ဧဒင်အချစ်ပုံပြင်: ကဲ နက္ခတ်တွေမေးနေတယ်.သူတွေအတွက်ပါ မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

Wednesday 6 February 2013

ကဲ နက္ခတ်တွေမေးနေတယ်.သူတွေအတွက်ပါ မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

Photo: ကဲ နက္ခတ်တွေမေးနေတယ်.သူတွေအတွက်ပါ
မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။
နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။

ကဲ ကိုယ်.ချစ်သူ ဘယ်နက္ခတ်လည်း ကြည်.ကြည်.ပေါ့ တစ်ခုတော.ပြောချင်ပါတယ် ။ကျွန်တော်လည်း ငယ်ငယ်တုံးကကြားဘူးတာပါ ချစ်သူက ဘီလူးနက္ခတ် သမီးက လူနက္ခတ်ဆိုတော့။ ကျွန်မ သူ့ကိုယူရင် အစားခံရမယ်ထင်တယ်။ သူနဲ့ ကျွန်တော်နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ်မကိုက်ဘူးတဲ့။ ဘီလူးက လူကိုသာ စားနိုင်တာ ၊ နတ်ကိုတော့ အသေကြောက်တဲ့။ အဲ.လိုတွေပေါ့ ။ 

ကျွန်တော်ကို "ဘီလူးနက္ခတ် နဲ့ လူနက္ခတ်ယူရင် အဆိုးဆုံးဘာဖြစ်တတ်လဲ လို.မေးရင် 
" အဆိုးဆုံးကတော့ ကလေးမွေးတာပေါ့ဗျာ"လို.ဖြေမှာ ။ 

အဲ.တာတွေက သက်သက်လျှောက်ပြောကြတာပါ မှန်မယ်လို.မထင်ပါဘူး။ သူငယ်ချင်းတို.တွေလည်း အရာရာတွေးကြောက်နေရတယ်.ဘေးမှ ကင်းလွတ်နိုင်ပါစေဗျာ...ဗေဒင်(၁)-ကြွင်းရင်- နတ်နက္ခတ်။

အဲ.တာတွေက သက်သက်လျှောက်ပြောကြတာပါ မှန်မယ်လို.မထင်ပါဘူး။ သူငယ်ချင်းတို.တွေလည်း အရာရာတွေးကြောက်နေရတယ်.ဘေးမှ ကင်းလွတ်နိုင်ပါစေဗျာ...ဗေဒင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...