ဧဒင်အချစ်ပုံပြင်: “ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်”

Monday 25 February 2013

“ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်”


Photo: “ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်”

အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား လေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့ အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်း ကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။ သူ့ အိပ်ချိန်၊စားချိန်တွေကို ထိခိုက်မှာ စိုးတယ်။ ရိုက်လို့ရှိရင် လူစိမ်းတွေ အများကြီးရှိတယ်ဆိုရင် နည်း နည်း ဂျီကျမှာစိုးတယ်။ အလုပ်လုပ်မယ့် လူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ကြော်ငြာရိုက်ဖို့လာပြော တာ ၃ခုရှိတယ်။ သူတစ်ယောက် တည်းရိုက်ချင်တာတစ်ခု၊ မိသားစုနဲ့ ရိုက်ချင်တာ ၂ခုရှိတယ်။ ဒါပေမဲ့ အူဝဲတို့လက်မခံဖြစ်ဘူး။ သူကလူ အများကြီးနဲ့ဆို ဂျီကျချင်တယ်။ အရင်တုန်းက တီဗီကြော်ငြာရိုက်တာ မဟုတ်ဘူး။ ဘေဘုတ် အတွက်ပဲ ရိုက်တာ။ ဓာတ်ပုံဆရာကို အိမ်ခေါ်ပြီး အိမ်မှာပဲ ရိုက်တယ်။ အိမ်မှာ ရိုက်တာဆိုတော့ သူအမြဲတမ်းတွေ့ နေကျ လူတွေရှိတယ်ဆိုတော့ ပြဿနာမရှိဘူးလေ”လို့ ပြောပါတယ်။

ဖေ့စ်ဘုတ်မှာတော့ အိန္ဒြာကျော်ဇင်နာမည်နဲ့ အကောင့်တွေ အများကြီး တွေ့ရပါတယ်။ တကယ်တမ်း အိန္ဒြာကျော်ဇင်သုံးတဲ့ ဖေ့ဘုတ်အကောင့်က တော့ သမီးဖြစ်သူ ပြေသုဒြာနာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်နာမည်နဲ့အကောင့်က သူသုံးတဲ့အကောင့်မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ကပြောပါတယ်။ သူ့ နာမည်နဲ့ သုံးတဲ့ အကောင့်ကြောင့် တစ်ခါတစ်ရံမှာ ပရိသတ် တွေအထင်အမြင်လွဲမှား တာမျိုးတွေရှိမှာ စိုးရိမ်မိ ကြောင်းကို အိန္ဒြာကျော်ဇင်က “ဖေ့စ်ဘုတ်မှာ အိန္ဒြာကျော် ဇင် နာမည်နဲ့ အကောင့်တွေ အများကြီးတွေ့ရပါတယ်။ အူဝဲသုံးတာက ပြေသုဒြာဆိုတဲ့ အကောင့် တစ်ခုတည်းသုံးတာပါ။ ကျန်တာတွေအားလုံးက အူဝဲသုံးတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီထဲကမှ အူဝဲကို ခွင့်တောင်းတာရှိတယ်။ အူဝဲကို ချစ်တဲ့ပရိသတ် တစ်ယောက်ဆိုပြီး အူဝဲရဲ့ အကောင့်ကို သူသုံးနေ တယ်ဆိုပြီး ခွင့်တောင်းတယ်။

သူက အူဝဲနဲ့ ခင်မင်ရင်းနှီးတဲ့လူတွေက တင်လိုက်တဲ့ပုံတွေကို ချက်ခြင်း ယူပြီး ပြန် တင်တဲ့အခါကျတော့ တအား Update ဖြစ် နေတယ်။ Update ဖြစ်နေတော့ လူတွေ အားလုံးက အူဝဲသုံးတဲ့အကောင့် အစစ်လို့ ထင်နေကြ တယ်။ တစ်ခါတလေကျရင် ပရိသတ်က နားလည်မှုလွဲတာ မျိုးတွေပါမှာ ကို အူဝဲ စိုးရိမ်တယ်။ Status တွေရေး တာတို့၊ comment တွေရေးတာ မျိုးတွေမှာ နား လည်မှုလွဲတာမျိုးတွေ ရှိကောင်းရှိနိုင် တယ်။ comment တွေကိုလည်း အူဝဲမရေးဘူး။ Status လည်း မရေးဘူး။

အူဝဲ ကိုယ်တိုင်ရေးတာ မဟုတ်ဘူးဆိုတာကို ပရိသတ်တွေကို သိစေချင်ပါ တယ်။ အူဝဲ ဖေ့စ်ဘုတ်သုံးတယ်ဆို တာကလည်း သမီးလေးမွေးပြီး နောက်ပိုင်းမှာ သမီးလေးပုံလေး တွေကို အူဝဲရဲ့ မိတ်ဆွေတွေ အပေါင်း အသင်းတွေကလည်းကြည့်ချင်တယ်။ ပရိသတ်တွေကလည်း ကြည့်ချင်ကြ တယ်။ အူဝဲတို့ မိသားစုပုံလေးတွေ များများတင်ပါလို့ ပြောကြတယ်။ ပရိသတ်တွေကကိုယ်ဘာပုံပဲ တင်တင် အမြဲတမ်း သဘောကျတယ်။ တင်ပေးပါဆိုလို့ သမီး လေးနာမည်နဲ့ ဖေ့ဘုတ်သုံးဖြစ်နေ တာပါ။ သမီး လေးပုံကို အများဆုံးတင်ဖြစ်တယ်။ ကျန်တာ ကတော့ အူဝဲလက်ရှိလုပ်နေ တဲ့ ရိုက်ကွင်းပုံ နည်းနည်းပါးပါးတင်ဖြစ်ပါတယ်။ တစ်ခါမှ လည်း Status ရေးတာတွေ မလုပ်ဘူး။ comment ရေးတာကလည်းအူဝဲရဲ့ ပြေသုဒြာ အကောင့် မှာပဲ နည်းနည်းပါးပါး ရေးတာလောက်ပါပဲ”လို့ ဖေ့စ်ဘုတ်နဲ့ ပတ်သက်ပြီးအခုလို ရှင်းလင်း ပြောပြခဲ့ပါတယ်။


ခိုင်ဝေလွင်၊ Popular Journalအိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား လေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့ အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်း ကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။ သူ့ အိပ်ချိန်၊စားချိန်တွေကို ထိခိုက်မှာ စိုးတယ်။ ရိုက်လို့ရှိရင် လူစိမ်းတွေ အများကြီးရှိတယ်ဆိုရင် နည်း နည်း ဂျီကျမှာစိုးတယ်။ အလုပ်လုပ်မယ့် လူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ကြော်ငြာရိုက်ဖို့လာပြော တာ ၃ခုရှိတယ်။ သူတစ်ယောက် တည်းရိုက်ချင်တာတစ်ခု၊ မိသားစုနဲ့ ရိုက်ချင်တာ ၂ခုရှိတယ်။ ဒါပေမဲ့ အူဝဲတို့လက်မခံဖြစ်ဘူး။ သူကလူ အများကြီးနဲ့ဆို ဂျီကျချင်တယ်။ အရင်တုန်းက တီဗီကြော်ငြာရိုက်တာ မဟုတ်ဘူး။ ဘေဘုတ် အတွက်ပဲ ရိုက်တာ။ ဓာတ်ပုံဆရာကို အိမ်ခေါ်ပြီး အိမ်မှာပဲ ရိုက်တယ်။ အိမ်မှာ ရိုက်တာဆိုတော့ သူအမြဲတမ်းတွေ့ နေကျ လူတွေရှိတယ်ဆိုတော့ ပြဿနာမရှိဘူးလေ”လို့ ပြောပါတယ်။

ဖေ့စ်ဘုတ်မှာတော့ အိန္ဒြာကျော်ဇင်နာမည်နဲ့ အကောင့်တွေ အများကြီး တွေ့ရပါတယ်။ တကယ်တမ်း အိန္ဒြာကျော်ဇင်သုံးတဲ့ ဖေ့ဘုတ်အကောင့်က တော့ သမီးဖြစ်သူ ပြေသုဒြာနာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်နာမည်နဲ့အကောင့်က သူသုံးတဲ့အကောင့်မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ကပြောပါတယ်။ သူ့ နာမည်နဲ့ သုံးတဲ့ အကောင့်ကြောင့် တစ်ခါတစ်ရံမှာ ပရိသတ် တွေအထင်အမြင်လွဲမှား တာမျိုးတွေရှိမှာ စိုးရိမ်မိ ကြောင်းကို အိန္ဒြာကျော်ဇင်က “ဖေ့စ်ဘုတ်မှာ အိန္ဒြာကျော် ဇင် နာမည်နဲ့ အကောင့်တွေ အများကြီးတွေ့ရပါတယ်။ အူဝဲသုံးတာက ပြေသုဒြာဆိုတဲ့ အကောင့် တစ်ခုတည်းသုံးတာပါ။ ကျန်တာတွေအားလုံးက အူဝဲသုံးတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီထဲကမှ အူဝဲကို ခွင့်တောင်းတာရှိတယ်။ အူဝဲကို ချစ်တဲ့ပရိသတ် တစ်ယောက်ဆိုပြီး အူဝဲရဲ့ အကောင့်ကို သူသုံးနေ တယ်ဆိုပြီး ခွင့်တောင်းတယ်။

သူက အူဝဲနဲ့ ခင်မင်ရင်းနှီးတဲ့လူတွေက တင်လိုက်တဲ့ပုံတွေကို ချက်ခြင်း ယူပြီး ပြန် တင်တဲ့အခါကျတော့ တအား Update ဖြစ် နေတယ်။ Update ဖြစ်နေတော့ လူတွေ အားလုံးက အူဝဲသုံးတဲ့အကောင့် အစစ်လို့ ထင်နေကြ တယ်။ တစ်ခါတလေကျရင် ပရိသတ်က နားလည်မှုလွဲတာ မျိုးတွေပါမှာ ကို အူဝဲ စိုးရိမ်တယ်။ Status တွေရေး တာတို့၊ comment တွေရေးတာ မျိုးတွေမှာ နား လည်မှုလွဲတာမျိုးတွေ ရှိကောင်းရှိနိုင် တယ်။ comment တွေကိုလည်း အူဝဲမရေးဘူး။ Status လည်း မရေးဘူး။

အူဝဲ ကိုယ်တိုင်ရေးတာ မဟုတ်ဘူးဆိုတာကို ပရိသတ်တွေကို သိစေချင်ပါ တယ်။ အူဝဲ ဖေ့စ်ဘုတ်သုံးတယ်ဆို တာကလည်း သမီးလေးမွေးပြီး နောက်ပိုင်းမှာ သမီးလေးပုံလေး တွေကို အူဝဲရဲ့ မိတ်ဆွေတွေ အပေါင်း အသင်းတွေကလည်းကြည့်ချင်တယ်။ ပရိသတ်တွေကလည်း ကြည့်ချင်ကြ တယ်။ အူဝဲတို့ မိသားစုပုံလေးတွေ များများတင်ပါလို့ ပြောကြတယ်။ ပရိသတ်တွေကကိုယ်ဘာပုံပဲ တင်တင် အမြဲတမ်း သဘောကျတယ်။ တင်ပေးပါဆိုလို့ သမီး လေးနာမည်နဲ့ ဖေ့ဘုတ်သုံးဖြစ်နေ တာပါ။ သမီး လေးပုံကို အများဆုံးတင်ဖြစ်တယ်။ ကျန်တာ ကတော့ အူဝဲလက်ရှိလုပ်နေ တဲ့ ရိုက်ကွင်းပုံ နည်းနည်းပါးပါးတင်ဖြစ်ပါတယ်။ တစ်ခါမှ လည်း Status ရေးတာတွေ မလုပ်ဘူး။ comment ရေးတာကလည်းအူဝဲရဲ့ ပြေသုဒြာ အကောင့် မှာပဲ နည်းနည်းပါးပါး ရေးတာလောက်ပါပဲ”လို့ ဖေ့စ်ဘုတ်နဲ့ ပတ်သက်ပြီးအခုလို ရှင်းလင်း ပြောပြခဲ့ပါတယ်။


ခိုင်ဝေလွင်၊ Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...