ဧဒင်အချစ်ပုံပြင်: မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် သုဇာတာ ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ခြေထောက်ကျိုး

Sunday 31 March 2013

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် သုဇာတာ ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ခြေထောက်ကျိုး

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က တွံတေးတူးမြောင်းဝ ဆူးကလပ်ကျေးရွာ အနီးတွင် ရန်ကုန်-ကျိုက်လတ် ပြေးဆွဲနေသော ကျိုက်လတ်မြို့နယ် အသင်းပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် ကျိုက်လတ်မှ ထွက်ခွာလာသော ကျော်ဇံ-ရုံးဒေါင့်-ရန်ကုန် ပြေးဆွဲသည့် သုဇာတာ လိုင်းကောင် မော်တော်တို့ တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်္ဘောတိုက်မိမှု ဖြစ်စဉ်တွင် ခရီးသည် ၁၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦးခြေထောက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထပ်မံရရှိသည့် သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
 news-eleven.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...