ဧဒင်အချစ်ပုံပြင်: "မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"

Monday 4 March 2013

"မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"


ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာ
သွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေး
ပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကိုဖေဖော်ဝါရီ ၁၉
ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က

"ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။
ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့
ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာကအမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်း
တွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့
ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက်

ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့
သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။

ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက်
မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါတယ်။



( Popular Journal )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...