ဧဒင်အချစ်ပုံပြင်: မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

Monday 18 March 2013

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ်ထွန်းအောင်ကျော်(၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခုလ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေကြောင်းသိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့သွားရောက်စစ်ဆေးရာမိမိကိုယ်ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း သိရသည်။
အဆိုပါစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်သည် သေဆုံးချိန် တွင် ဇနီးသည်တစ်ဦးနှင့်

သူငယ်တန်းတက်ရောက်နေသည့် ကလေးငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာ ဘုန်းကြီးကျောင်းသို့ ယဉ်ကျေးလိမ္မာသင်တန်း သွားရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံး သူတွင် တခြားရောဂါမရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။
ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။
သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။
ဖိုးလပြည့်-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...