ဧဒင်အချစ်ပုံပြင်: အလုပ်မလုပ်ဘဲ အရက်သေစာသောက်စားမူးယစ်နေသောခင်ပွန်းအား စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ထင်းချောင်းဖြင့်ရိုက်၍ သေဆုံး

Sunday 3 March 2013

အလုပ်မလုပ်ဘဲ အရက်သေစာသောက်စားမူးယစ်နေသောခင်ပွန်းအား စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ထင်းချောင်းဖြင့်ရိုက်၍ သေဆုံး

Photo: အလုပ်မလုပ်ဘဲ အရက်သေစာသောက်စားမူးယစ်နေသောခင်ပွန်းအား စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ထင်းချောင်းဖြင့်ရိုက်၍ သေဆုံး
Monday, March 4, 2013

၂-၃-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နေ သိန်းလွင်ဦး(၃၆)နှစ်သည် အလုပ်မလုပ်ဘဲ အရက်သေစာ
သောက်စားမူးယစ်ပြီး နေအိမ်သို့ပြန်လာသဖြင့် ဇနီးဖြစ်သူ 
မချစ်စု(၃၇)နှစ်နှင့် စကားများခိုက်ရန်ဖြစ်ပွားစဉ် မချစ်စုမှ 
အရှည်(၂)ပေခန့်ရှိ ထင်းချောင်းဒုတ်ဖြင့်ရိုက်၍ သိန်းလွင်ဦးတွင် ၀ဲ/ယာခြေထောက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အိမ်ခန်းအတွင်း
ဝင်ရောက်လှဲနေရာမှ ၁၅၀၀ အချိန် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မချစ်စုအား သပိတ်ကျင်းရဲစခန်း(ပ)၇၈/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...