ဧဒင်အချစ်ပုံပြင်: ပုဂ္ဂလိက လေယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိ

Monday 25 February 2013

ပုဂ္ဂလိက လေယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိ


Photo: ပုဂ္ဂလိက လေယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိ
Monday, February 25, 2013
    
ပုဂ္ဂလိက လေယာဉ်မောင်းသင်တန်းကျောင်းဖြစ်သည့် မြန်မာလေကြောင်း အကယ်ဒမီ Myanmar Aviation Academy ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း အဆိုပါ သင်တန်းကျောင်းဥက္ကဌ ဦးကြည်ဝင်း၏ ပြောကြားချက်အရ သိရသည်။

''မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အပါအဝင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ ခွင့်ပြုချက်တွေ ရရှိပြီးဖြစ်လို့ မြန်မာလေကြောင်း အကယ်ဒမီကို စတင်ဖွင့်လှစ်တော့မှာပါ'' ဟု ဦးကြည်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာတွင် လိုအပ်လျက်ရှိသည့် လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ကာ ယခုကဲ့သို့ လေယာဉ်
မောင်းသင်တန်းကျောင်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အရပ်ဖက်ဆိုင်ရာ လေယာဉ်မောင်း သင်တန်းကျောင်း ဖြစ်သည့်
မြန်မာလေကြောင်း အကယ်ဒမီ Myanmar Aviation Academy မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ သို့သော်  ပထမဆုံး အပတ်စဉ်ဖြစ်သည့် အပတ်စဉ် (၁) ကိုမူ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

''ပုသိမ်မှာက မြေနေရာရှင်းလင်းမှုတွေ လုပ်တဲ့အဆင့်ပဲ ရှိသေးတဲ့
အတွက် ပထမဆုံးအပတ်စဉ် ၁ ကိုတော့ ရန်ကုန်မှာပဲ ဖွင့်ဖြစ်မှာပါ။ ဝင်ခွင့်စာမေးပွဲကို မေလမှာ စတင်စစ်ဆေးမှာမို့ အပတ်စဉ် ၁ ကို ဇွန်လဆန်းလောက်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်'' ဟု Myanmar Aviation Academy မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်ရွှေမိုးက ပြောသည်။

Myanmar Aviation Academy အား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သတ်မှတ်စစ်ဆေးမှု အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကာ သင်တန်းကာလ လပေါင်း ၂ဝ ကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေးမှာ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲ သတ်မှတ်ထားပြီး၊ သင်တန်းကြေးအား ၄ ရစ်ခွဲ၍ ပေးသွင်းနိုင်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါက ပြည်တွင်းလေကြောင်း လိုင်းများတွင်
မောင်းနှင်နိုင်သည့် လေယာဉ်မှူးလိုင်စင်အား မြန်မာနိုင်ငံ လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးသွားမည်ဟု သိရသည်။  

Eleven Media Groupပုဂ္ဂလိက လေယာဉ်မောင်းသင်တန်းကျောင်းဖြစ်သည့် မြန်မာလေကြောင်း အကယ်ဒမီ Myanmar Aviation Academy ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း အဆိုပါ သင်တန်းကျောင်းဥက္ကဌ ဦးကြည်ဝင်း၏ ပြောကြားချက်အရ သိရသည်။

''မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အပါအဝင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ ခွင့်ပြုချက်တွေ ရရှိပြီးဖြစ်လို့ မြန်မာလေကြောင်း အကယ်ဒမီကို စတင်ဖွင့်လှစ်တော့မှာပါ'' ဟု ဦးကြည်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာတွင် လိုအပ်လျက်ရှိသည့် လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ကာ ယခုကဲ့သို့ လေယာဉ်
မောင်းသင်တန်းကျောင်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အရပ်ဖက်ဆိုင်ရာ လေယာဉ်မောင်း သင်တန်းကျောင်း ဖြစ်သည့်
မြန်မာလေကြောင်း အကယ်ဒမီ Myanmar Aviation Academy မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ သို့သော် ပထမဆုံး အပတ်စဉ်ဖြစ်သည့် အပတ်စဉ် (၁) ကိုမူ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

''ပုသိမ်မှာက မြေနေရာရှင်းလင်းမှုတွေ လုပ်တဲ့အဆင့်ပဲ ရှိသေးတဲ့
အတွက် ပထမဆုံးအပတ်စဉ် ၁ ကိုတော့ ရန်ကုန်မှာပဲ ဖွင့်ဖြစ်မှာပါ။ ဝင်ခွင့်စာမေးပွဲကို မေလမှာ စတင်စစ်ဆေးမှာမို့ အပတ်စဉ် ၁ ကို ဇွန်လဆန်းလောက်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်'' ဟု Myanmar Aviation Academy မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်ရွှေမိုးက ပြောသည်။

Myanmar Aviation Academy အား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သတ်မှတ်စစ်ဆေးမှု အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကာ သင်တန်းကာလ လပေါင်း ၂ဝ ကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေးမှာ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲ သတ်မှတ်ထားပြီး၊ သင်တန်းကြေးအား ၄ ရစ်ခွဲ၍ ပေးသွင်းနိုင်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါက ပြည်တွင်းလေကြောင်း လိုင်းများတွင်
မောင်းနှင်နိုင်သည့် လေယာဉ်မှူးလိုင်စင်အား မြန်မာနိုင်ငံ လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးသွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...