အိန္ဒိယနိုင်ငံ ဘောလီးဝုဒ်ရုပ်ရှင်လောကမှ
နာမည်ကြီး မင်းသားတစ်ဦးဖြစ်သည့် ဆန်ဂျေးဒတ်အား လက်နက်ခဲယမ်းများ တရားမဝင်
ပိုင်ဆိုင်ထားရှိမှုဖြင့် အိန္ဒိယတရားရုံးချုပ်က ထောင်ဒဏ် ၅ နှစ်
ချမှတ်လိုက်သည်။ ဆန်းဂျေးဒတ်အား တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုတွင် ၁၉၉၃
ခုနှစ်က မွမ်ဘိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ရပ်နှင့်
ဆက်စပ်နေကြောင်းလည်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၅၇
ဦးသေဆုံးခဲ့ရသည်။
ဆန်းဂျေးဒတ်ထံမှ အော်တိုမက်တစ် ရိုင်ဖယ်သေနတ် ၃ လက်နှင့် ပစ္စတိုတစ်လက်
တွေ့ရှိခဲ့ရပြီး အဆိုပါလက်နက်များအား ၁၉၉၃ ခုနှစ် မွမ်ဘိုင်းဗုံးပေါက်ကွဲမှု
ကျူးလွန်ခဲ့သူများက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းသား
ဆန်ဂျေးဒတ်၏အမှုကို နှစ်ပေါင်း ၁၈ နှစ်ကြာ စုံစမ်းစစ်ဆေးနေခဲ့ခြင်းလည်း
ဖြစ်သည်။ ဗုံးပေါက်ပွဲမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိကြောင်း၊
သေနတ်များမှာ ၎င်း၏ မိသားစုကို ကာကွယ်ရန် ဆောင်ထားခြင်းဖြစ်ကြောင်း
ဆန်ဂျေးဒတ်က အခိုင်အမာ ထွက်ဆိုခဲ့သည်။
အစောပိုင်းနှစ်များကတည်းက အိန္ဒိယတရားရုံးချုပ်သည် ဆန်ဂျေးဒတ်အား
ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ဆန်ဂျေးဒတ်သည်
အကျဉ်းထောင်တွင် ၁၈ လကြာ အကျဉ်းကျခံခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်၌ အာမခံဖြင့်
ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဆန်ဂျေးဒတ်အား တရားရုံးက အကြမ်းဖက်မှု၊
ပူးပေါင်းကြံစည်မှု စသည့်ပုဒ်မ အများအပြားဖြင့် စွဲချက်တင်ခဲ့သည်။
ဆန်ဂျေးဒတ်သည် ယခုပြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်များ
ချမှတ်ခ့ခဲ့ရကာ ပြဿနာများကြုံခဲ့ရသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂
ခုအတွင်း ဘောလီးဝုဒ်တွင် အလွန် အောင်မြင်ကျော်ကြားခဲ့သူဖြစ်သည်။ ၎င်း၏
မိခင်မှာ မွတ်ဆလင်မ်တစ်ဦးဖြစ်ပြီး ဖခင်မှာ ဟိန္ဒူဖြစ်ကြောင်း Sky News တွင်
ဖော်ပြသည်။
Source: SkyNews
Planet Myanmar
No comments:
Post a Comment