ဧဒင်အချစ်ပုံပြင်: မြန်မာအက္ခရာ ဗျည်း (၃၃) လုံးအားအထီးအမ ခွဲခြားခြင်း

Monday 25 March 2013

မြန်မာအက္ခရာ ဗျည်း (၃၃) လုံးအားအထီးအမ ခွဲခြားခြင်း


    ခုခေတ်ကျွန်တော်တို့ လူငယ်လူရွယ်များ က နိုင်ငံခြားဘာသာစကားများစွာတက်ကျွမ်းကြ ပါတယ် ၊ အလေးပေးပီးတော့လည်း လေ့လာလိုက်စားကြပါတယ်။ဒါပေမဲ့ကိုယ့်မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ ကိုတော့လေ့လာလိုက်စားမှုအားနည်းတာစိတ်မကောင်းစွာတွေ့ရပါတယ် ။ ဘာလို့လဲဆိုတော့ အင်တာ နက် စာမျက်နှာတော်တော်များများမှာသတိမထားမိလို့မှားတဲ့အမှားမျိုးမဟုတ်တဲ့သတ်ပုံအမှားတွေ ပြီးတော့ စာလုံးဆင့်များရေးသာရာမှာ မှားယွင်းစွာရေးသားကြတာတွေတွေ့ မိပါတယ် ။
      ဒါကြောင့်မို့လို့ကိုယ့်မိခင်ဘာသာစကားဟာလေးနက်ကြွယ်ဝသလို၊ပညာသားလည်းပါတယ်ဆိုတာသိစေချင် တဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်သိတာလေးတွေပြန်လည်မျှဝေပေးတာပါ ။ မြန်မာစာဟာလေးနက်မှုရှိမရှိ ပညာ သားပါမပါဆိုတာ အောက်က ပုံလေးကိုတစ်ချက်ကြည့်ပါ ။

ဒီလိုရေးထားတဲ့ပုံလေးကိုကျွန်တော်တို့သူငယ်တန်းကတည်းက တွေ့ခဲ့ဖူးပါတယ် ။ အောက်ဆုံးမှာရှိတဲ့ ဟ ၊ ဠ၊အတို့ဟာအလယ်မှာရှိနေတာဟာငယ်ငယ်ကတော့ကြည့်လို့ကောင်းအောင်၊လှအောင်လို့အလယ်မှာထား ထားတယ်လို့ထင်မိပါတယ် ။ ဒါပေမဲ့ တကယ်တော့အလှထားထားတာမဟုတ်ပါဘူး ။ တကယ်လို့ ဟ ၊ ဠ ၊အ တို့ကို အပြာနဲ့  ဘောင်ခတ်ထားတဲ့ နေရာမှာဖြစ်ဖြစ် ၊အနီနဲ့ဘောင်ခတ်ထားတဲ့နေ ရာမှာဖြစ်ဖြစ်ထား ခဲ့  မယ် ဆိုရင် အဲဒါဟာမှားပါတယ် ။ ဘာကြောင့် မှားလဲဆိုတော့  မြန်မာအက္ခရာ တစ်လုံးချင်းစီ ကိုရှေး
ပညာရှိ များက အထီး ၊ အမ  နဲ့ ဗိုလ် ၊ တပည့် ဆိုပီး ခွဲခြားထားခဲ့လို့ပါပဲ။   အောက်ကပုံလေးကြည့်ကြည့်ရင်ရှင်းသွားမှာပါ။



    ဖို ဆိုတဲ့ အတိုင်ရဲ့အောက် က အက္ခရာ များဟာ အထီးအက္ခရာ များဖြစ်ပါတယ် ။ မ ဆိုတဲ့ အတိုင် အောက် က အက္ခရာ များကတော့ အမ အက္ခရာ များဖြစ်ပါတယ် ။ ဘေးအစွန်ဆုံး ပန်းရောင် နဲ့ ဘောင်ခတ်ထားတဲ့ အက္ခရာ များကတော့ ဗိုလ် အက္ခရာ များဖြစ်ပါတယ် ။ ရှေ့က က ဝဂ် ၊ စဝဂ် ၊ ဋဝဂ် ၊ တဝဂ် ၊ ပဝဂ် ဆိုတာတွေကတော့ ဌာန် (အသံလာရာနေရာ) တူရာကို ဝဂ်ဗျည်းများအဖြစ် စုထားတာဖြစ် ပါတယ် ။ အဝဂ် ဆိုတာကတော့ ဌာန်မတူတဲ့ အက္ခရာတွေအစုဖြစ်ပါတယ် ။
      အပေါ်မှာပြောထားခဲ့တိုင်းပါပဲ  ဟ ၊ ဠ ၊ အ တို့ကို အပြာလေးထောင့်ကွက်နေရာသွားထားလိုက်မယ်ဆိုရင် ဟ = အထီး ၊ ဠ = အမ ၊ အ =အထီး အက္ခရာ ဆိုပီးပြောင်းပြန်တွေဖြစ်ကုန် ပါတယ် ။ တကယ်လို့ အနီကွက်နေရာပြောင်းထားလိုက်မယ်ဆိုရင် လည်း အ အက္ခရာ ဟာ ဗိုလ် အက္ခရာ ဖြစ်သွားပါမယ် ။ အဲဒါကြောင့် အလည်မှာထားမှသာလျှင်အမှန်ဖြစ်ပါတယ် ။
     ဒီအက္ခရာတစ်လုံးချင်းဆီကိုဘာကြောင့်အထီး၊အမနှင့်ဗိုလ်တပည့်ရယ်လို့ခွဲခြားထားတာ လဲ ၊ အဲဒါ တွေကိုဘယ်မှသုံးလဲဆိုတော့လုံးဆင့်စာလုံးများ ရေးသားရာမှာသုံးပါတယ်။ဘယ်လိုမျိုးဥပဒေသလဲ ဆိုတော့

၁ ။ လုံးဆင့်ရေးသားရာတွင် အမြဲတမ်း အထီးအက္ခရာ များသည် အမ အက္ခရာ    များအပေါ်မှာ ထား ပီးဆင့်ပါတယ် ။
၂ ။ အမ အက္ခရာ ဘယ်တော့မှ အပေါ်ကထားပီးမဆင့်ပါ ။
၃ ။ အထီးအက္ခရာ အချင်းချင်း ဆင့်နိုင်ပါတယ် ။၎ ။ အမ ၊ အမ ချင်းဆင့်နိုင်ပါတယ် ။
၅ ။ ဌာန်တူ ဝဂ်တွေရဲ့ တတိယကော်လံ မှာရှိနေတဲ့ ဖို အက္ခရာတွေဟာ ဒုတိယနှင့် ပထမ ကော်လံမှာ ရှိနေ တဲ့ အက္ခရာတွေပေါ်ဆင့်နိုင်ပါတယ် ။
၆ ။ ဌာန်တူရာတွေစုထားတဲ့ ဝဂ်တွေရဲ့ နောက်ဆုံး (ပန်းရောင်နဲ့ဘောင်ခတ်ထားတဲ့အက္ခရာ) ဗိုလ် အက္ခရာ များဟာ သူ့ရှေ့မှာရှိတဲ့  တပည့်အက္ခရာအားလုံးပေါ်မှာဆင့်နိုင်ပါတယ် ။


  သူငယ်ချင်းတို့မြန်မာစာအုပ်စာပေတွေထဲမှာတွေ့ခဲ့ဖူးတဲ့လုံးဆင့်စကားလုံးတွေကိုစဉ်းစားပီးချရေးကြည့်ပါ အပေါ်ကပြောခဲ့တဲ့  ဥပဒေသတွေနဲ့ကိုက်ညီနေတာတွေ့ရပါလိမ့်မယ် ။ တကယ်လို့ ကိုယ် တိုင်ထွင်ရေး ကြည့် ချင်သပါ့ဆိုရင်လည်းရေးကြည့်ပါ ၊ အပေါ်က အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ အဲဒီ လုံး ဆင့်စကားလုံးဟာ ရေးထုံးအမှန်ပဲဖြစ်ပါတယ် ။အပေါ် မှာ ပြော ခဲ့ တဲ့ အချက် လေး ၆ ချက် ကိုကောင်းကောင်း သိပြီ ၊  မြန်မာဗျည်းအက္ခရာတွေ  အထီး အမ ခွဲ ခြားတက်ပီဆိုရင်တော့ ၊ သေချာပါ တယ် သူငယ်ချင်း တို့ အားလုံး ဘယ် လုံးဆင့်စကားလုံးကိုပဲရေးရေး မှားတော့ မှာမဟုတ်ပါဘူး ။

   အထီး၊အမ၊ဗိုလ်၊တပည့်ဆိုတဲ့စကားလုံးတွေကကျွန်တော်တို့ငယ်ငယ်ကလေးတုန်းကဆရာတစ်ယောက်က
မှတ်မိလွယ်အောင်သင်ပေးတဲ့အသုံးနှုန်းတွေကိုကျွန်တော်ပြန်လည်သုံးထားခြင်းပါ ။ တကယ် တမ်း စာအုပ် ထဲကတိုင်းဆိုရင်တော့  အထီး = သိထိလ ၊  အမ = ဓနိတ နဲ့  ဗိုလ် = ဝဂ္ဂန္တ  ဖြစ်ပါတယ် ။ ကျွန်တော် ခုဆွေးနွေး ခဲ့ တဲ့ အချက်တွေဟာအကျဉ်း ပဲဖြစ်ပါတယ်။ဒီထက်ပိုပီးကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်တော့  ဒဿမတန်းမြန်မာသဒ္ဒါ နဲ့ ဗုဒ္ဓဘာသာ(အခြေခံအဆင့် ၊ အလယ်တန်းအဆင့် ၊ အထက်တန်းအဆင့် ) ပါဠိပါဌ်ဆင့် ရေးသားနည်း မှာ ဖတ်နိုင်ပါတယ် ။(ရုပ်ဆိုး)
https://www.facebook.com/notes/%E1%80%9B%E1%80%AF%E1%80%95%E1%80%B9-%E1%80%86%E1%80%AD%E1%80%AF%E1%80%B8/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%80%E1%81%A1%E1%80%9B%E1%80%AC-%E1%80%97%E1%80%BA%E1%80%8A%E1%80%B9%E1%80%B8-%E1%81%83%E1%81%83-%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%A1%E1%80%91%E1%80%AE%E1%80%B8%E1%80%A1%E1%80%99-%E1%80%81%E1%80%BC%E1%80%B2%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/518080094896975

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...