ဧဒင်အချစ်ပုံပြင်: အခုနှစ်သင်္ကြန်မှာလည်း သင်ဇာဝင့်ကျော်ကပျော်သလိုနေဦးမည်

Saturday 30 March 2013

အခုနှစ်သင်္ကြန်မှာလည်း သင်ဇာဝင့်ကျော်ကပျော်သလိုနေဦးမည်


သင်္ကြန်ဖက်ရှင်အပေါ် မနှစ်ဝေဖန်မှုတွေခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်ဟာ အခုနှစ်မှာလည်း သူမအနေနဲ့ ပျော်သလိုပဲ နေထိုင်ပြီး သင်္ကြန်ကိုဖြတ်သန်းသွားမယ့် အကြောင်းဆန်းဒေးဂျာနယ်ကိုပြောပြပါတယ်... ++သင်ဇာကတော့ကိုယ်လွတ်လပ်သလို ကိုယ်နေမှာပါပဲ.. အဲဒီလိုနေထိုင်တဲ့အပေါ် အပြစ်လာပြောရင်လဲ ပြစ်တင်ရှုံ့ချပြီး မကောင်းမြင်တဲ့သူတွေကို သူတို့အားနေလို့ပြောတယ်လို့ပဲသဘောထားလိုက်ပါတယ်.. သင်ဇာကတော့ ကိုယ့်လုပ်ထုံးလုပ်နည်းအတိုင်းပဲပျော်သလိုနေမှာပါ.. ဘယ်သူပြောတာမှ ဂရုမစိုက်သလို ကိုယ့်ကို
မသိတဲ့လူတစ်ယောက်လာပြောတဲ့ စကားအပေါ်မှာလဲ စဉ်းစားတွေးတောနေမယ့်သူမ ဟုတ်ဘူးလို့ ဆန်ဒေးဂျာနယ်ရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်.. လောလောဆယ်မှာ ရဲတိုက်နဲ့ဇာတ်ကားရိုက်ကူးနေပြီး ရိုက်ကွင်းတည်ရှိရာ ပြည်သူ့ရင်ပြင်မှာသင်ဇာဝင့်ကျော်ကို မေးမြန်းဖြစ်ခဲ့တာလည်းဖြစ်ပါတယ်
( သင်ဇာဝင့်ကျော် Facebook ) မှစကားများလည်းဆက်ဖတ်ပေးပါအုံး...သင်္ကြန် သင်ဇာဘာလုပ်မှာဆိုတာသိချင်ကြသောပရိတ်သက်ကြီးရှင့် သင့်ဇာ သင်္ကြန်ရန်ကုန်မှာပဲရှိမှာပါ။ ပြီးတော့ ဒီနှစ် သင်ဇာ လုံလုံခြုံခြုံ နဲ့ ခေတ်မှီမှီလေးဝတ်မှာပါ။ သင်ဇာ အရမ်းဟော့တယ်ဆိုပေမဲ့ သင်ဇာထက်ပိုပြီး ဟော့ဟော့ရမ်းရမ်းဝတ်တဲ့သူ အများကြီးပါ သင်ဇာ့ကိုချစ်လို့ လက်မခံကြဘူးဆိုတာသိပေမဲ့ အလွန်အကျွံပြောကြတာတော့ စိတ်ထဲတကယ်မကောင်းပါဘူး ဒါကြောင့် သင်ဇာ ဒီနှစ်
ချစ်ပရိတ်သက်ကြီးအကြိုက်နေပေးပါ့မယ်။ သင်ဇာ မေမေ ကလဲမှာထားတာကြောင့်လဲပါပါတယ်။ ကဲ ချစ်ပရိတ်သက်ကြီးနဲ့ တူတူ သင်ဇာပျော်ချင်ပါတယ်။ အားလုံး နှစ်သစ်မှာ အန္တာရာယ်ကင်းစွာ ပျော်ရွှင်မှုတွေ ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

( သင်ဇာဝင့်ကျော် Facebook ) မှ
ယွန်းလင်္ကာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...