ဧဒင်အချစ်ပုံပြင်: အရက်အတူသောက်စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

Wednesday 13 March 2013

အရက်အတူသောက်စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

၁၀-၃-၂၀၁၃ရက်နေ့ ၀၂၃၀ အချိန် သီပေါမြို့နယ်၊ ပန်ပီးရွာနေ မြင့်ကျော်(၄၅)နှစ်သည် ၎င်းင်း၏နေအိမ်တွင် တစ်ရွာတည်းနေသူများသည့် မျိုးအောင်(၂၉)နှစ်၊ အိုက်လိတ်(၄၇)နှစ်တို့နှင့်အတူ ၀က်သားပေါ်၍ အရက်အတူသောက်ခဲ့ကြကြောင်း၊ အရက်သောက်နေစဉ် မြင့်ကျော်နှင့်မျိုးအောင်တို့ ၂ ဦးစကားများရန်ဖြစ်ကြရာ မြင့်ကျော်မှမျိုးအောင်အား ရဲဒင်းနှင့်ခုတ်သဖြင့် မျိုးအောင်တွင် ယာဘက် လက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း၊ မျိုးအောင်မှလည်း မြင့်ကျော်အား လက်သီးနှင့်ထိုးပြီး
ဓါးနှင့်ထပ်မံထိုးသဖြင့် မြင့်ကျော်တွင် ၀ဲဘက်မျက်လုံးဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းငယ်ထိပ်ချိုင့်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဂျိုစောင်း ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဇနီးဖြစ်သူမှတိုင်တန်းသဖြင့် သီပေါရဲစခန်း(ပ)၃၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...