ဧဒင်အချစ်ပုံပြင်: "နာမည်ကြီးအမျိုးသမီး အဆိုတော်တစ်ယောက်နဲ့ စုံတွဲသီချင်းခွေ ဆောင်းဦးလှိုင်စီစဉ်နေ"

Monday 4 March 2013

"နာမည်ကြီးအမျိုးသမီး အဆိုတော်တစ်ယောက်နဲ့ စုံတွဲသီချင်းခွေ ဆောင်းဦးလှိုင်စီစဉ်နေ"

"နာမည်ကြီးအမျိုးသမီး အဆိုတော်တစ်ယောက်နဲ့ စုံတွဲသီချင်းခွေ ဆောင်းဦးလှိုင်စီစဉ်နေ"

အညတရသူရဲကောင်းများ ဗီစီဒီကို မကြာခင်လပိုင်း အတွင်းမှာ စတင်ရိုက်ကူး တော့ မှာဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောပါတယ်။ 
တချို့ အပုဒ်တွေကို ဦးကျော်သူ အားခဲ့ရင် ရိုက်ပေးဖို့ အကူအညီ တောင်းမယ်လို့ စိတ်ကူးထားပေမယ့် လည်း လူမှုရေးအလုပ်တွေနဲ့ မအား လပ်ရအောင်ဖြစ်နေတဲ့အတွက် ရိုက် ပေးဖို့မတောင်း ဆိုတော့ဘဲ အမေရိက ကနေမြန်မာနိုင်ငံကို ခေတ္တအလည် ရောက်လာပြီး ရိုက်ကူးရေးပိုင်းကို ဝါသနာတအားပါတဲ့ လူငယ်တစ် ယောက်ကိုပဲ ရိုက်ပေးဖို့ အကူအညီ တောင်းထားကြောင်း ဆောင်းဦးလှိုင် က ပြောပါတယ်။ အခွေရဲ့နာမည်ကို က အညတရသူရဲ ကောင်းများဖြစ်တဲ့ အတွက် ပြည်သူတွေကြားထဲက ပြည်သူ့ပုံရိပ်တွေကိုပဲ ရိုက်ပြသွား မှာဖြစ်ကြောင်း၊ အချစ် သီချင်းတွေ ကိုတော့ အချစ်သီချင်းပုံစံမျိုးပဲ ရိုက် ဖြစ်မှာဖြစ်ပေမယ့် လူမှုရေးသီချင်း တွေကိုတော့ လူမှုရေးဆန်တဲ့ ပုံရိပ် မျိုးတွေနဲ့ ရိုက်ပြမှာဖြစ်ကြောင်း သူ့ ရဲ့ အိုင်ဒီယာနဲ့ ဒါရိုက်တာရဲ့ စိတ် ကူးတွေပေါင်းစပ်ပြီးဗီစီဒီကို အကောင်း ဆုံးရိုက်ကူးပုံဖော်မှာ ဖြစ်ကြောင်း ပြောပါတယ်။ 

"အညတရသူရဲကောင်းများသီ ချင်းကိုတော့ ပြည်သူတွေကြားထဲ မှာ ရိုက်မယ်။ ဘက်စ်ကားတိုး စီးနေ တဲ့သူတွေ၊ပလက်ဖောင်းမှာ ဈေးရောင်း တဲ့သူတွေ၊ လမ်းလျှောက်တဲ့သူတွေ အားလုံးကို ရိုက်ပေးပါလို့ ပြောထား တယ်။ လူထုဘဝပေါ့။ ဗခအသမ တစ် ယောက်တော့ ထည့်မယ်။ လူကြားထဲ သွားနေပြီး လူတွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးနေတဲ့ ပုံစံမျိုးရိုက် မယ်။ဗီစီဒီကိုတော့ မိုးတွင်းလောက် တော့ အပြီးရိုက်မယ်" mလို့ ဗီစီဒီအခွေ နဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဆောင်းဦးလှိုင်က အလှူတော်မင်္ဂလာ တစ်ကိုယ်တော်အခွေထွက်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တော့တာ ၅နှစ်လောက် ရှိခဲ့ပြီဖြစ်ပါတယ်။ 

လူမှုရေးသမား ဘဝကို ခံယူထားပြီး နောက်ပိုင်းမှာ ကိုယ့်တစ်ယောက်တည်း ကျော်ကြားမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အပိုင်းတွေမှာ နည်းနည်းလက်တွန့်နေတဲ့ အတွက် တစ်ကိုယ်တော်အခွေ မထွက်ဖြစ်ခြင်းဖြစ်ကြောင်း၊ အမှန် တကယ်မှာတော့ ၅နှစ် လောက်ရှိပြီ ဖြစ်တဲ့အတွက်တစ်ကိုယ် တော်ခွေက တော့လုပ်သင့်ပြီဖြစ်ကြောင်း ဆောင်း ဦးလှိုင်ကပြောပါတယ်။ တစ်ကိုယ် တော် အခွေမထွက်ဖြစ်သေးပေမယ့်လည်း အခုလက်ရှိမှာတော့ နာမည် ကြီး မိန်းကလေးအဆိုတော်တစ် ယောက်နဲ့စုံတွဲအခွေထွက်ဖို့ စီစဉ်နေ ကြောင်းသူ့အနေနဲ့ စုံတွဲအခွေသီးသန့်အနေနဲ့မလုပ်ဖြစ် ခဲ့ဖူးတဲ့ အတွက် ဒီအခွေကတော့ ပထမဆုံးစုံ တွဲအခွေလို့ပဲ ပြောရမှာဖြစ်ကြောင်း၊ ပြောလာတဲ့ဆောင်းဦးလှိုင်က" ကျွန်တော့် ဘာသာ ကျွန်တော် လည်းစဉ်းစားပါတယ်။ ကျွန်တော် ဘာမလုပ်ဖူးသေးဘူးလဲပေါ့။ ခရီးသွား၅ယောက်လိုအဖွဲ့နဲ့ဆိုဖူး တယ်။ 

19:18 ဆိုရင် ယောက်ျားလေး၃ ယောက်ပေါင်းဆိုတယ်။ အခုကတော့ ၂ယောက်တည်းပဲ။ စုံတွဲသီချင်းတွေပါမယ်။ နောက်သူတစ်ယောက်တည်း ဆိုတာတွေပါ မယ်။ ကျွန်တော်တစ်ယောက်တည်းဆိုတာတွေပါမယ်။ သီချင်းအားလုံးကိုတော့ ကျွန်တော်ရေးမှာပါ။ အခုဆို ၅ပုဒ် လောက်ပြီးသွားပြီ။ သီချင်းအများစုကတော့ ပရိသတ်တွေနားထောင်ပျော်မယ့် သီချင်းမျိုးတွေပဲ ဖြစ်မှာပါ။ ကျွန်တော်တစ်ယောက်တည်းဆိုတဲ့ သီချင်းအပုဒ်တွေမှာတော့ လူမှုရေး သီချင်းလေးတွေပါရင်ပါပါလိမ့်မယ်" လို့ပြောပါတယ်။  

အညတရသူရဲကောင်းများ ဗီစီဒီအရင်ထွက်မလား၊ စုံတွဲအခွေ အရင်ထွက်မလားဆိုတာကတော့ အခွေ၂ ခွေစလုံး ဘယ်အခွေ အရင်ပြီးမလဲဆိုတဲ့အခြေအနေပေါ်မှာပဲ မူတည်တဲ့အတွက် ဘယ်အခွေ အရင်ထွက်မလဲဆိုတာကိုတော့ ပြောလို့မရသေးကြောင်း ဆောင်း ဦးလှိုင်က ပြောပါတယ်။  
                           
လင်းအက္ခရာ

အညတရသူရဲကောင်းများ ဗီစီဒီကို မကြာခင်လပိုင်း အတွင်းမှာ စတင်ရိုက်ကူး တော့ မှာဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောပါတယ်။ တချို့ အပုဒ်တွေကို ဦးကျော်သူ အားခဲ့ရင် ရိုက်ပေးဖို့ အကူအညီတောင်းမယ်လို့ စိတ်ကူးထားပေမယ့် လည်း လူမှုရေးအလုပ်တွေနဲ့ မအား လပ်ရအောင်ဖြစ်နေတဲ့အတွက် ရိုက် ပေးဖို့မတောင်း ဆိုတော့ဘဲ အမေရိက ကနေမြန်မာနိုင်ငံကို ခေတ္တအလည် ရောက်လာပြီး ရိုက်ကူးရေးပိုင်းကို ဝါသနာတအားပါတဲ့ လူငယ်တစ် ယောက်ကိုပဲ ရိုက်ပေးဖို့ အကူအညီ တောင်းထားကြောင်း ဆောင်းဦးလှိုင် က ပြောပါတယ်။
 
အခွေရဲ့နာမည်ကို က အညတရသူရဲ ကောင်းများဖြစ်တဲ့ အတွက် ပြည်သူတွေကြားထဲက ပြည်သူ့ပုံရိပ်တွေကိုပဲ ရိုက်ပြသွား မှာဖြစ်ကြောင်း၊ အချစ် သီချင်းတွေ ကိုတော့ အချစ်သီချင်းပုံစံမျိုးပဲ ရိုက် ဖြစ်မှာဖြစ်ပေမယ့် လူမှုရေးသီချင်း တွေကိုတော့ လူမှုရေးဆန်တဲ့ ပုံရိပ် မျိုးတွေနဲ့ ရိုက်ပြမှာဖြစ်ကြောင်း သူ့ ရဲ့ အိုင်ဒီယာနဲ့ ဒါရိုက်တာရဲ့ စိတ် ကူးတွေပေါင်းစပ်ပြီးဗီစီဒီကို အကောင်း ဆုံးရိုက်ကူးပုံဖော်မှာ ဖြစ်ကြောင်း ပြောပါတယ်။

"အညတရသူရဲကောင်းများသီ ချင်းကိုတော့ ပြည်သူတွေကြားထဲ မှာ ရိုက်မယ်။ ဘက်စ်ကားတိုး စီးနေ တဲ့သူတွေ၊ပလက်ဖောင်းမှာ ဈေးရောင်း တဲ့သူတွေ၊ လမ်းလျှောက်တဲ့သူတွေ အားလုံးကို ရိုက်ပေးပါလို့ ပြောထား တယ်။ လူထုဘဝပေါ့။ ဗခအသမ တစ် ယောက်တော့ ထည့်မယ်။ 
 
လူကြားထဲ သွားနေပြီး လူတွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးနေတဲ့ ပုံစံမျိုးရိုက် မယ်။ဗီစီဒီကိုတော့ မိုးတွင်းလောက် တော့ အပြီးရိုက်မယ်" mလို့ ဗီစီဒီအခွေ နဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဆောင်းဦးလှိုင်က အလှူတော်မင်္ဂလာ တစ်ကိုယ်တော်အခွေထွက်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တော့တာ ၅နှစ်လောက် ရှိခဲ့ပြီဖြစ်ပါတယ်။

လူမှုရေးသမား ဘဝကို ခံယူထားပြီး နောက်ပိုင်းမှာ ကိုယ့်တစ်ယောက်တည်း ကျော်ကြားမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အပိုင်းတွေမှာ နည်းနည်းလက်တွန့်နေတဲ့ အတွက် တစ်ကိုယ်တော်အခွေ မထွက်ဖြစ်ခြင်းဖြစ်ကြောင်း၊ အမှန် တကယ်မှာတော့ ၅နှစ် လောက်ရှိပြီ ဖြစ်တဲ့အတွက်တစ်ကိုယ် တော်ခွေက တော့လုပ်သင့်ပြီဖြစ်ကြောင်း ဆောင်း ဦးလှိုင်ကပြောပါတယ်။ 
 
တစ်ကိုယ် တော် အခွေမထွက်ဖြစ်သေးပေမယ့်လည်း အခုလက်ရှိမှာတော့ နာမည် ကြီး မိန်းကလေးအဆိုတော်တစ် ယောက်နဲ့စုံတွဲအခွေထွက်ဖို့ စီစဉ်နေ ကြောင်းသူ့အနေနဲ့ စုံတွဲအခွေသီးသန့်အနေနဲ့မလုပ်ဖြစ် ခဲ့ဖူးတဲ့ အတွက် ဒီအခွေကတော့ ပထမဆုံးစုံ တွဲအခွေလို့ပဲ ပြောရမှာဖြစ်ကြောင်း၊ ပြောလာတဲ့ဆောင်းဦးလှိုင်က" ကျွန်တော့် ဘာသာ ကျွန်တော် လည်းစဉ်းစားပါတယ်။ ကျွန်တော် ဘာမလုပ်ဖူးသေးဘူးလဲပေါ့။ ခရီးသွား၅ယောက်လိုအဖွဲ့နဲ့ဆိုဖူး တယ်။

19:18 ဆိုရင် ယောက်ျားလေး၃ ယောက်ပေါင်းဆိုတယ်။ အခုကတော့ ၂ယောက်တည်းပဲ။ စုံတွဲသီချင်းတွေပါမယ်။ နောက်သူတစ်ယောက်တည်း ဆိုတာတွေပါ မယ်။ ကျွန်တော်တစ်ယောက်တည်းဆိုတာတွေပါမယ်။ သီချင်းအားလုံးကိုတော့ ကျွန်တော်ရေးမှာပါ။ အခုဆို ၅ပုဒ် လောက်ပြီးသွားပြီ။ သီချင်းအများစုကတော့ ပရိသတ်တွေနားထောင်ပျော်မယ့် သီချင်းမျိုးတွေပဲ ဖြစ်မှာပါ။ ကျွန်တော်တစ်ယောက်တည်းဆိုတဲ့ သီချင်းအပုဒ်တွေမှာတော့ လူမှုရေး သီချင်းလေးတွေပါရင်ပါပါလိမ့်မယ်" လို့ပြောပါတယ်။

အညတရသူရဲကောင်းများ ဗီစီဒီအရင်ထွက်မလား၊ စုံတွဲအခွေ အရင်ထွက်မလားဆိုတာကတော့ အခွေ၂ ခွေစလုံး ဘယ်အခွေ အရင်ပြီးမလဲဆိုတဲ့အခြေအနေပေါ်မှာပဲ မူတည်တဲ့အတွက် ဘယ်အခွေ အရင်ထွက်မလဲဆိုတာကိုတော့ ပြောလို့မရသေးကြောင်း ဆောင်း ဦးလှိုင်က ပြောပါတယ်။

RND: 4.3.2013
လင်းအက္ခရာ
ပေါ်ပြုလာမြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...