ဘာသာကို ကြိုးစားရမှာပဲလေ။ တစ်ခုပဲ
ရှိတယ် မှန်မှန်ကန်ကန်နဲ့ စနစ်တကျကြိုးစားပြီးတော့
ဆောင်ရွက်နိုင်ပါစေလို့၊ အောင်မြင်နိုင်ကြပါစေလို့
ဆုတောင်းပါတယ်။ မဟုတ်ကနည်းလမ်းတွေ မလုပ်ကြပါနဲ
့လို့ ရှိပါတယ် နည်းလမ်းတွေ ရှာဖွေဖို့ အတွက် စာအုပ်
ကောင်းတွေ၊ လမ်းညွန်တဲ့ ဟာတွေ ရှိပါတယ်။ နည်းမှန်၊ လမ်းမှန်နဲ့ ဖြစ်နိုင်တဲ့ ဟာလေးတွေ စဉ်းစားကြပါ လို့
တီထွင်တယ်၊ တီထွင်တယ်နဲ့ တီထွင်တိုင်းလည်း မ
ကောင်းဘူးလေ။

အိအိ

The Myanma AgeAY ။ ။ လာမယ့် မတ်လ ၂၇ရက်နေ့မှာ ဓာတ်ပုံသမား အဖွဲ့ရယ်၊ သီးလေးသီးရယ် အဖွဲ့ရယ် ပေါင်းပြီးတော့ အငြိမ့်ကဖို့အတွက်ကို

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...