ဧဒင်အချစ်ပုံပြင်: ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းမီးလောင်းကျွမ်းမှု ဖြစ်ပွား

Friday 15 March 2013

ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းမီးလောင်းကျွမ်းမှု ဖြစ်ပွား


Photo


၁၆.၃.၂၀၁၃ ရက် နံနက် ၂း၃၀ နာရီ ပတ်ဝန်ကျင်လောက်မှ စတင်ပြီး ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းကို မီးလောင်းမှုဖြစ်ပွားခဲ့ပြီး စာသင်ခန်း (၂)ခန်း မီးထဲကို ပါသွားပြီး မီးငြိမ်းသတ်ရန်အတွက် အခန်း (၁)ခန်း စုစုပေါင်း စာသင်ခန်း (၃)ခန်း မီးထဲကို ပါသွားပါသည်။ ယခုအချိန်သည် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကျောင်းသား/သူများ စာမေးပွဲ စစ်ဆေးနေသော အချိန်အခါလည်း ဖြစ်ပြီး ယခုဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃)ဘာသာကိုသာ စစ်ဆေးပြီးဖြစ်ပါသည်။ မီးလောင်းခဲ့ပုံကို အနီအနားမှ လူတစ်ဦးမှ “ မီးက ဘယ်လို လောင်းတယ်ဆိုတာ ဘယ်လိုမှ စဉ်စားလို့မရဘူးဗျာ။ အဲဒီ အခမ်းမှာ လူလည်း မနေဘဲ။ မီးထွန်းထားတာလည်း မရှိဘူး။ စာမေးပွဲရာသီးဆိုတော့ ကျောင်းမှာ ကြီးကြပ်ရေးဆရာတွေရယ်၊ အစောင့်ရဲ တွေပဲရှိတာပါ။ ဒါပေမယ် အဲဒီဖက် အခြမ်းက သွားလာတာနည်းတဲ့အပိုင်းပါ။ ဒါပေမယ် ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲရာသီဆိုတော့ ဘယ်လို့ဆက်လုပ်မလဲ မသိဘူး”ဟု ပြောပြသွားပါတယ်။ မီးဘယ်က စလောင်းရသည်ကို မည်သူမျှ မသိရှိဘဲဖြစ်နေရပြီး ကျောင်းကြီးကြပ်ရေးကို စုံစမ်းမေးမြန်ခဲ့သော်လည်း မည်သို့မှ မဖြေကြားခဲ့ပါ။ စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများသည် တနင်္လာနေ့တွင် ဆက်လက် စာမေးပွဲ ဖြေကြားရမည်ဖြစ်သော်လည်း ဘယ်လို စီစဉ်ပေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ။ ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းသည် ယခင်း က ယခုလိုမျိုး မီးလောင်းမှု တကြိမ်းတခါမှ မရှိခဲ့ဘဲ ကျောင်းသက် နှစ်ပေါင်း (၆၀) ကျော်အတွင်း ဆရာဝန်ပေါင်းမြောက်မြားစွာနှင့် ပညာတတ်ပေါင်းမြောက်မြားစွာ မြန်မာနိုင်ငံလူ့အရင်းအမြစ်အတွက်မွေးထုတ်ပေးနေသော ရခိုင်ပြည်သူများ အားကိုးအားထားပြုရသော ကျောင်းတော်ကြီးလည်း ဖြစ်ပါသည်။ မီးလောင်းမှုကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးလျှက်ရှိပြီး မီးလောင်းမှုဖြစ်ပွားရမှုကို မြို့သူမြို့သားများလည်း စိတ်ဝင်စားလျှက်ရှိပါသည်
  RSV

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...