ဧဒင်အချစ်ပုံပြင်: ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှုပုံစံဖြစ်ပါက ထိရောက်စွာအရေးယူမည်

Monday 29 April 2013

ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှုပုံစံဖြစ်ပါက ထိရောက်စွာအရေးယူမည်

Photo: ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ်ကာ ဆူပူအုံကြွမှုပုံစံဖြစ်ပါက ထိရောက်စွာအရေးယူမည်
Monday, April 29, 2013  

မြန်မာနိုင်ငံသဘင်ပညာရှင် များအစည်းအရုံး(ဗဟို)မှ ရိုးရာ ယဉ်ကျေးမှုဇာတ်သဘင်နှင့်သီဆို တီးမှုတ်တင်ဆက်မှုဆိုင်ရာ စည်း ကမ်းချက်များကို ဧပြီ(၂၆)ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဇာတ်သဘင်အဖွဲ့များ လိုက် နာရမည့်အချက်များမှာ ဇာတ်ပွဲ စတင်ရာတွင် ဘုရားကန်တော့ ခန်း၊ နတ်ကတော်အက၊ အပျို တော်အကစသည့်အစီအစဉ်များကို သမားစဉ်များတင်ဆက်ခဲ့သည့် အစီအစဉ်များအတိုင်း နောက် ပိုင်းဇာတ်တော်ကြီးများကို အလေး အနက်ထားတင်ဆက်ခြင်း (သို့) ဇာတ်ကောင်သဏ္ဍာန်နှင့် ဟန် အသွင်ဆောင်သော အော်ပရာ ပြဇာတ်ကြီးများ ပါဝင်ကပြနိုင်ရ မည်။ 

အငြိမ့်သဘင်အဖွဲ့များ အနေဖြင့် ခွန်းတောက်၊ မေတ္တာ ပို့နှုတ်ခွန်းဆက်စသည်တို့ဖြင့် အငြိမ့်သမားစဉ်များပါရှိရမည့် အပြင် ရှေးရိုးနှင့် ခေတ်ဆန်း မြန်မာအကများ ပါဝင်ရမည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့် ကျင်သော သရုပ်ပျက်ဝတ်စား ဆင်ယင်မှုများနှင့် ကကွက်များ ကို လုံးဝတားမြစ်ထားပြီးလူရွှင် တော်များ၏ အပြုသဘောဆောင် သော ဟာသပျက်လုံးများ ပျက် နိုင်သော်လည်း မိမိပျက်လုံးကို မိမိတာဝန်ယူရမည်။ ဘာသာရေး နှင့်ပတ်သက်သော ပျက်လုံးများ နှင့် အခြားဘာသာရေးနှင့် သက် ဆိုင်သော ပျက်လုံးများကို လုံးဝ တားမြစ်ထားသည်။

ဗလာဆိုင်းနှင့် ဧည့်ခံဆိုင်း အဖွဲ့များ လိုက်နာရမည့် အချက် များမှာ ရေခင်း၊ ဗြော၊ ယိုးဒယား၊ မြင်းတက် စသည့်အစီအစဉ်များ ကို ရှေးဆရာကြီးများ ချမှတ်ခဲ့ သော တီးလက်တီးချက်သမားစဉ် များကို အလေးအနက်ထားတီး ခတ်ရမည်။ နတ်ဆိုင်းအဖွဲ့များနှင့် နတ်ကတော်များအတွက်မှာ ရွှေ တိုက်စာရင်းဝင် နတ်ချင်းများ၊ မဟာဂီတသီချင်းကြီးများ၊ ရှေး ဆရာများနှင့် နောက်ဆရာများ ရေးသားသော အပျော်ချော့သီ ချင်းများကို နတ်လမ်းစဉ်၊ နတ် စည်းကမ်းနှင့်အညီ သီဆိုတီးမှုတ် ကပြခြင်းကို သမားစဉ်မပျက် ဆောင်ရွက်ရမည်။ နတ်လမ်းစဉ် နှင့် မသက်ဆိုင်သော ခေတ်ပေါ် သီချင်းများ၊ ခေတ်ပေါ်တူရိယာ များအသုံးပြုသီဆိုခြင်း၊ ကပြခြင်း၊ ရိုးရာနတ်ပညာရပ်များကို ထိခိုက် ညှိုးနွမ်းစေသော အပြုအမူ အဟောအပြောများကို လုံးဝ တားမြစ်သည်။

ထို့အပြင် ဇာတ်သဘင်နှင့် အငြိမ့်သဘင်များ ခေတ်အကြိုက် တေးများ ဖျော်ဖြေရာတွင် မြန်မာ သံအပါအ၀င် မိနစ်(၉၀)ထက် မပိုစေရဘဲ ဆိုင်းအဖွဲ့များ ခေတ် အကြိုက်တေးသီချင်းဖျော်ဖြေရာ တွင် မိနစ်(၆၀)ထက်မပိုရပေ။ ယင်းဖျော်ဖြေသီဆိုမှု၊ ကပြတင် ဆက်မှုများတွင် တေးသံရှင် အမျိုး  သမီးများအနေဖြင့် လုံခြုံစွာ ၀တ် စားဆင်ယင်၍ သရုပ်ပျက်စွာ လှုပ် ရှားကပြသီဆိုမှုမပြုရပေ။

ဇာတ်သဘင်ပွဲသိမ်းချိန်ကို နံနက် (၆)နာရီ အငြိမ်သဘင်ပွဲ သိမ်းချိန်ကို ည(၂)နာရီ၊ ဆိုင်း အဖွဲ့သိမ်းချိန်ကို ည (၁)နာရီသတ် မှတ်ထားပြီး ယင်းအချိန်ထက်ပိုမို တင်ဆက်ရပါက အနုပညာကြေး ကို တစ်ညကြေးထက် (၅၀)ရာခိုင် နှုန်းကို ပွဲငှားသူ၊ ပွဲရှင်၊ ကန်ထရိုက် (သို့)တည်ထောင်သူမှ ထပ်ဆောင်း ပေးရမည်ဟုလည်း ပါရှိသည်။

မိမိတို့၏ တင်ဆက်ကပြမှု ကြောင့် ဆက်ဆံရေးမချေမငံဖြစ် ပြီး ပရိတ်သတ်နှင့် ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူပူအုံကြွမှု ဖြစ်ပွားခြင်းတို့မဖြစ်စေရန် အထူး သတိပြုရမည်ဖြစ်ပြီး မိမိတစ်ဦး တည်းကြောင့်ဖြစ်စေ၊ မိမိအဖွဲ့ ကြောင့်ဖြစ်စေ ပြဿနာကြီးငယ် ဖြစ်ပွားခဲ့ပါက သဘင်လောက တစ်ရပ်လုံး သဘင်ပညာရှင်အား လုံးနှင့်တကွ မှီခိုသူများ၏ စားဝတ် နေရေးနှင့် အကျိုးစီးပွားများ ထိ ခိုက်နစ်နာဆုံးရှုံးမှုများဖြစ်လာနိုင် သဖြင့် ပြဿနာကျူးလွန်သူကို အစည်းအရုံးအဆင့်ဆင့်မှ ခေါ်ယူ ဆွေးနွေးခြင်း၊ ဒဏ်ငွေတပ်ရိုက် ခြင်း၊ ပွဲကပြမှုပိတ်သိမ်းခြင်း၊ အစည်းအရုံးဝင်အဖြစ်မှ ထုတ်ပယ် ခြင်းတို့အထိ အပြစ်ဒဏ်ပေး၍ ထိ ရောက်ပြင်းထန်စွာ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
 
မိုးမြင့်ဆွေ
HotNews Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...