ဧဒင်အချစ်ပုံပြင်: မိုးကြိုးပစ်ရာမှ အိမ် ၄ လုံးမီးလောင်

Wednesday 27 March 2013

မိုးကြိုးပစ်ရာမှ အိမ် ၄ လုံးမီးလောင်


၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့
နယ်၊ ဟိုမောမန်နိမ့်ကျေးရွာအုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွား
ခဲ့ကြောင်း သတင်းပေးပို့ခဲ့သဖြင့် နမ့်ဖက်ကာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စာရေး ဦးညီလော့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၀၁၀၀ အချိန် လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းခဲ့


ရာ ဦးအိုက်လိန် (ခ) ဦးလှအေး၏ ထရံကာ၊ သွပ်မိုး၊ ၁၀ ပေ ၂ ခန်းတွဲနေ
အိမ်အား မိုးကြိုး ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ၄င်းအိမ်မှစတင်မီးလောင်ကျွမ်းပြီး
အနီးပတ်ဝန်းကျင်ရှိ ဦးအိုက်ဒဲ့(၂၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ၁၀ ပေ ၁ ခန်း၊ ဦးဆမ်ပေ(၃၀)နှစ်၏ သွပ်မိုးထရံကာ ၁၀ ပေ၊ ၂ ခန်းတွဲနှင့် ဦးငိုတိမ်း (၄၀)နှစ်
၏ သွပ်မိုး ထရံကာ ၁၀ ပေ ၁ ခန်းတို့၏ နေအိမ် ၃ လုံးအားမီးကူးဆက်
လောင်ကျွမ်းခဲ့ကာ နေအိမ် ၄ လုံး စုစုပေါင်းတန်ဘိုးးငွေကျပ်(၁၅၀၀၀၀ိ/-) ဆုံးရှုံးခဲ့ကြောင်း၊ လူ/တိရစ္ဆာန် သေဆုံးမှုမရှိဘဲ ဦးအိုက်လိန် (ခ)ဦးလှအေးတွင် မီးငြှိမ်းသတ်စဉ် ဦးခေါင်းမီးဟတ်ဒဏ်ရာအနည်းငယ်
ရရှိခဲ့သဖြင့် နမ့်ဖက်ကာ တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိ
ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...