ဧဒင်အချစ်ပုံပြင်: ထန်းရည်မူးပြီးဆူညံနေသူအား တားမြစ်ရာက ၀ိုင်းဝန်းရိုက်နှက်၍သေဆုံး

Wednesday 27 March 2013

ထန်းရည်မူးပြီးဆူညံနေသူအား တားမြစ်ရာက ၀ိုင်းဝန်းရိုက်နှက်၍သေဆုံး

၂၅-၃-၂၀၁၃ရက်နေ့ ၂၃၀၀ အချိန် နေပြည်တော် လယ်ဝေးမြို့နယ်၊ ရှားယားကုန်းရွာနေ မောင်စိုး(ခ)ပြားကြီး(၄၇)နှစ်သည် ထန်းရည်မူးပြီးဆူနေသဖြင့် ကျေးရွာကင်းအဖွဲ့မှ သိန်းထွန်းနှင့်အဖွဲ့ ရောက်ရှိလာကာ မဆူရန်တားမြစ်စဉ် မောင်စိုးမှ ပြန်လည်ပြောဆိုသဖြင့် ၄င်းအဖွဲ့ပြန်လည်ထွက် ခွာသွားခဲ့သည်။ ထို့နောက်မကြာမီ နေအိမ်ပေါ်ခဲများကျလာသဖြင့် မောင်စိုး(ခ)ပြားကြီးမှ ဓါး(၂)လက် စွဲကိုင်ပြီး
အိမ်ရှေ့ထွက်သွားလာစဉ် သိန်းထွန်း(၅၀)နှစ်ပါ ၁၀ ဦးခန့်က ဓါး/တုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ထိုးခုတ်သဖြင့် မောင်စိုး(ခ)ပြားကြီးတွင် ဂုတ်ပိုးနှင့်ဝဲ/ယာနား(၂)ဖက်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖျံပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သောကြောင့် သိန်းထွန်းပါ ၁၀ ဦးအား အေလာရဲစခန်း(ပ)၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...