ဧဒင်အချစ်ပုံပြင်: မြို့ပတ်ရထားကို ငွေကျပ်နှစ်ရာဖြင့် စီးနင်းနိုင်သော အထူးတွဲတစ်တွဲစီ ချိတ်ဆက်ပြေးဆွဲမည်

Saturday 16 March 2013

မြို့ပတ်ရထားကို ငွေကျပ်နှစ်ရာဖြင့် စီးနင်းနိုင်သော အထူးတွဲတစ်တွဲစီ ချိတ်ဆက်ပြေးဆွဲမည်


Photo: မြို့ပတ်ရထားကို ငွေကျပ်နှစ်ရာဖြင့် စီးနင်းနိုင်သော အထူးတွဲတစ်တွဲစီ ချိတ်ဆက်ပြေးဆွဲမည်
Sunday, March 17, 2013 

ရန်ကုန်မြို့တော်တွင် လူတန်းစားပေါင်းစုံ အသုံးပြုစီးနင်းနိုင်သော မြို့ပတ်ရထားအချို့တွင် ယခုလ ရက်ပိုင်းအတွင်း စီးနင်းခနှုန်းထား
ငွေကျပ် ၂၀၀ ပေးရသော အထူးတွဲတစ်တွဲစီ ချိတ်ဆက်ပြေးဆွဲ
ပေးမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား လက်ထောက်မန်နေဂျာ (ရန်ကုန်တိုင်းဒေသကြီး) ဦးကျော်မြင့်က ပြည်တွင်းမီဒီယာ များသို့ တွေ့ဆုံပြော ကြားသည်။ 

အဆိုပါ အထူးတွဲများကို မြို့ပတ်နှင့် လှော်ကားခရီးစဉ် ပြေးဆွဲနေသော ရထား ၂၁ စီးထဲမှ ကစွန်း၊ ခရမ်း၊ ဆဒ္ဒန်၊ သရက်နှင့် ဇီယာအမည်ရှိ ရထားငါးစီးတွင် ချိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းအထူးတွဲတွင် ဖိုက်ဘာထိုင်ခုံ ၆၂ ခုံ တပ်ဆင်ထားကာ တွဲထိန်းနှင့် ရဲတပ်ဖွဲ့ အစောင့်အရှောက်၊ အမှိုက်ပုံးများလည်း ထားရှိပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

မြန်မာ့မီးရထား မြစ်ငယ်စက်ရုံမှ ထုတ်လုပ်၍ ကုန်စည်မတင်ရသော ခရီးသည်တင် အထူးရထားတွဲ လက်မှတ်များကို နံနက် ၄ နာရီမှ ၈ နာရီ၊ 
၈ နာရီမှ နေ့လယ် ၁၂ နာရီ၊ ၁၂ နာရီမှ ညနေ ၄ နာရီ၊ ၄ နာရီမှ ည ၉ နာရီအထိ အချိန်သတ်မှတ်၍ ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဝယ်ယူထားသော လက်မှတ်များသည် သတ်မှတ်ချိန် အတွင်းသာ အကျုံးဝင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။ 

“ပြည်သူတွေကလည်း ကွမ်းတံတွေး ထွေးတာတို့၊ အမှိုက်ပစ်တာတို့ မလုပ်စေချင်ဘူး။ လက်မှတ်မဲ့စီးရင် တစ်ဦးကို ကျပ် ၂၀၀၀ ဒဏ်ရိုက်မယ်” ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (ရန်ကုန်တိုင်းဒေသကြီး) ဦးကျော်ကျော်မျိုးက ဆိုသည်။

မြို့ပတ်ရထား လက်မှတ်တစ်စောင်လျှင် ကျပ်တစ်ရာပေးရပြီး ခရီးစဉ်
နှစ်ကြောင်း စီး၍ရကြောင်း၊ ယခု အထူးရထားတွဲ လက်မှတ်မှာ
နှစ်ရာကျပ်ပေးရပြီး ခရီးစဉ်တစ်ကြောင်းတည်းသာ စီးနိုင်ကြောင်း လက်ထောက် မန်နေဂျာ ဦးကျော်မြင့်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Ngeရန်ကုန်မြို့တော်တွင် လူတန်းစားပေါင်းစုံ အသုံးပြုစီးနင်းနိုင်သော မြို့ပတ်ရထားအချို့တွင် ယခုလ ရက်ပိုင်းအတွင်း စီးနင်းခနှုန်းထား
ငွေကျပ် ၂၀၀ ပေးရသော အထူးတွဲတစ်တွဲစီ ချိတ်ဆက်ပြေးဆွဲ
ပေးမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား လက်ထောက်မန်နေဂျာ (ရန်ကုန်တိုင်းဒေသကြီး) ဦးကျော်မြင့်က ပြည်တွင်းမီဒီယာ များသို့ တွေ့ဆုံပြော ကြားသည်။

အဆိုပါ အထူးတွဲများကို မြို့ပတ်နှင့် လှော်ကားခရီးစဉ် ပြေးဆွဲနေသော ရထား ၂၁ စီးထဲမှ ကစွန်း၊ ခရမ်း၊ ဆဒ္ဒန်၊ သရက်နှင့် ဇီယာအမည်ရှိ ရထားငါးစီးတွင် ချိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းအထူးတွဲတွင် ဖိုက်ဘာထိုင်ခုံ ၆၂ ခုံ တပ်ဆင်ထားကာ တွဲထိန်းနှင့် ရဲတပ်ဖွဲ့ အစောင့်အရှောက်၊ အမှိုက်ပုံးများလည်း ထားရှိပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

မြန်မာ့မီးရထား မြစ်ငယ်စက်ရုံမှ ထုတ်လုပ်၍ ကုန်စည်မတင်ရသော ခရီးသည်တင် အထူးရထားတွဲ လက်မှတ်များကို နံနက် ၄ နာရီမှ ၈ နာရီ၊
၈ နာရီမှ နေ့လယ် ၁၂ နာရီ၊ ၁၂ နာရီမှ ညနေ ၄ နာရီ၊ ၄ နာရီမှ ည ၉ နာရီအထိ အချိန်သတ်မှတ်၍ ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဝယ်ယူထားသော လက်မှတ်များသည် သတ်မှတ်ချိန် အတွင်းသာ အကျုံးဝင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

“ပြည်သူတွေကလည်း ကွမ်းတံတွေး ထွေးတာတို့၊ အမှိုက်ပစ်တာတို့ မလုပ်စေချင်ဘူး။ လက်မှတ်မဲ့စီးရင် တစ်ဦးကို ကျပ် ၂၀၀၀ ဒဏ်ရိုက်မယ်” ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (ရန်ကုန်တိုင်းဒေသကြီး) ဦးကျော်ကျော်မျိုးက ဆိုသည်။

မြို့ပတ်ရထား လက်မှတ်တစ်စောင်လျှင် ကျပ်တစ်ရာပေးရပြီး ခရီးစဉ်
နှစ်ကြောင်း စီး၍ရကြောင်း၊ ယခု အထူးရထားတွဲ လက်မှတ်မှာ
နှစ်ရာကျပ်ပေးရပြီး ခရီးစဉ်တစ်ကြောင်းတည်းသာ စီးနိုင်ကြောင်း လက်ထောက် မန်နေဂျာ ဦးကျော်မြင့်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...