ဧဒင်အချစ်ပုံပြင်: သင်္ကြန်ရေထဲမှန်ကွဲစများပါ၊ ၃ဘီးလည်တဲ့ ကလေးတချို့ ဒဏ်ရာရရှိ (5 photos)

Wednesday 17 April 2013

သင်္ကြန်ရေထဲမှန်ကွဲစများပါ၊ ၃ဘီးလည်တဲ့ ကလေးတချို့ ဒဏ်ရာရရှိ (5 photos)

 Photo: သင်္ကြန်အတက်နေ့၊ ညနေပိုင်း(၅)နာရီခန့်တွင် ဟင်္သာတမြို့၊
ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ဆေးရုံဝင်ပေါက်အနီး နှင့်
ပန်းဘဲတန်းမီးသတ်ရှေ့အကြား  အုန်းလက်ထိုးရေပက်မဏ္ဍပ်တစ်ခုမှ ရေပက်ရာ
မှန်ကွဲစများပါလာသဖြင့် သုံးဘီးဆိုင်ကယ်ပေါ်လိုက်ပါလာသော ကလေးငယ် (၃)ဦး
ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

        ဒဏ်ရာရရှိသူများသည် ဟင်္သာတမြို့၊ ကင်းရပ်ကွက်၊ ဥယျာဉ်တွင်း ၌ စုပေါင်းနေထိုင်သော ချို့တဲ့နွမ်းပါးသူများဖြစ်ပြီး သုံးဘီးဆိုင်ကယ်အမှတ် ၂ ဟ/၆၈၂၈ ယာဉ်မောင်း ကိုသက်ဆွေမှ အိမ်နီးချင်း
လူကြီးနှင့် ကလေးငယ် ၁၇ ဦးခန့်အား နေထိုင်ရာ ကင်းရပ်ကွက်မှ နတ်မော်ဘုရားကြီးသို့ဘုရားဖူး ရေပက်ခံရန် ပို့ဆောင်ခဲ့ပြီးအပြန်တွင်ြ ဖစ်ပွားခဲ့ခြင်း ဖြစ်သည်။

 ဧပြီလ ၁၆ ရက်နေ့(သင်္ကြန်အတက်နေ့) ညနေ ၅ နာရီခန့်အချိန်၌ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံကြီးဘက်အခြမ်း ပန်းဘဲတန်းမီးသတ်အနီးအရောက်
အုန်းလက် ရေပက်မဏ္ဍပ်မှ ရေပက်ခဲ့ရာတွင် မှန်ကွဲစများပါဝင်ခဲ့သဖြင့် သုံးဘီးဆိုင်ကယ်ပေါ်ပါ မမြတ်မြတ်နွယ်(၄ နှစ်)မှာ ယာဘက်ဦးခေါင်းဒဏ်ရာ၊
မမိရိပ်(၈ နှစ်)မှာ ယာဘက်ခြေခုံ ဒဏ်ရာ၊ မသူဇာနွယ်(၁၆ နှစ်)မှာ ယာဘက်နားထင်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

        အဆိုပါ ဖြစ်စဉ်ကို ရဲစခန်းအား စုံစမ်းကြည့်ရာ အမှတ်(၁) စခန်းမှ ဒုရဲအုပ် ထွန်းဝင်းနိုင်နှင့် နယ်ထိန်းတပ်ဖွဲ့တို့မှ သိသိချင်း နာရီဝက်အတွင်းမှာ
အခင်းဖြစ်ရာနေရာကိုသွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဆေးစာပို့ခြင်းနှင့် အထက်ကိုတင်ပြထားခြင်းကို အချိန်မီလုပ်ဆောင်ခဲ့ကြောင်း ၊ အမှုနှင့်ပက်သက်၍
ယာဉ်ပေါ်မှာဒဏ်ရာရသူရဲ့မိဘလည်း ပါတဲ့အတွက် ကိုယ်တိုင် အမှုဖွင့်နိုင်ရန်ေ ခ်ါဆိုထားကြောင်း  ဧပြီလ ၁၇ ရက်နေ့ နေ့လည်က ဖြေကြားပါတယ်။

ဒဏ်ရာရသူ ကလေးငယ် မိသားစုများသည် နွမ်းပါးချို့တဲ့သူများဖြစ်၍ အမှုရင်ဆိုင်ရန် ဆိုက္ကားခပင် တတ်နိုင်မှု မရှိသော အခြေအနေဖြစ်ပြီး
မြို့ခံအချို့မှ အခင်းဖြစ် ချိန် ဆေးရုံကုသရာမှ စ၍ ကူညီပေးမှုများရှိရာ အမှုမှန်အတွက် ပေါ်ပေါက်စေလိုပြီး အလားတူ မြို့အကျည်းတန်စေမည့်
လုပ်ရပ်မျိုးမဖြစ်စေရန် လိုလားကာ ကာယကံရှင် မိသားစုများမှေ ငွကြေးအခက်အခဲနှင့် စားဝတ်နေရေးတို့ကြောင့် အမှန်တရားအတွက် အမှုဖွင့်ရန်
မဝံ့မရဲဖြစ်နေကြောင်း သိရပါတယ်။

သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ)
သင်္ကြန်အတက်နေ့၊ ညနေပိုင်း(၅)နာရီခန့်တွင် ဟင်္သာတမြို့၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...